အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

Kaowao
ဇူလိုင် ၁၈၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၈)။     ။ မြန်မာနိုင်ငံနယ်စပ် ဘုရားသုံဆူမြို့နှင့် ကီလိုမီတာ ၂၀ ခန့်သာဝေးသော ထိုင်းနိုင်ငံ စံခလပူရီမြို့နယ်၊ ဝင်းကကျေးရွာ၌ မိသားစု ၂ အိမ်မှ ယမန်နေ့က ဝက်တုတ်ကွေးရောဂါ A(H1 N1)  လက္ခဏာဖြစ်ပေါ်မှု စတင်တွေ့ရှိခဲ့ရာ စံခလပူရီဆေးရုံကြီးတွင် သီးသန့်ထား၍ ပြုစုစောင့်ရှောက်ထားကြောင်း ထိုကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးအကူအညီပေးနေသူ ဆရာမမိစိုက်ခမားနွန်နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။


စံခလပူရီမြို့နှင့် ဝင်းကရွာတည်နေရာပြေပုံ

အသက် ၁၂ နှစ်ခန့်ယောက်ျားလူငယ်တစ်ဦး နေမကောင်းဖြစ်ခဲ့ရာမှ ယမန်နေ့နံနက်ပိုင်းတွင် စံခလပူရီ ဆေးရုံကြီးသို့ ပြင်ပလူနာအဖြစ် လာရောက်စမ်းသပ်ရာ ဤရောဂါကို စတင်ခြေရာခံမိပြီး မိသားစုဝင်
၂ စုမှ ၇ ဦးတို့ကိုလည်း ထိုင်းကျန်းမာရေးဌာနမှ ဆေးရုံသို့ခေါ်ဆောင်သွားကြသည်ဟု သိရသည်။

ထိုကိစ္စကြောင့် ယမန်နေ့က စံခလပူရီဆေးရုံတွင် ထိုင်းအာဏာပိုင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြရသည်။ ရောဂါဝင်ရောက်နိုင်ရာ ဖြစ်နိုင်ဖွယ်လမ်းကြောင်းများကိုလည်း စုံစမ်းလျှက်ရှိသည်။ စံခလပူရီမြို့နယ်ရှိ စာသင်ကျောင်းများကိုလည်း လာမည့်တနင်္လာနေ့မှစ၍ တစ်ပတ်ခန့် ပိတ်ထားနိုင်ဖွယ်ရှိသည်ဟု သတင်း များထွက်ပေါ်နေသည်။

ယင်းလူနာနှင့် သံသယအဖြစ်ခံနေရသူတို့မှာ လက်ရှိတွင်စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသေးဟု သိရသည်။
စံခလပူရီဆေးရုံကို လာရောက်ပြသနေသောပြင်ပလူနာများ၊ ဝင်ရောက်လာသူ ဧည့်သည်တိုင်းကိုလည်း
ဆေးရုံမှ ရောဂါကာကွယ်ရေးမျက်နှာဖုံးများ အခမဲ့ဝေငှပေးနေသည်။ အဖျားတက်သည့်ပြင်ပလူနာများကို တစ်နေရာ၊ အခြားပြင်ပလူနာများကို တစ်နေရာစီ ခွဲခြားစမ်းသပ်နေပါသည်။


ဝင်းကရွာအနီးကမ္ဘာလှည့်ခရီးသည်များအပမ်းဖြေရာစခန်းတစ်ခု

အဆိုပါရောဂါလက္ခဏာ စတင်တွေ့ရှိသောလူငယ် နေထိုင်သည့် “ချုကလ(ကျွန်းသစ်)” ရပ်ကွက်အား
ယမန်နေ့တွင် ရောဂါဖြစ်ပွားမှုကိုသိရှိသည်နှင့်တပြိုင်နက် စံခလပူရီဆေးရုံအုပ်ကြီးဦးစီးပြီး ဒေသန္တရ မွန်ကျန်းမာရေးအဖွဲ့ဝင်များနှင့်အတူ နေအိမ်အချို့ကို ဆေးပက်ဖြန်းခြင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါလက္ခဏာများအကြောင်း တစ်အိမ်တက်တစ်အိမ်ဆင်းကာ A(H1N1) ပညာပေး ရှင်းလင်းပြောကြား
ခြင်းနှင့် မွန်၊ ဗမာ၊ ထိုင်းဘာသာဖြင့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးကြသည်။

