အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့်အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စအကြံဥာဏ်များတောင်းဆို

Kaowao
ဇူလိုင် ၂၀၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၂၀)။    ။ ယနေ့တွင် ကျရောက်သော မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားတစ်ရပ်
ကို ထိုင်းနိုင်ငံစံခလပူရီမြို့ရှိ မွန်ပြည်သစ်ပါတီ ပြည်ပဆက်ဆံရေးရုံးတွင် အကျဉ်းချုံး၍ ယနေ့နနက် ၉ နာရီ၌ ကျင်းပခဲ့ရာ ပညာရှင်အချို့၊ မွန်ပြည်သစ်အဖွဲ့ဝင်အချို့၊ မွန် NGO အဖွဲ့အစည်းများ၊ မွန်သတင်းဌာနများ၊ စစ်မှုထမ်းဟောင်းများနှင့် မွန်အရေးစိတ်ပါဝင်စားသူ တစ်ရာခန့်တက်ရောက်နေသည်ကို တွေ့ရှိရသည်။


ပြည်ပနိုင်ငံဆက်ဆံရေးတာဝန်ခံနိုင်အောင်မင်း ရှင်းလင်းပြောကြားနေစဉ်

အခန်းအနားသဘာပတိအဖြစ် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ အဖွဲ့ဝင်များအဖြစ် ပြည်ပရုံးများတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်နိုင်အောင်မင်း၊ မွန်ပြည်သူ့တပ်ဦး တပ်ဖွဲ့ဝင်ဟောင်း နိုင်မြတီ၊ အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွတ်တို့ပါဝင်ပြီး ဗဟိုကော်မတီဝင် နိုင်အောင်မငေး
က အခန်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အခန်းအနားတွင် နိုင်ဟံသာကမွန်ပြည်သစ်ပါတီစတင်ဖြစ်ပေါ်
လာရခြင်းအကြောင်းရင်းကို ရှင်းပြခဲ့ပြီး ယနေ့အခန်းအနား
ကျင်းပရခြင်း အဓိကအကြောင်းရင်းမှာ မွန်ပြည်သစ်ပါတီ
အပေါ် စစ်အစိုးရတောင်းဆိုနေသော နယ်ခြားစောင့် တပ်ပြောင်းလဲရေးကိစ္စရပ်ကို တက်ရောက်လာသူ များထံမှအကြံပြုချက်များကို ရယူလိုရန်ဖြစ်ကြောင်း
ပြောဆိုခဲ့ပါသည်။

ဆက်လက်ပြီး နိုင်အောင်မငေးက ကွယ်လွန်သူဥက္ကဌကြီးများ မွန်ပြည်သစ်ပါတီဖခင်ကြီးနိုင်ရွှေကျင်၊ နိုင်နွန်လာ၊ နိုင်ထင်တို့၏ အထုပ္ပတ္တိအကြောင်းအရာများကို အကျဉ်းချုံး၍ ပြောကြားခဲ့ပါသည်။

မွန်ပြည်သူ့တပ်ဦးဝင်ဟောင်း နိုင်မြတီကလည်း သူရင်ဆိုင်ဖြတ်သန်းလာခဲ့ရသည့် မွန်ပြည်သူ့တပ်ဦး နောက်ဆုံးလက်နက်ချလိုက်ရသည့်အထိ ဖြစ်ပေါ်ရင်ဆိုင်လာခဲ့ရသော သူ၏နိုင်ငံရေးအတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့သည်။

ဆက်လက်ပြီး ပြည်ပနိုင်ငံဆက်ဆံရေးတာဝန်ခံ နိုင်အောင်မင်းက လွန်ခဲ့သောဇွန်လ ၇ ရက်နေ့၌ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း ဦးဆောင်သော ၇ ဦးပါရတခအဖွဲ့နှင့် ဥက္ကဌနိုင်ထောမွန် ခေါင်းဆောင်သော ၉ ဦး ပါမွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်တို့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြစဉ် နေပြည်တော်ကိုယ်စား တိုင်းမှူး၏တင်ပြချက်များကို အသေးစိတ်ရှင်းပြခဲ့သည်။


