အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

Kaowao
ဇူလိုင် ၃၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၃)။    ။ ယနေ့နံက်တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် စင်ကာပူမှတဆင့် မြန်မာပြည်ကို ရောက်ရှိလာသည်။ “မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အလေးအနက် တိုက်တွန်းဖို့အတွက် မြန်မာပြည်ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်” ဟုကြိုတင် ကြေညာခဲ့သည့်အတိုင်း ဇူလိုင်လ ၃၊ ၄ ရက်နေ့တို့တွင် မြန်မာနိုင်ငံ၌ နေထိုင်သွားမည်ဟု ယမန်နေ့ကထုတ်ပြန်သော UN Press Review  တွင်ဖေါ်ပြထားသည်။


ဘန်ကီမွန်းနှင့်ဗိုလ်ချုပ်မှူးကြီးယမန်နှစ်ကတွေ့ဆုံခဲ့ကြစဉ်(23 May 2008)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ဂျာမနီမှ DPA သတင်းတစ်ရပ်ကို ကိုးကားပြီး ယမန်နေ့ကထုတ်ပြန်သော ယင်း UN Press Review  တွင်ဖေါ်ပြပါရှိပါသည်။ တိုကျို၌ မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောကြားခဲ့စဉ် “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြန်မာဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းသွားမယ်” ဟုဆိုခဲ့ပါသည်။

ဘယ်လဂျီယံမှ De Morgen သတင်းတစ်ရပ်တွင် “မစ္စတာဘန်ဟာ အံ့သြစရာကောင်းလောက်အောင် စွမ်းနိုင် လိမ့်မယ်လို့တော့ မမျှော်လင့်ပါဘူး”ဟု မှတ်ချက်ပြုထားပါသည်။ စစ်အစိုးရအဖွဲ့ကိုသာ အကျိုးအမြတ်ဖြစ်စေ
မည်ဟု သံသယ ရှိနေကြသူအလွန်များကြောင်း ထိုသတင်းတွင်ထပ်မံ သုံးသပ်ထားပြန်သည်။

မစ္စတာ ဘန်ကီမွန်းသည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်  နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးတွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးသည်။ မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို လာရောက်နိုင်ရန်အတွက် မစ္စတာ ဂန်ဘာရီ၏ အစီရင်ခံစာအပေါ် မူတည်ခဲ့သည်ဟု သတင်းဌာနများက ယူဆထားကြပါသည်။ AFP သတင်းဖေါ် ပြမှုတစ်ရပ်တွင် မစ္စတာဘန်သည် မြန်မာအာဏာပိုင်တို့၏ တရားဝင် ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သည်ဟု ဖေါ်ပြထားသည်။  

AFP သတင်းရေးသားချက်တစ်ရပ်တွင် ဘန်၏ခရီးစဉ်သည် “မသေချာမှုတွေကြားထဲက စွန့်စားမှုတစ်ခု” ဟု သုံးသပ်ထားပါသည်။ မစ္စတာဘန်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ထိရောက်စွာ မဆောင် ရွက်နိုင်ခဲ့လျှင် အလွန်ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်သာဖြစ်ကြောင်း လွန်ခဲ့သည့်ကြာသပတေးနေ့ AFP သတင်း တွင် သုံးသပ်ချက်များကို ထုတ်လွှင့်ခဲ့သည်။

 

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views