အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

 ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့

Kaowao
ဇူလိုင် ၂၄၊၂၀၀၉။

စံခလပူရီ ဇူလိုင်-၂၄ ။          ။ထိုင်းမြန်မာနယ်စပ်  ဘုရားသုံးဆူနယ်စပ်၌ နှစ်နိုင်ငံနယ်စပ်အာဏာပိုင်များ ဝက်တုတ်ကွေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကြောင့် ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ အခက်အခဲများစွာ ရင်ဆိုင်နေကြရကြောင်း မေးမြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှနေ၍ ကီလိုမီတာ ၂၀ ခန့်သာဝေးသော ထိုင်းနိုင်ငံစံခလပူရီမြို့ အထက်တန်းကျောင်းသို့  ကျောင်းလာတက်နေသူ မင်းမွန်စိုက်က “ထိုင်းဘက်ကိုကျောင်းလာတက်တဲ့ ကျောင်းသားတွေ ဘုရားသုံးဆူမြို့အိမ်ကို မပြန်ကြရတော့တာ ၃ ရက်လောက်ရှိပြီ၊ ဒီစံခလက မွန်ဘက်ကမ်းက အသိအိမ်တွေမှာလိုက်နေကြရတယ်၊ သုံးဆူကိုပြန်ရင် ထိုင်းဘက်ကို ကျောင်းလာမတက်ရတော့ဘူး” ဟု ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှ ကျောင်းသား ၅၀ ဦ်းကျော်ခန့် ကျောင်းကြိုပို့ကားများဖြင့် စံခလပူရြီံမို့ရှိ၊ ထိုင်းအထက်တန်းကျောင်း၌ နေ့စဉ်ကျောင်းတက်နေကြသည်။
ထိုင်းနိုင်ငံဘုရားသုံးဆူရွာနှင့် မြန်မာနိုင်ငံဘုရားသုံးဆူမြို့ကို ပိုင်းခြားထားသော နယ်ခြားဂိတ်လမ်းကြောင်းကို ပိတ်ထားပြီး ထိုင်းအာဏာပိုင်တို့က ဘုရားသုံးဆူရွာ၊ အမှတ် ၂ လမ်းသွယ်မှမလွယ်ပေါက်တစ်ခုကို ဖွင့်လှစ်ပေးကာ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ထိုင်းကျန်းမာရေးဌာနမှ တစ်ဦးချင်းဆေးစစ်စမ်းသပ်မှုများ ယနေ့နံနက်စောစောမှ စတင်ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာသူများကို တန်းစီပြီးတစ်ဦးချင်းစစ်ဆေးရသဖြင့် အလုပ်သမားများစွာ အလုပ်ခွင်သို့ အဝင်နောက်ကျခဲ့ကြောင်း သိရသည်။ အဖျားရှိသူများကိုသာ မြန်မာနယ်မြေဖက်သို့ ပြန်ခိုင်းစေပြီး ဆေးစစ်ဆေးပြီးသူများကို လက်ဖျံတို့တွင် တဆိပ်မှင်ဖြင့် အမှတ်အသားပြုထားသည်။ မြန်မာနိုင်ငံမှ ဤကဲ့သို့နေ့စဉ်အသွားအပြန် ဝင်ရောက်လာသူများကို ထိုင်းအာဏာပိုင်များမှ ငွေကြေးကောက်ခံမှုများ တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။
ဘုရားသုံးဆူရွာ(ထိုင်း)၌ အထည်ချုပ်စက်ရုံများရှိကာ နေ့စဉ်မြန်မာနိုင်ငံမှ အလုပ်သမား တစ်ထောင်ကျော်ခန့် ဝင်ရောက်အလုပ် လုပ်ကိုင်နေကြသည်။ တရားဝင်အလုပ်သမားများ မဟုတ်ကြသော်လည်း နယ်စပ်ဖြစ်နေသဖြင့် ယင်းအလုပ်သမားတို့ နေ့စဉ်ဝင်ထွက်သွားလာမှုများကို ထိုင်းအဏာပိုင်များ အနှောက်အယှက် တစုံတရာမပြုကြပေ။

သို့ရာတွင် ဘုရားသုံးဆူမြို့ပေါ်သို့ ထိုင်းနိုင်ငံမှ ဝင်ရောက်လာကြသည့် ဒေသခံမဟုတ်သူများ၊ မျက်နှာစိမ်းများကို မြန်မာအာဏာပိုင်များ ဝင်ရောက်ခွင့်မပြုတော့ကြောင်း မြို့ခံတစ်ယောက်က ပြောဆိုခဲ့သည်။ အထူးသဖြင့် စံခလပူရီတွင် နေထိုင်နေသူများကို လာရောက်ခွင့်မပြုဟု သတင်းများပေါ်ထွက်နေသော်လည်း ဘုရားသုံးဆူမြို့ပေါ်သို့ နေ့စဉ်ဝင်ထွက်ကာ လာရောက်စီးပွားရှာလုပ်ကိုင်နေသူများ အသွားအလာမပျက်ကြပေ။မြန်မာအာဏာပိုင်များ၏ အကြောင်းပြချက်မှာ စံခလပူရီမြို့တွင် ယခင်အပတ်က ဝက်တုတ်ကွေးရောဂါရှိနေသူကို တွေ့ရှိခဲ့ခြင်းကြောင့်ဟု ဆိုကြသည်။
လွန်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့က ဝက်တုတ်ကွေးရောဂါ A(H1 N1)  လက္ခဏာဖြစ်ပေါ်မှု စတင်တွေ့ရှိခဲ့သူနှင့် နီးစပ်သူများကို စံခလပူရီဆေးရုံကြီးတွင် သီးသန့်ထား၍ ပြုစုစောင့်ရှောက်ထားခဲ့ရာ အခြေအနေကောင်းမွန်နေကြသော်လည်း သတ်မှတ်ကာလမပြည့်သေးသဖြင့် ဆေးရုံ၌သာ ဆက်လက်ထားရှိသည်။

အဆိုပါဝက်တုတ်ကွေးရောဂါနှင့်ပတ်သက်၍ ထိုင်းနိုင်ငံစံခလပူရီမြို့နယ်တွင် ပညာပေးမှုများတိုး၍ ပြုလုပ်နေသလို မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့တွင်လည်း မြန်မာအာဏာပိုင်များ ပညာပေးမှုများပြုလုပ်ခဲ့ကြသည်။ သို့သော် ဒေသခံဗမာ၊ မွန်နှင်ကရင် တိုင်းရင်းသားတို့ကြားတွင် ရောကူးစက်ပုံကို သေသေချာချာမသိကြသေးကြောင်းနှင့် လွဲမှားစွာသိနေကြကြောင်း မေးမြန်းချက်များအရ သိရသည်။ ဝက်များတွင်အဆိုပါ တုတ်ကွေးရောဂါဖြစ်ပွားနေပြီး ၄င်းဝက်သားစားသုံးမိခြင်းကြောင့် ရောဂါဖြစ်ပွားရသည်ဟု အများကထင်မြင်နေကြဆဲဖြစ်သည်။

ဤရောဂါသည် လူအချင်းချင်း၊ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ခံရသောရောဂါဖြစ်သည်။



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views