အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင်အခက်ကြုံနေ

Kaowao
ဇူလိုင် ၆၊၂၀၀၉။

လပွတ္တာ-ဇူလိုင်(၆)။    ။ မုန်တိုင်းသင့်ဒေသတွင်းရှိ ဆားလုပ်ငန်းရှင်များကိုနိုင်ငံတော်မှ ပြန်လည်ထူထောင်ရေး အနေဖြင့် တဧကလျှင်ငွေသုံးသိန်းနှုန်းဖြင့် မတည်ထုတ်ချေးခဲ့ရာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဆားကွင်းများပျက်စီး၍ ထုတ်လုပ်မှု ၄ ပုံ ၁ ပုံသာ ရရှိကြောင်းသိရပါသည်။

ငွေချေးယူထားသောလုပ်ငန်းရှင်များသည် မတ်လတွင် အတိုးနှုန်းတကြိမ်သွင်းရန်နှင့် သြဂုတ်လတွင် အရင်း ထက်ဝက်နှင့် အတိုးနှုန်းတကြိမ်ထပ်မံသွင်းရန် သတ်မှတ်ခဲ့သော်လည်း ယ္ခုသြဂုတ်လရောက်လာတော့မည်ဖြစ်ရာ အတိုးရောအရင်းပါ ပေးသွင်းနိုင်မည်မဟုတ်သောကြောင့် အခက်ကြုံနေရကြပါသည်။

လပွတ္တာမြို့ဆားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမောင်ဖြူ၏အဆိုအရ - ဆားကွင်းပျက်စီးမှုများပြားသောကြောင့် ဆားအထွက်နှုန်း အလွန်အမင်းနည်းပါးခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များက ၄င်းကိုဆင့်ခေါ်ကာ ဆားထုတ်ချေး
ငွေကို အပြည့်ပြန်သွင်းပေးရန် ဖိအားပေးလာကြောင်း၊ အကယ်၍မပေးသွင်းနိုင်ပါက အရေးယူမည်ဖြစ်ကြောင်း သတိပေးခြိမ်းခြောက်လာသည်ဟုဆိုသည်။

ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ဆားလုပ်ငန်းရှင်တစ်ဦးကမူ- “စားစရာမရှိပေမဲ့ ပေးစရာရှိတော့ပေါင်နှံပြီး ဆပ်ရတော့ မှာဘဲ။ ဆားအားလုံးပျက်စီးသွားပေမဲ့ သူတို့က ဒါကိုမသိဘူး။ ပေးစရာရှိယင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာကြံပေးလို့ ပြောဆိုထားတော့ နောက်ဆုံးရှာကြံပြီး ပေးရတော့မှာပေါ့။ ကျွန်တော်တို့တော့ အတိုးနဲ့ ပိနေတော့ နလံထူဘို့ မလွယ်တော့ဘူးထင်တယ်” ဟုပြောဆိုခဲ့ပါသည်။

တချို့ဆားကွက်အနည်းငယ်မှာ နေရာကွက်၍မိုးလွတ်ခဲ့သဖြင်  ချေးငွေကိုပြန်ပေးဆပ်နိုင်စွမ်းရှိကြမည် ဆိုသော်လည်း  အများစုမှာ မပေးဆပ်နိုင်သဖြင့် ဆားကြမ်းဝယ်သူ၊ ဆားချောဝယ်သူ ကုန်သည်များထံတွင် အတိုးနှုန်းမြင့်မားစွာဖြင့် ငွေချေးယူ၍ ပေးဆပ်နေရကြောင်းသိရပါသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views