အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

 KPFအမှတ်(၃)တပ်ရင်းမှူး KNUထံလက်နက်ချလိုက်ပြီ

Kaowao
ဇူလိုင် ၉၊၂၀၀၉။

စံခရပူရီ(ဇူလိုင်-၉)။     ။မကြာမီတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲမည့် ကရင်လက်နက်ချအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ဟောင်သရောကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ အမှတ်(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောလေးဝါး(ခ) မန်းလေးဝါးသည် ယမန်နေ့၌ KNU တပ်မဟာ ၆ ထံ ဝင်ရောက်လက်နက်ချလိုက်ပြီ ဖြစ်ကြောင်း KNU, KPF တပ်ဖွဲ့များနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

KPF တပ်ရင်းမှူး မန်းလေးဝါးနှင့်အတူ တပ်ဖွဲ့ဝင် ၈ ဦး လက်နက်အပြည့်အစုံပါဝင်သည်ဟု ဆိုသည်။ ယ္ခုအခါ KNU တပ်မဟာ ၆၊ ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးစွာ(ဗိုလ်ဂျိုး) ထံ ရောက်ရှိနေပြီဟု သိရသည်။

လွန်ခဲ့သည့်လက မန်းလေးဝါးသည် KPF နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလဲရေးနှင့် ပတ်သက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ဘုရားသုံးဆူမြို့သို့ ကြာအင်းဆိပ်ကြီးမြို့မှတဆင့် လှေလမ်းကြောင်းကအပြန် KNU ထံ ယခုကဲ့သို့ လက်နက်ချ ဝင်ရောက်ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

ဘုရားသုံးဆူမြို့ရှိ မြန်မာအာဏာပိုင်အချို့နှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် KPF တပ်ရင်းမှူး စောလေးဝါး(ခ) မန်းလေးဝါးအား ကြာအင်းဆိပ်ကြီးမြို့၌ မြန်မာစစ်အာဏာပိုင်များ ဖမ်းဆီးသတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့သည်။

အခြားသတင်းတစ်ရပ်မှာ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ KPF တပ်ဖွဲ့များအား အချက် ၁၀ ချက်ပါ ညွှန်ကြား ချက်၌ KNU တပ်ဖွဲ့ကို အပြတ်သုပ်သင်ရှင်းလင်းရမည် ဆိုသောအချက်တစ်ရပ် ပါရှိသည်ဟုဆိုသည်။

၁၉၉၇ ခုနှစ်က KNU မှတပ်ရင်မှူးအဆင့်ရှိ စောသမူဟဲက စစ်အစိုးထံလက်နက်ချခဲ့ပြီး KPF တပ်ဖွဲ့ကို တပ်ရင်း (၃)ရင်းဖြင့် ဦးဆောင်ခဲ့သည်။

KPF အမှတ်(၃)၊ တပ်ရင်းမှူး မန်းလေးဝါးမှာ ဘုရားသုံးဆူနယ်စပ်မြို့၌ လူသိများသူတစ်ဦးဖြစ်သဖြင့် ယခုကဲ့သို့
KNU ထံလက်နက်ခဲ့သည့်အတွက် မြို့ခံများ၊ ငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့များကြားတွင် အမြင်အမျိုးမျိုးဖြင့် ဝေဖန်လျှက်ရှိသည်။

KPF, DKBA တပ်ဖွဲ့များတွင် ထိပ်ပိုင်းခေါင်းဆောင်များက နယ်ခြားတပ်အသွင်ပြောင်းလဲရေးကို စစ်အစိုးရအား ခေါင်းညိတ်ပေးခဲ့ရသော်လည်း အလယ်အလတ်တန်းခေါင်းဆောင်များနှင့် အောက်ခြေရဲဘော်များ လက်တွေ့တွင် လက်ခံနိုင်ရန် အခက်အခဲများစွာရှိနေသည်ဟု ကရင်အဖွဲ့အစည်းများကြားတွင် ပြောဆိုထောက်ပြနေကြ၏။

ယမန်နေ့ညတွင်လည်း ဘုရားသုံးဆူဒေသရှိ DKBA အမှတ် ၉၀၁ တပ်ရင်း၊ တပ်ခွဲ(၁) ဗိုလ်ကြီးစောအေဝမ်းနှင့် တပ်ဖွဲ့ဝင်များ မဲ့ကသာအနီးရှိ KNU တပ်မဟာ ၆၊ ဗျူဟာ အရာခံဗိုလ်စောအယ်ဂေ နေ့ကင်းစခန်းချရာသို့ RBG တစ်ချက်၊ M-79 နှစ်ချက်နှင့် လက်နက်ငယ်များဖြင့် အဝေးမှလှမ်း၍ ပစ်ခတ်ခဲ့သည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views