အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

 ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ ၁၁ ဦးရှိသွားပြီ

Kaowao
ဇူလိုင် ၈၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၈)။    ။ ကမ္ဘာအနှံ့ အလျှင်အမြန်ကူးစက်လျှက်ရှိသော A(H1 N1)ဝက်တုပ်ကွေးရောဂါကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးသူစုစုပေါင်း ၁၁ ဦးရှိသွားပြီဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး၏ ပြောဆိုချက်ကို ကိုးကားပြီး The Nation သတင်းတစ်ရပ်တွင် ယနေ့ဖေါ်ပြပါရှိသည်။

ဤရောဂါကြောင့် ထိုင်းနိုင်ငံ၌ ယမန်နေ့အထိသေဆုံးခံခဲ့ရသူ ၉ ဦးရှိခဲ့ရာ ဘန်ကောက်မြို့ရှိ ဗာဂျီရာဆေးရုံ
Vajira Hospital မှလူနာတစ်ဦး၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဆေးရုံတွင်တစ်ဦး ယနေ့အစောပိုင်းက ၂ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။ များမကြာမီတွင် ၄င်းတို့နှင်ပတ်သက်သော အစီရင်ခံချက်ကို သက်ဆိုင်ရာ အာဏာပိုင်များမှတဆင့် ထုတ်ပြန်သွားမည်ဟု ဆိုပါသည်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သောစာရင်းအရ ထိုင်းနိုင်ငံတစ်ဝှန်းတွင် ရောဂါကူးစက်ခံရသူ ၂၇၁၄ ဦးရှိသွားပြီဟု ဆိုပါသည်။ လက်ရှိ ဆေးကုသခံနေရသူ ၁၁၀ ဦးတွင် ၈ ဦးမှာရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေ ကြရသည်။

မြန်မာနိုင်ငံ၌ ဝက်တုတ်ကွေးရောဂါ စတင်တွေ့ရှိခဲ့သူ စင်ကာပူနိုင်ငံမှ ပြန်လာသော ၁၃ နှစ်အရွယ်မိန်းကလေး ငယ်မှာ အခြေအနေကောင်းမွန်လာ၍ မကြာမီရက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိတော့မည်ဟု သိရသည်။

ထို ၁၃ နှစ်အရွယ်မိန်းကလေးငယ်နှင့် ပတ်သက်၍ သံသယအဖြစ် စောင့်ကြည့်ခံရသူ ၃၄ ဦးရှိခဲ့သည်။ ရောဂါလက္ခဏာမတွေ့သဖြင့် ယခုအခါလွတ်လွတ်လပ်လပ် သွားလာနိုင်ကြပြီဟု သတင်းဌာနအချို့တွင် ဖေါ်ပြပါရှိသည်။

မြန်မာနိုင်ငံနယ်ငံခြားဝင်ထွက်ပေါက်အားလုံး၌ လွန်ခဲ့သည့်ဧပြီလ ၂၈ ရက်နေ့မှစ လေကြောင်း၊ ရေကြောင်း၊ ကုန်လမ်းနယ်စပ် အဝင်အထွက်ပေါက်များတွင် လူတစ်သိန်းခုနှစ်သောင်းကျော်ကို ဤဝက်တုတ်ကွေးနှင့် ပတ်သက်၍ စစ်ဆေးခဲ့ရသည်ဟု မြန်မာကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက သတင်းဌာနများကို ပြောကြား ခဲ့သည်။

သို့ရာတွင် မြန်မာကျန်းမာရေးဌာနများအနေဖြင့် ခေတ်မီစမ်းသပ်ကရိယာများ မရှိသဖြင့် လေဆိပ်အဝင်အထွက် များတွင် သာမန်အဖျားတိုင်းကရိယာများနှင့်သာ တိုင်းတာနေရသည်ကို တွေ့မြင်နေရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏နောက်ဆုံးထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၃၀ ၌ ရောဂါကူးစက်ခံခဲ့ရသူ ကိုးသောင်းကျော်ရှိခဲ့သည်ဟု ဖေါ်ပြထားသည်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတိပေးမှု
အဆင့် ၆ အမြင့်ဆုံး သတ်မှတ်ထားဆဲဖြစ်သည်။

ယခုတုတ်ကွေးမှာ ဝက်က စသည်ဆိုသော်လည်း ဝက်သားစား၍မကူး၊ ဝက်များတွင် ရောဂါမဖြစ်၊ လူများတွင်
သာဖြစ်လေ့ ရှိသည်။ ဤရောဂါနှင့်ပတ်သက်၍ အမည်တစ်မျိုးတည်း ခေါ်ဆိုသတ်မှတ်ရန် ကမ္ဘာ့နိုင်ငံအနှံ့အပြား တွင် အငြင်းပွားလျှက်ရှိသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views