အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

 

Kaowao
ဇူလိုင် ၃၁၊၂၀၀၉။

ရန်ကုန်(ဇူလိုင်- ၃၁)။    ။ နေအိမ်အကျယ်ချုပ်ဥပဒေဖေါက်ဖျက်မှူဖြင့် အင်းစိန်အထူးတရားရုံးတွင် အမှု ရင်ဆိုင်နေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို ယနေ့တွင်အမိန့်ချမှတ်ရန် စစ်အစိုးရတို့ သတင်းထုတ်ပြန်ခဲ့ရာ ယနေ့ ၁၀ နာရီခန့်၌ ယင်းအထူးတရားရုံးမှ လာမည့်သြဂုတ်လ ၁၁ ရက်နေ့သို့ အမိန့်ချမှတ်ရန်ရက်ထပ်မံရွေ့ဆိုင်း လိုက်ကြောင်း ရန်ကုန် NLD အသိုင်းအဝိုင်းက ပြောကြားနေသည်။

“ဥပဒေကြောင်းအရ မရှင်းလင်းလို့တရားသူကြီးများပြန်လည်သုံးသပ်ကြရန်” အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ အမှုကိုထပ်မံချိန်းဆိုခဲ့သည်ဟု ဆိုသည်။

ရန်ကုန်ရှိ မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးက “စစ်အစိုးရက သူတို့ကတဲ့ဇာတ်ထုပ် ကြိုးရှုပ်နေတဲ့အဖြစ်ကို သူတို့ ဟာသူတို့ ပြန်မဖြည်နိုင်တာတွေ ဖြစ်နေကြကုန်ပြီ” ဟုသုံးသပ်ပြောဆိုသည်။

ယနေ့အထူးတရားရုံကို ၂၈ နိုင်ငံမှ သံတမန်များ လာရောက်ခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့အချို့နေရာများတွင် ကျောင်းသားများကိုကျောင်းမတက်ခိုင်းပဲ အိမ်ပြန်စေခြင်း၊ အချို့လမ်းများကို ပိတ်ထားပြီး လုံခြုံရေးကိုလည်း အထူးကြပ်မတ်ထားသည်ကို တွေ့ရသည်။

ထို့အတူ နိုင်ငံတကာရှိ စစ်အစိုးရသံရုံးများရှေ့တွင် ထိုတရားရုံးအမိန့်ချမှတ်ချိန်နှင့်တပြိုင်တည်း မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများ အချိန်ကိုက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ချွင်းချက်မရှိ လွှတ်ပေးဖို့ ယနေ့စောစောပိုင်းတွင် ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို တောင်းဆိုထားသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views