အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  မွန်ပြည်သစ်ပါတီမှအောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထား
အကြံပြုချက်များရယူနေ

Kaowao
ဇူလိုင် ၁၆၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၆)။    ။ ယခုရက်ပိုင်းများတွင် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ပေါလစ်ဗျူရိုများ အောက်ခြေရှိ သက်ဆိုင်ရာခရိုင်၊ တပ်ရင်းတပ်ဖွဲ့များသို့ သွားရောက်ကာ လက်ရှိပကတိဖြစ်ပေါ်လျှက်ရှိသော နိုင်ငံရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီး နယ်ခြားတပ်ဖွဲ့ကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရ၏ ကမ်းလှမ်းချက်များအပေါ် မည်ကဲ့သို့တုန့်ပြန်သင့်သည်ကို အောက်ခြေအဆင့် ပါတီဝင်ရဲဘော်များ၏ အမြင်များကိုရယူနေကြောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် တစ်ဦးကအတည်ပြုပြောကြားခဲ့ပါသည်။


နိုင်ဟံသာအား ဂျပန်နိုင်ငံရောက်မွန်မိသားစုဝင်အချို့ဂါရဝပြုနေပုံ
[Photo-Kaowao (Japan)]

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရဿသည် မော်လမြိုင်ခရိုင်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပြည်ပရုံးများ
တာဝန်ခံ နိုင်အောင်မင်းသည် ဗဟိုဒေသအနီးဝန်ကျင်တစ်ဝိုက်နှင့် ထိုင်းနယ်စပ်ဒေသ၊ ဗဟိုအထွေထွေ အုပ်ချုပ်ရေးတာဝန်ခံ နိုင်ထာဝရသည် ထားဝယ်ခရိုင်၊ ပြည်တွင်းရုံးများတာဝန်ခံ နိုင်တလညီသည် သထုံခရိုင်အသီးသီတို့ သွားရောက်နေပြီဟု သိရသည်။

မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တွင် အမှတ် ၁ တပ်ရင်း (မော်လမြိုင်ခရိုင်)၊ အမှတ် ၂ တပ်ရင်း(ထားဝယ်ခရိုင်)၊ အမှတ် ၄ တပ်ရင်း(သထုံခရိုင်)၊ အမှတ် ၅ အမြဲတမ်း တပ်ရင်း၊ အမှတ် ၇ အမြဲတမ်းတပ်ရင်း၊ ဗဟိုလုံခြုံရေးတပ်ဖွဲ့၊ ကွန်မင်ဒိုတပ်ခွဲတို့ ရှိသည်။

အုပ်ချုပ်ရေးဒေသများအဖြစ် မော်လမြိုင်ခရိုင်တွင် မုဒုံ၊ သံဖြူဇရပ်၊ ကြာအင်းဆိပ်ကြီး၊ သထုံခရိုင်တွင် ကော့ကရိတ်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသ၊ ပေါင်မြို့နယ်ဒေသ၊ ထားဝယ်ခရိုင်တွင် ရေးမြို့နယ်တောင်/မြောက်၊ ရေဖြူမြို့နယ်၊ ပြည်တွင်းစည်းရုံးရေးဒေသတွင် မော်လမြိုင်ဒေသ၊ ဘီလူးကျွန်း ဒေသများဖြင့်ဖွဲ့စည်းထားရှိပြီး ဗဟိုဝန်းကျင်ဒေသတစ်ဝိုက်နှင့် ဘုရားသုံးဆူနယ်စပ်ဒေသတို့တွင်လည်း အခြေပြုလှုပ်ရှုားလျက်ရှိသည်။

မွန်ပြည်သစ်ပါတီခေါင်းဆောင်များအနေဖြင့် ပါတီအောက်ခြေရဲဘော်ပါတီဝင်အဆင့်ဆင့်၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ကော်မတီဝင်များ၏ သဘောထားအမြင်များကို မကြာမီကျင်းပမည့် အရေးပေါ်ဗဟိုကော်မတီ၌ အသေအချာပြန်လည် သုံးသပ်ကြမည်ဖြစ်သည်။

ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာသည်လည်း အမေရိကန်၊ ကနေဒါ၊ ဂျပန်စသည့်နိုင်ငံများရှိ အဝေးရောက်မွန်များနှင့် သွားရောက်တွေ့ဆုံပြီး အကြံဥာဏ်များရယူခဲ့ရာ ဇူလိုင်လ ၉ နေ့တွင် ပြန်လည် ရောက်ရှိလာသည်။ သူ၏ခရီးစဉ်မှာ ၂ လနီးပါးကြာမြင့်ခဲ့သူဟု သိရသည်။

လေ့လာသုံးသပ်သပ်သူများအဆိုအရ မွန်ပြည်သစ်ပါတီသည် ယခုလာမည့်အရေးပေါ်အစည်းအဝေးတွင်
လည်း စစ်အစိုးရအပေါ် တစုံတရာပြောင်းလဲပေးမည့် အရိပ်အယောင်များမတွေ့ရှိရကြောင်း ဗဟိုကော်မတီဝင် များတွင် အမြင်သဘောထားရှိနေကြ၏၊

မွန်နိုင်ငံရေးခေါင်းဆောင်ဟောင်းများ၊ မွန်မျိုးချစ်များ၊ ရဟန်းသံဃာတော်များ၊ မွန်လူငယ်များ၊ စာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အဝေးရောက်မွန်များသည်လည်း အဆိုပါနယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ မဝင်ရေးအဆိုကို ထောက်ခံနေသူများပြားကြောင်း လေ့လာဆန်းစစ်မှုများအရ သိရသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document

 

Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views