အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  မွန်ပြည်သစ်သတင်းအချို့ဝက်ဆိုက်များတွင်ဖေါ်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပြောကြား

Kaowao
ဇူလိုင် ၁၅၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၅)။    ။ ယခုတလော မွန်ပြည်သစ်ပါတီအဖွဲ့အစည်း သတင်းဖေါ်ပြချက်များတွင် အချို့ အင်တာနက်ဝက်ဆိုက်များ၌ မသိမသာလွဲချော်မှုများတွေ့ရှိနေရကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်းက Online မှတဆင့် Kaowao Newsgroup ကို ယနေ့ပြောကြားလာသည်။

“သူတို့က သက်ဆိုင်သူကိုလည်း မမေးမမြန်းပဲရေးနေတော့ အဲဒီလိုပဲလွဲမှားရတာတွေ ဖြစ်ပေါ်နိုင်ပါတယ်”ဟု ကောက်ချက်ချ ပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီဝင်ဟောင်း နိုင်ဗညားက “အချို့က မှားမှန်းသိသိကြီးနဲ့ သူတို့ရေးနေတာက အမှန်လိုထင်
သွားရအောင် တမင်လုပ်နေတာပဲလို့ကျနော်ယူဆပါတယ်၊ အခုလောလောလတ်လတ်မှာ ဖြစ်နေတဲ့ကိစ္စဆို
တော့ ဟိုလူလည်းမှတ်မိ၊ ဒီလူလဲသိနေကြတော့ ပြဿနာမရှိသေးဘူး၊ ဒါပေမဲ့ နှစ်တွေကြာလာယင် အငြင်းပွားစရာတွေဖြစ်လာကြပါမယ်၊ အချက်အလက်တွေ ဗိုင်းရပ်အတိုက်ခံရသလို ဟိုလိုလိုဒီလိုလို ထင်ယောင်ထင်မှားဖြစ်သွားပြီး နောက်ဆုံး ပုဂံရာဇဝင်တွေကိုပြောဆိုကြရသလို တစ်ယောက်နဲ့တစ်ယောက် ဓါးထမ်းပြီးပြောလာကြရတဲ့အထိ အငြင်းပွားစရာတွေဖြစ်သွားနိုင်မယ်၊ မွန်သမိုင်းတွေကိုလည်း သက္ကရာဇ် လွဲမှားအောင်၊ ဟိုယောင်ဒီယောင်ဖြစ်သွားအောင် အဖြစ်မှန်ကိုအမှန်ရေးပြကြပေမဲ့ သက္ကရာဇ်နေ့ရက် အမှတ်အသားတွေကို မသိမသာလွဲမှားမေ့ကျန်ခဲ့ဟန်သယောင်ယောင် လုပ်ပေးထားခဲ့ယင်လည်း နောင်လာ နောက်သားတွေ ဒီသက္ကရာဇ်တွေကို ငြင်းခုံနေကြတာနဲ့ပဲ အချိန်ကုန်သွားရတဲ့ သင်ခန်းစာတွေကို ကျနော်တို့ သတိပြုကြပါ” ဟု သူ၏အမြင်ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။
 
“ဇွန်လ ၂၉ ရက်နေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်တကြိမ် မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲများတွင် မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်
တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့်ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်” ဟု အင်တာနက်ဝက်ဆိုက် သတင်း တစ်ရပ်တွင် ယမန်နေ့ကဖေါ်ပြထားလျှက်ရှိသည်။

ဤကိစ္စနှင်ပတ်သက်၍ မော်လမြိုင်ဆက်ဆံရေးရုံးအဖွဲ့ဝင်တစ်ဦးက “ ဇွန်လ ၂၉ ရက်နေ့ဟာ မွန်ပြည်သစ်နဲ့ နဝတအပစ်အခတ်ရပ်ခဲ့တဲ့ ၁၄ နှစ်အထိမ်းအမှတ်အဖြင့် နိုင်ရွှေကျင်စာကြည့်တိုက်မှာ ဆွမ်းကျွေးတဲ့နေ့ပါ၊ ကျနော်တို့လူကြီးတွေ ဗဟိုမှာအစည်းအဝေးလုပ်နေတယ်၊ ဘယ်ကဗိုလ်ချုပ်ရဲမြင့် လာမလဲ” ဟု ယနေ့တွင်ဖုန်း
ဖြင့် ထပ်မံအတည်ပြုချက်တောင်းရာ၌ ယင်းကဲ့သို့ပြောဆိုပြန်ပါသည်။

မွန်ပြည်သစ်သတင်းနှင့်ပတ်သက်၍ ရေးသားတင်ပြနေမှုများအပေါ် မွန်ပြည်သစ်ပါတီမှလည်း မွန်သတင်းဌာန တာဝန်ခံများနှင့် မကြာမီရက်ပိုင်းတွင် တွေ့ဆုံကြမည်ဟု သိရသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views