အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား

Kaowao
ဇွန် ၂၊ ၂၀၀၉။

သံဖြူဇရပ်(ဇွန်-၂)။   ။ မွန်ပြည်နယ်၊ သံဖြဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာအနီးရှိ အစိုးရရာဘာခြံတစ်ခု၌ လွန်ခဲ့သော စနေနေ့(မေ- ၃၀) ရက်နေ့တွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသော လူသေအလောင်း နှစ်လောင်း တွေ့ရှိခဲ့သူ လူငယ်နှစ်ဦးအား သံဖြူဇရပ်မြို့ရဲစခန်းမှ ဖမ်းဆီးခဲ့ရာ မည်သည့်နေရာတွင် ချုပ်နှောင်ထား သည်ကို ယနေ့အထိ မသိရှိရသေးကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများက ပြောဆိုသည်။

ဝယ်သွန်ချောင်ကျေးရွာသား အသက် ၂၅ နှစ်ကျော်ခန့်ရှိ မင်းအထက်နှင့် မင်းအညို လူငယ်နှစ်ဦးမှာ ထိုနေ့ စော စောပိုင်းတွင် တောပုန်းသေနတ်များဖြင့် အဆိုပါအစိုးရရာဘာခြံ(ဗိုလ်ခြံ)အနီးရှိ မိန်ဘလိုင်တောင်ကြောတစ် လျှောက် တောလိုက်ထွက်ကြခဲ့ရာမှ သေနတ်ဒဏ်ရာဖြင့်  လူသေအလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရာ ကျေးရွာ ရယကထံသို့ ချက်ခြင်းသွားရောက် အကြောင်းကြားခဲ့ကြသည်။

သေဆုံးနေသူများမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်သားများဖြစ်ကြပြီး ရာဘာခြံလုပ်သားများ ဖြစ်ကြသည်ဟု ပြောဆိုနေကြသည်။ ထိခိုက်ခံရသည့် သေနတ်ကျည်ဆံ ဒဏ်ရာမှာ တောပုန်းသေနတ်ကျည် မဟုတ်ကြောင်းကို သံဖြူဇရပ်မြို့ ရဲစခန်းကပြောကြားကြောင်း ကာယကံရှင်နှင့် ဆွေမျိုးတော်စပ်သူ နိုင်တောကပြောပြခဲ့၏။

“တောပုန်းသေနတ်ဒဏ်ရာနဲ့ မဟုတ်ဘူးလို့လဲ ပြောတယ်၊ သေနေတာမြင်တွေ့လို့ စေတနာနဲ့ သတင်းပေးတဲ့သူကို လည်း ဖမ်းတယ်ဆိုတော့ တရားနည်းလမ်း မကျပါဘူး” ဟု နိုင်တောက မှတ်ချက်ချ ပြောဆိုသည်။

သံဖြူဇရပ် ရဲစခန်းအပေါ်ထပ်ရှိ အနီရောင် စစ်ကြောရေးအခန်းတွင် ရဲများစစ်ကြောရေးလုပ်ကြရာ၌ တရားခံအမှန် မဟုတ်သည်ကို သိသော်လည်း အမျိုးမျိုးနှိပ်စက်၍ တရားခံအဖြစ် အတင်းဝန်ခံ ထွက်ဆိုခိုင်းသည့် ပြစ်မှုများ အများအပြားရှိခဲ့ကြောင်း ချဲမှုဖြင့် အကွက်ဆင်ဖမ်းဆီးခံခဲ့ဘူးသူ သံဖြူဇရပ်မြို့သား ကိုအောင်ဆန်ထွေးက ပြော ပြပါသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း လူသတ်မှု၊ ဆိုင်ကယ်လုယက်မှု၊ ခိုးမှုများ ယခင်ကထက် ပိုမို ဖြစ်ပေါ်ခဲ့ရာ မိန်းမများပင် မယ်သီလယောင်ဆောင်ပြီး ဆိုင်ကယ်တက္ကစီမောင်း ယောက်ျားတို့၏ ဆိုင်ကယ်ကို ဒါးမြောင်ထောက်၍ လုယက်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။

မုဒုံ၊ သံဖြူဇရပ်၊ ရေးမြိုနယ်ရှိ ရာဘာခြံများတွင် ဒေသခံမွန်အလုပ်သမား အများအပြား ထိုင်းနိုင်ငံသို့ ဝင်ရောက် ပြောင်းရွေ့ အလုပ်လုပ်ကိုင်လျှက်ရှိရာ ဒေသတွင်း အလုပ်သမား ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေကြရပြီး အခြား နေရပ် အမည်မသိရသည့်ဒေသမှ လူစိမ်းများ ဝင်ရောက် အလုပ်လုပ်ကိုင်လာကြသည်ကို တွေ့ရှိနေရသည်။

 



Untitled Document



သတင်း မေ ၂၀၀၉

မိသားစုများထောင်ဝင်စာမတွေ့နိုင်သည့် လွိုင်ကော်နိုင်ငံအကျဉ်းသားဘဝ

ရေမြောင်းဖေါက် ရွာတံတားများမဖြစ်မနေတည်ဆောက်ခိုင်း


ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်မော်လမြိုင်ရောက်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

နယ်ခြားစောင့်တပ်ရင်းဖွဲ့စည်းပုံ

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှဆားများရောင်းချမှုပိုများပြား

အုတ်ဈေးများမြင့်လာသော်လည်း အုတ်ဖုတ်လုပ်ငန်းရှင်များတွက်ခြေမကိုက်

ဦးမြတ်လှအား အန်အယ်ဒီမှအနားပေး

ဘုရားသုံးဆူနယ်စပ် သစ်နှင့်လုပ်ငန်းများအခက်ကြုံနိုင်

မြန်မာသစ်များထိုင်းသစ်တောကဖမ်းဆီး

မြန်မာပြည်တွင် ရေဖြင့်မော်တော်ယာဉ်မောင်းတော့မည်

မွန်ညီအစ်ကိုများသို့ ပန်ကြားချက်

နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်းမကျေလည်သေး


ရမည်းသင်းရွှေဆိုင်ဓါးပြ ရေစကြိုစစ်လက်နက်


အန်အယ်ဒီ အထူးအစည်းအဝေး


ကတ္တရာလမ်းခင်းရန် လုပ်ငန်းရှင်များကိုအတင်းညွှန်ကြား


အနန္တဂိုဏ်းမဝင် ဆရာ၊ ဆရာမများ


ဘုန်းတော်ကြီးများ ကျောင်းမှနှင်ထုတ်ခံ

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲ

နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မွန်လူငယ် မိတ်ဆုံစားပွဲ(ရန်ကုန်)

ကရင်ပြည်နယ်တွင် ကလေးရောင်းဝယ်မှု ဖြစ်ပွားလာ

ရော်ကြေးအပြည့် မရသည့် အလုပ်ဖြုတ်ခံရမှု

မွန်ဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြုလုပ်

လယ်တဲပြင်ခ အတင်းကောက်ခံ

မြန်မာအာဏါပိုင်များ ထိုင်းနိုင်ငံမှသွင်းလာသော ဝက်သားများကိုဖမ်းဆီး

တစ်နှစ်ပြည့်မုန်တိုင်းသင့်ဒေသများ၌ ကျွဲနွား သုံးရာခိုင်နှုန်းလောက်သာ ဖြည့်ဆည်းနိုင်ခဲ့
Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views