အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

Kaowao
ဇွန် ၅၊ ၂၀၀၉။

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်အလုပ်လုပ်နေသော တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ်နှင့် ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးရန်ထိုင်းအစိုးရမှ စီစဉ်ကြိုးပမ်းနေကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီး ပိုင်ထုန်ကယောက်တွန်က ဇွန်လ(၂) ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိသော်လည်း တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံခြားသား အလုပ်သမားအရေအတွက်မှာ ၅ သိန်းခန့်ရှိမည်ဟု အလုပ်သမားဝန်ကြီးမှ တရားဝင်ပြောကြားခဲ့ပါသည်။

အလုပ်ရှင်များအနေနှင့် မှတ်ပုံတင်လုပ်မည့်အလုပ်သမားများကို ဦးစွာ အလုပ်သမားရေးဝန်ကြီးဌာနတွင် စာရင်း ပေးသွင်းရပြီး (၂) နှစ်သက်တမ်းရှိအလုပ်လုပ်ခွင့် လက်မှတ်နှင့် ယာယီနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခွင့်ရမည် ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားခဲ့သည်။ အလုပ်လုပ်ခွင့်လက်မှတ်ကို ၂ ကြိမ်သက်တမ်းတိုးရပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် မှတ်ပုံတင်ရက်ကုန်ဆုံးမည် ဖြစ်သည်။

၎င်းမှတ်ပုံဝင်ရေးလုပ်ငန်းပြီးစီးပါက နိုင်ငံခြားအလုပ်သမားများအနေနှင့် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရမည်အပြင် လိုအပ်သော လူမှုဖူလုံရေးနှင့် လူနေမှုစားရိတ်များကို ခံစားခွင့် ရရှိမည်ဟု ထိုင်း အလုပ်သမားရေးဝန်ကြီးမှ ပြောသည်။

ဤအစီအစဉ်ကို ထိုင်းကက်ဘိနက်မှ အတည်ပြုပြီး ပြည်တဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပါက (၁) အတွင်း မှတ်ပုံတင်ပြုလုပ်နိုင်မည် ဖြစ်သည်။


 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views