အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

Kaowao
ဇွန် ၅၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၅)။    ။ ယမန်နေ့ သတင်းတွင်ဖေါ်ပြခဲ့သော ရွာဥက္ကဌဟောင်းအပါအဝင် ရွာသားနှစ်ဦး အဖမ်းခံခဲ့ ကြရာ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်၍ သက်ဆိုင်ရာ ၄င်းတို့နေအိမ်အသီးသီးကို ပြန်လည် ရောက်ရှိနေကြောင်း၊ စိတ်ပိုင်းအရ ခံစားနေကြရပြီး ရုပ်ပိုင်းကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဘုရားသုံးဆူ အုပ်ချုပ်ရေးဒေသ (မွန်ပြည်သစ်ပါတီ) မှ တာဝန်ခံတစ်ဦးက ယနေ့နံနက်တွင် အတည်ပြုပြောကြား ခဲ့သည်။

အဖမ်းခံခဲ့ရသည့် ရွာဥက္ကဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်းတို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲခြင်းဖြစ်ပြီး ကာယကံရှင်များက ထိုင်းဘတ်ငွေ ငါးသောင်းတိတိဖြင့် ရွေးခဲ့ရကြောင်း သိရသည်။

သို့သော် ဤအချက်ကို ကာယကံရှင်များ ငြင်းပယ်လျှက်ရှိသည်။ “ရွာအတွက်ဆက်ကြေးတောင်းတယ်လို့ အဲဒီ အဖွဲ့ကပြောတယ်၊ သူတို့ အဆင်ပြေတဲ့တစ်နေ့ ပြန်ဆပ်မယ်လို့လည်းပြောတာပါပဲ” ကာယကံရှင်များက ယင်းကဲ့သို့ ထွက်ဆိုကြောင်း မြို့နယ်ကော်မတီဝင်(မွန်ပြည်သစ်ပါတီ) နိုင်ဘတင်က ပြောပြပါသည်။

အဆိုပါလက်နက်ကိုင်တပ်ဖွဲ့အမည်မှာ “ရာမညတပ်” ဟုအမည်ခေါ်ဆိုပြီး မွန်ပြည်သစ်မှ ရဲဘော်ဟောင်း နိုင်ခင်မောင် ဦးစီးကာ မွန် ၅ ဦး၊ ကရင် ၅ ဦး၊ ထားဝယ်အမျိုးသား ၁ ဦးပါဝင်ပြီး စုစုပေါင်း AK-47 သေနတ် ၆ လက်နှင့် ပစ္စတို တစ်လက်ရှိသည်ဟု သိရသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့နှင့် နီးကပ်လျှက်ရှိသည့် တပ်ရင်း-၃ ကျေးရွာ၌ လွန်ခဲ့သည့် ဇွန်လ ၃ ရက်နေ့ ညပိုင်း ၇ နာရီ ၅၅ မိနစ်ခန့်တွင် ကျေးရွာ ဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ကို မွန်ပြည်သစ်တပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ထိုင်းစစ်တပ်တို့ ကလည်း ထိုင်းနယ်မြေထဲ မလာရောက်နိုင်ရန် အဆိုပါနယ်စပ်တစ်လျှောက်တွင် အထူးဂရုစိုက်နေကြ၏။ အခြား နယ်မြေတစ်နေရာသို့ ယင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ ပြောင်းရွေ့ရန် တာစူနေကြောင်း မွန်ပြည်သစ်ပါတီမှ ယူဆနေသည်။


 



Untitled Document



သတင်း ဇွန် ၂၀၀၉

အိုဝ်းလူငယ်အစည်းအရုံး PYO ချင်းမိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီအပစ်အခတ် ရပ်စဲမှုအထိမ်းအမှတ်အခမ်းအနား

ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

ပအိုဝ်းလူငယ်အစည်းအရုံးမှ ရှင်းလင်းပွဲတရပ်ကျင်းပမည်


မွန်ပြည်သစ်ပါတီအားအပစ်ရပ်မိုင်းလားအဖွဲ့ကဖိတ်ကြား


ပြည်တွင်း
ဗီဒီယိုလုပ်ငန်းများပိုမိုတင်းကြပ်လာတော့မည်


တုတ်ကွေးရောဂါတစ်မျိုးဘုရားသုံးဆူဒေသ၌ဆက်လက်ဖြစ်ပေါ်နေဆဲ


ဘုရားသုံးဆူမြို့နယ်စပ်တွင်တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ


တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်


အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ


မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ

နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း

နရသီဝပ်ဒေသပလီဝတ်ကျောင်းအတွင်းအကြမ်းဖက်တိုက်ခိုက်ခံရ

မြန်မာအလုပ်သမားနိုင်ငံကူးလက်မှတ်ကိစ္စစစ်အစိုးရဖက်က ပြင်ဆင်မှုမရှိသေး

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလိုင်းလှေများစတင်ပြေးဆွဲ

မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ

တိန်အန်မင်နှစ်(၂၀)ပြည့်နှင့် တရုတ်သတင်းမီဒီယာအမှောင်ကျမှု


ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှုစစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ

သေနတ်သမားတစ်စုကရွာဥက္ကဌဟောင်းကိုဖမ်းဆီးခေါ်ဆောင်

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့်

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views