တက်ရောက်လာလေ့လာနေကြသော ပြည်ပရောက်မွန်လူငယ်အချို့

စစ်အစိုးရ၏တင်ပြချက်များမှာ ယခင်သတင်းများတွင် ဖေါ်ပြပါရှိခဲ့သည့်အတိုင်း (၁) မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကို နယ်ခြားစောင့်တပ်အဖြင့် ပြောင်းလဲဖွဲ့စည်းပေးရန်၊(၂) မပြောင်းလဲနိုင်ပါက ဌာနေပြည်သူ့စစ်တပ်ဖွဲ့အဖြစ်ခံယူရန် (၃) သို့မဟုတ်ပါက မွန်ပြည်သစ်ပါတီ၏ အမြင်သဘောထားများကို (စစ်အစိုးရအား)တင်ပြပေးရန် စသည့်အချက် ၃ ချက်ပါဝင်
သည်ဟု ဆိုပါသည်။

ထိုစဉ်က ဇွန်လကုန်ပိုင်းတွင် စစ်အစိုးရအား မွန်ပြည်သစ်ပါတီမှ အကြောင်းပြန်ကြားရမည်ဆိုခဲ့သော်လည်း အခြေအနေအရပ်ကြောင့် ဇူလိုင်လနောက်ဆုံးအပတ်မှသာ ဗဟိုကော်မတီအစည်းကို ကျင်းပနိုင်မည် ဖြစ်သောကြောင့် သြဂုတ်လမှသာ ပြန်ကြားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာသူများ၊ သတင်းထောက်များ၏ မေးမြန်းချက်ကို နိုင်အောင်မင်းမှ အကျယ်တဝင့်ရှင်းပြပေးခဲ့သည်။ တက်ရောက်လာသူ ပညာရှင်များ၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များ၊ သတင်းဌာနများ၏ အကြံပြုချက်များကို အသေးစိတ်မှတ်သားကာ ဗဟိုကော်မတီအဝေးတွင်
တင်ပြဆွေးနွေးသွားမည်ဟု ပြန်လည်ပြောပြခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီကို စာဖြင့်အကြံပေးလိုပါလျှင် လာမည့်ဗဟိုကော်မတီ အစည်းအဝေးအမီ စာရေးသားပေးပို့နိုင်ကြောင်း တောင်းဆိုခဲ့ပါသည်။

အလားတူ မွန်ပြည်သစ်ပါတီ ခရိုင်၊ တပ်ရင်းများအသီးသီးသို့၎င်း၊ သက်ဆိုင်ရာဒေသရှိ မွန်ရဟန်း
သံဃာတော်များ၊ မွန်မျိုးချစ်ပုဂ္ဂုလ်များ၊ မွန်အဖွဲ့အစည်းအသီးသီးထံသို့လည်း ပါတီဗဟိုအလုပ်အမှူဆောင်များ ယခုကာလတွင် အလားတူသွားရောက်ရှင်းပြလျှက်ရှိပြီး အကြံပြုချက်များကို တောင်းဆိုနေကြောင်းလည်း နိုင်အောင်မင်းက ရှင်းပြခဲ့သည်။

မွန်ပြည်သစ်ပါတီ၏လက်ရှိရပ်တည်ချက်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အများတောင်းဆို နေသည့်အတိုင်း ပြည်လည်ပြင်ဆင်ခြင်း မပြုလျှင် ၂၀၁၀ ရွေးကောက်ပွဲကိုလည်းမဝင်၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကိုလည်း မည်သည့်လက်အောက်တွင်မှမထားရှိ၊ လက်ရှိအနေအထားအတိုင်း တပ်ဖွဲ့ကိုထားရှိသွားမည်ဟု သိရသည်။ အများလက်ခံသည့် သုံးပွင့်ဆိုင်တွေ့ဆုံအဖြေရှာခြင်းဖြင့်သာ လက်ရှိ
မြန်မာ့နိုင်ငံရေး ကိစ္စအဝဝကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်လျှက်ရှိသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views