အဆိုပါ ဝင်းကရွာသည် လွန်ခဲ့သော ၃ နှစ်က ပျံလွန်တော်မူခဲ့သော မွန်ပြည်နယ်ရေးမြို့နယ်၊ မော့ကနင် ကျေးရွာဇာတိ မွန်ဆရာတော် အသျှင်ဥတ္တမ သာသနာပြုရာဒေသအဖြစ် ထိုင်းအစိုးရကအသိအမှတ်ပြုပေး
ခဲ့ပြီး မွန်ပြည်နယ်မှ မွန်အများအပြား ပြောင်းရွေ့နေထိုင်လာခဲ့ကြရာ ယခုအခါထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူ၊ ယာယီနေထိုင်ခွင့်ရှိသူ အိမ်ခြေတစ်ထောင်ခန့်ရှိသည်။

မွန်တို့၏ဓလေ့ရိုးရာအစဉ်အလာအတိုင်း ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာများ ထွန်းကားနေသဖြင့် အနယ်နယ်အရပ်ရပ်မှ ထိုင်းနိုင်ငံသားများ၊ ကမ္ဘာလှည့်ခရီးသည်များ အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့များတွင် လာရောက်လည်ပတ်နေကြကာ အားလပ်ရက်များ၌ စည်ကားလှပေသည်။ ဝင်းကရွာနှင့် စံခလပူရီမြို့ကို ဆက်သွယ်ထားသော ဝင်းကဆရာတော်၏ သစ်သားတံတားမှာလည်း ထိုင်းနိုင်ငံတွင် အရှည်ဆုံးသစ်သား တံတားအဖြစ် ထင်ရှားနေသည်။

စံခလပူရီသည် မြို့နယ်ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်ပြီး ကန်ချနပူရီခရိုင်အတွင်းကျရောက်ကာ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့သို့ ထွက်ခွာရာနယ်စပ်အနီး မြို့တစ်မြို့လည်းဖြစ်သည်။

စံခလပူရီ ထိုင်းကျန်းမာရေးဌာနနှင့် အာဏာပိုင်များမှာ အဆိုပါရပ်ဝေးခရီးသွားဧည့်သည်များ သို့မဟုတ် လူအဝင်အထွက်ရှိသော ဘုရားသုံးဆူနယ်စပ်မှတဆင့် ဤရောဂါကူးစက် ဝင်ရောက်လာနိုင်ဖွယ်ရှိသည်ဟု သံသယရှိနေကြသည်။

A(H1N1) ရောဂါများနှင့်ပတ်သက်၍ ထိုင်းဗဟိုကျန်းမာရေးဌာနမှ ပညာပေးဟောပြောမှုတစ်ရပ်ကို လာမည့်ဇူလိုင်လ ၂၀ ရက်နေ့၊ ညနေ ၆ နာရီတွင် ယခုရောဂါစတင်ဖြစ်ပွားသည့် ဝင်းကရွာရှိ ဆရာတော် အသျှင်ဥတ္တမ၏ မွန်ပရိယတ္တိစာသင်တိုက် ဆွမ်းစားကျောင်းဆောင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ တစ်အိမ်တစ်ယောက်ကျ တက်ရောက်ကြရန် ပန်ကြားချက်တစ်ရပ်ကို ဝင်းကရွာကေဘယ်လ်တီဗီ ထုတ်လွှင့်ချက်အစီအစဉ်မှ ဤရောဂါစတင်မတွေ့ရှိမီ နှစ်ရက်ခန့်ကပင် ကျေးရွာသားများသိရှိစေရန် ကြေညာအသိပေးခဲ့ပြီးဖြစ်သည်။

ကန်ချပူရီခရိုင်တစ်ခုအတွင်း A(H1N1) ဝက်တုတ်ကွေးဖြစ်ပွားမှုများကို မသိရှိရသော်လည်း ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိခဲ့ပြီး ၂၅ ဦးခန့်သေဆုံးခဲ့ရသည်ဟု သတင်းများတွင်ဖေါ်ပြထားပါသည်။

 

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views