အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

 မြန်မာနိုင်ငံတွင် HIV, AIDS ရော ဂါကြောင့် နှစ်စဉ်လူ၂၅၀၀၀ သေဆုံးခဲ့


Kaowao
ဇူလိုင် ၇၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၇)။    ။ AIDSခုခံအားကျဆင်းရောဂါနှင့် ဆက်စပ်ရောဂါများကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့ပြီး AIDS ရောဂါရှိသူများ၏ ၄၂ရာခိုင်နှုန်းမှာ  အမျိုးသမီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရပါသည်။ ၂၀၀၇ ခုနှစ် ခန့်မှန်းတွက် ချက်အရလူ၂၄၀၀၀၀ ကျော် ရောဂါပိုး ကူးစက်နေကြောင်း ဖော်ပြပါရှိသည်။

ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအရေး လေ့လာသူ ဦးမင်းရဌကို ဆက်သွယ်မေးမြန်းရာတွင် “မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်တဲ့အလျှောက် တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်တာများတယ်။ တချို့က အပျော်အပါး လိုက်စားတာရှိတယ်။ တချို့အမျိုးသမီးတွေဆိုယင် ပြည့်တန်ဆာအဖြစ်နဲ့ အလုပ်သွင်းခံရတယ်။ အဲဒီမှာ ကျန်းမာရေး အသိတရားချို့တဲ့တော့ လိုအပ်တဲ့အကာအကွယ်တွေ မသုံးတော့ ဒီ AIDS  ရောဂါကူးစက်တာ ခံရတော့တာပါဘဲ။ ဒါတွင်မကသေးပါဘူး ပြည်တွင်မှာဆိုယင်လည်း အယောင်ပြအနှိပ်ခန်း ရေချိုးခန်း ကာရာအိုကေခန်းတွေမှာလည်း ပြည့်တန်ဆာလုပ်ငန်းလို ဖြစ်နေပြီး။ အခုဆိုယင် လူကြီးလူငယ် တချို့ သွေးကြောထဲ မူးယစ်ဆေးထိုသွင်းတဲ့သူတွေ ပိုများလာတယ်။ ဒါကြောင့် ဒီဆိုးကျိုးတွေကြောင့် ရောဂါကူးစက် များပြားလာတယ်”ဟု ပြောဆိုခဲ့ပါသည်။

၂၀၀၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းကျင်းပခဲ့သော HIV, AIDS Projection and Demographic Impact Analysis Work shop အရ ၂၀၀၀ ပြည့်နှစ်တွင် HIVရောဂါပိုး ပြန့်ပွားနှုန်း ၀. ၉၄ ရာခိုင်နှုန်းမှ ၂၀၀၇ ခုနှစ်တွင် ၀. ၆၇ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း တိကျသောကိန်းဂဏန်းမဟုတ်ပေ။ ယ္ခုအခါ ART ဆေးကုထုံးသစ် ရှိနေသော်လည်း အစိုးရဆေးရုံများတွင် ကုသပေးခြင်းမရှိသဖြင့် ပြည်ပလူမှာ ကူညီရေး အဖွဲ့အစည်းများ၏ ဆေးခန်း၌သာ တဆင့်ကုသနေရသည်။ ကျေးလက်နေ ပြည်သူများအတွက် များစွာအခက်အခဲ ရှိနေသေးသည်။

ယင်း ART ကုထုံးနှင့် ပက်သက်၍ မော်လမြိုင်မြို့ဆေးရုံရှိ အမည်မဖော်လိုသူ ဆရာဝန်တဦး ပြောပြချက်မှာ “ဒီကုထုံးတော့ အားရစရာမရှိသေးဘူး။ ကျွန်တော်တို့လူမျိုးကလည်း ဒီရောဂါလက္ခဏာရှိတာနဲ့ ဆေးရုံလာပြဘို့ နောက်တွန့်နေကြတယ်။ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်း ဖယ်ကြဉ်မှာစိုးကြတယ်။မြို့နေလူတန်းစားထဲမှာတောင် မကျယ်ပြန့်သေးဘူး။ ကျွန်တော်တို့ကျန်းမာရေးဌာနအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးပညာပေးဟောပြောပွဲတွေ ပိုစတာတွေ ဖြန့်ဝေပေးပေမဲ့ သိပ်ထိရောက်မှုမရှိဘူး”ဟု ပြောဆိုခဲ့သည်။

HIV ရောဂါပိုး ပြန့်ပွားမှုကို ဟန့်တားစေသော ARTကုထုံးဖြင့် ကုသသော ဝေသနာသည်မှာ၂၀ ရာခိုင်နှုန်း အောင်သာ ရှိပြီး ၂၀၀၉ ခုနှစ်အထိ ၁၈၀၀ ယောက်သာ ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်
အရ သိရှိရသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views