အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှု စစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

Kaowao
ဇွန် ၄၊ ၂၀၀၉။

ရန်ကုန်(ဇွန်-၄)။      ။စစ်အစိုးရထုတ် ယနေ့မြန်မာ့အလင်းသတင်းစာတွင် လွန်ခဲ့သည့်မေလ (၃၀) ရက်နေ့က ပြိုကျပျက်စီးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီတော်အကြောင်း ဖော်ပြပါရှိခဲ့၏။

သတင်းစာပါဖော်ပြချက်တွင် စစ်ဆေးရေးအဖွဲ့၏ ပဏာမတွေ့ရှိချက်အရ စေတီတော်အား မူလပုံသဏ္ဍာန်အတိုင်း ဖြစ်စေလိုသည့်အတွက် ပြုပြင်သူများ၏ ကြိုးစားမွမ်းမံမှုများကြောင့် မူလကမျှော်လင့်မထားသည့် ဝန်ပိုများပြားလာ ခဲ့ပြီး စေတီတော်၏ ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ကာ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင်အလှူရှင်၊ စေတနာရှင်များ၏ ဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင်ပြီးစီးနိုင်ရန် ကြိုးစားပြီး အမြန်မွမ်းမံတည်ဆောက်မှု ပြုလုပ် ခဲ့သည့်အတွက် အချို့နေရာများတွင် အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ပြီး ပြိုကျခဲ့ရကြောင်း ပါရှိပါသည်။

ထို့အပြင် စေတီတော်ပြိုကျံမှုကြောင့် ရပ်သား ၂ ဦး သေဆုံးခဲ့ပြီး တပ်မတော်သား ၂၆ ဦး၊ အရပ်သားရှစ်ဦးတို့ မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့ရာ သက်ဆိုင်ရာဆေးရုံးများတွင် စောင့်ရှောက် ကုသပေးလျှက်ရှိသည်ဟု ဖေါ်ပြ ထားပြန်သည်။

မဇ္ဇျိမသတင်းမှ ဇွန်လ ၁ ရက်နေ့သတင်း ဖေါ်ပြချက်တွင်လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြုံရေးကိုအဓိကလုပ်ခဲ့သဖြင့် သေဆုံးသူ ဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု ပါရှိသည်။

ယခင်အခါပြိုကျခဲ့သည်မှာ ၂ဝဝ၆ ခုနှစ် ဇွန်လ ၇ ရက်၊ မနက် ဝ၃း၁၅ နာရီခန့်၌ မိုးသည်းထန်စွာ ရွာသွန်းသည့် သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စ၍ စေတီတော်ကြီး ထက်ခြမ်းကွဲပြီး ပြိုကျမြေခခဲ့ပြီး လွန်ခဲ့ သည့် သီတင်းကျွတ် လပြည့်နေ့ ၁၄၊၁ဝ၊၂ဝဝ၈ ရက်တွင် မူလစေတီ ဘုရားကိုငုံကာ ၉လနှင့် အပြီးတည်ဆောင်ရန် ကြိုးစားခဲ့သည်။

၈ လခန့်အကြာ စေတီထက်ခြမ်းသာ တည်ဆောက်မှု ပြီးစီးခဲ့သော်လည်း မေလ ၇ ရက်၌ ဗိုလ်ချုပ်သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ထီးတော်တင်ခဲ့စဉ် ပြီးစီးသည့် အပိုင်းကိုသာ ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ခဲ့ရသည်ဟု ပြည်ပ သတင်းဌာနအချို့တွင် ဖေါ်ပြကြ၏။

စေတီတော်ကြီး မူလဒီဇိုင်းမှာ ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဖြစ်ကာ၊ အလှူငွေ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် ( သိန်း၁၃၀၀၀ ) ဖြင့် တည်ဆောက်ခဲ့ရာ ရွှေသံလွင် ကုမ္မဏီက တည်ဆောက်ခဲ့သည်။
 
ဓနုတ် စေတီတော်မြတ်ကြီးသည် ဥာဏ်တော် ၁၈၉ ပေ ၉လက်မ၊ ထီးတော်အမြင့် ၃၂ ပေ၊ လုံးပတ်တော် ၂၄၄ ပေ ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားပါသည်။

ဓနုတ် စေတီတော်သမိုင်းစာအုပ်ဖေါ်ပြချက်တစ်ခုတွင်ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ် တွင် ဂေါတမ မြတ်စွာဘုရား၏ ဆံတော် (၂) ဆူ ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောကအမှူးပြု၍ ဒုနဂ္ဂဟစေတီ ခေါ် ဓနုတ်စေတီ စတင်တည်ထားခဲ့သည်။

ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်တွင် မွန်ဘုရင် ဟံသာဝတီပြည့်ရှင် ဗညားဦး နှင့် မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော်တင်လှူခဲ့ပါသည်။

“ဓနုတ်” ဝေါဟာရကို မွန်အသံထွက်လျှင် ရှေးအခေါ်အဝေါ်အရ လေးမြှားဟု အဓိပ္ပါယ်ထွက်ရှိသည်။ ထိုစဉ်က မွန်တို့၏ သုဝဏ္ဏဘုမ္မိပြည် အထိမ်းအမှတ်တံဆိပ်မှာ လေးမြှားပုံသဏ္ဍာန် ရှိသည်ဟု မွန်သမိုင်းသုတေသီတစ်ဦးက ဆိုသည်။

ဓနုတ်ရွာသည် ရှေးမွန်ရွာတစ်ရွာဖြစ်ခဲ့ပြီး မွန်မင်းအဆက်ဆက်တို့ အောင်ပွဲခံရန် အဓိဌာန်ပြုသည့် စေတီတစ်ဆူ ဖြစ်၍ နောင်တွင် ဤဒေသကို ပိုင်စိုးလာသည့် ဗမာမင်းအဆက်က်တို့ကလည်း ယခင်မွန်ဘုရင်များအတိုင်း စေတီတော်အားပြန်လည် ပြုပြင်ခဲ့ကြသည်ဟု မွန်သမိုင်းလေ့လာသူများက ထောက်ပြပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည်လည်း သမိုင်းအဆက်ဆက်တွင် အမည်နာမ ပါရှိရလေအောင် ထီးတော်ကို သူမဦးဆောင်ပြီး တင်ခဲ့ဟန်ပေါ်သည်ဟု သမိုင်းလေ့လာသူများ သုံးသပ်ကြသည်။


 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views