အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  မော်လမြိုင်မြို့ရှိတယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲမည်

Kaowao
ဇူလိုင် ၂၁၊၂၀၀၉။

မော်လမြိုင် (ဇူလိုင်-၂၁)။    ။ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တပ်ဆင်ထားသည့် ANALOGVE ဖုန်းများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲသွားမည်ဟု မော်လမြိုင်မြို့တွင် ပြောဆိုနေကြပါသည်။ မော်လမြိုင်မြို့တွင် တပ်ဆင်ထားသော ၀၅၇-၂၁၊ ၂၂၊ ၂၃ အစထိပ်စည်းနှစ်လုံးနံပါတ်ပါ လိုင်းများမှာဆက်သွယ်မှု နှောင့်နှေး
သဖြင့် အစားထိုးပြောင်းလဲမည်ဟု ဆို၏။ ဤဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရန်အတွက် ဝန်ဆောင်ခအဖြစ်
ငွေကျပ် လေးသိန်းငါးသောင်း ပေးဆောင်ရပြီး ဇူလိုင်လကုန်အထိ နောက်ဆုံးပေးသွင်းရမည်ဖြစ်သည်။
       
ယ္ခင်က မော်လမြိုင်မြို့တွင်းရှိ ဖုန်းများမှာ နှောင့်နှေးခြင်း လိုင်းများကျခြင်း လိုင်းပြတ်တောက်ခြင်းကြောင့် ဆက်သွယ်ရေးတွင် အခက်ခဲရှိသည်ဟု ကုန်သည်တစ်ဦး မှဆိုသည်။
       
‘’ကျွန်တော်တို့ အိမ်ဖုန်းဆိုယင် လိုင်းခဏခဏ ပြတ်နေတယ် အဲဒါကို အိတ်ချိန်း ကလူတွေ ခေါ်ပြီး ပြန်စစ် ခိုင်းရတယ်။ တစ်လမှာ ၂ ခါ ၊ ၃ ခါ၊ လောက် ပြတ်နေတော့ ကျွန်တော်တို့လိုကုန်သည်တွေ အခက်တွေ့ နေတယ်ပေါ့။ အိတ်ချိန်းကို တစ်ခါခေါ်ရင် နှစ်ထောင်လောက်ပေးရတယ်။ အိမ်တိုင်းလိုလိုပြတ်နေတော့ အိတ်ချိန်းကလူတွေ အ ကြိုက်တွေ့တယ်ပေါ့။ ကျွန်တော်က ဒါကိုတမင်လုပ်တာလား သံသယ ဖြစ်နေတယ်
ဟု ပြောဆိုခဲ့တယ်။
       
ထို့အပြင် ဖုန်းခပေးသွင်းသောစနစ်မှာလည်း နှောင့်နှေးမှုရှိပြီး အဆင်ပြေမှုမရှိကြောင်း ဌါနဆိုင်ရာ ရုံးအဖွဲ့ တစ်ဦးက ဤသို့ပြောပြခဲ့သည်။
       
“အဲဒီဖုန်းခပေးဘို့စနစ်ကျတော့ တမျိုးဘဲဗျာ။ နှစ်လကျော်တဲ့တိုင်အောင် ဖုန်းဘီ လ် မရောက်သေးဘူး။ အဲဒီဖုန်းဘီလ်ရမှ စာတိုက်နဲ့ ကြေးနန်းရုံးမှာ ဖုန်းဘိုးပေးသွင်း နိုင်မှာ   အခု နှစ်လ၊ သုံးလ၊နောက်ကျတော့ တခါတလေ ဖုန်းဖြတ်လိုက်တာကလည်း ရှိတယ်။ တခါတလေ၊ ၃ လစာဖုန်းဘီလ်တွေ ရောက်လာတော့ ဒါတွေအားလုံး တခါ တည်း ပေါင်းပေးရမှာဆိုတော့ အခက်တွေ့တဲ့အပိုင်းလည်း ရှိတယ်။ လကုန်ယင်တခါ သွင်းလို့ရရင် ပိုပြီးအဆင်ပြေမယ်” ဟု ပြောဆိုခဲ့သည်။
       
မော်လမြိုင်မြို့တွင် ဒစ်ဂျစ်တယ်ဖုန်းများ ပြောင်းလဲတပ်ဆင်သည့်အတွက် ဆက် သွယ်မှုစနစ် ပိုကောင်း
လာမည်ဟု ထင်မြင်သူများရှိသော်လည်း ဝန်ဆောင်ခ ၅ သိန်း နီးပါး ပေးဆောင်ရန်ကိစ္စကိုမူ အဆင်ပြေသော သူများအဖို့ မထောင်းသာသော်လည်း အဆင်မပြေသောသူများအဘို့ အခက်ခဲဖြစ်နေကြောင်း သိရပါသည်။
       
       

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views