အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်

Kaowao
ဇူလိုင် ၁၆၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၆)။    ။ KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ဘုရားသုံးဆူမြို့အနီး ရောက်ရှိနေသော နအဖစစ်ကြောင်း စကခ ၁၂၊ နည်းဗျူဟာ ၁ လက်အောက်ခံတပ်ရင်း ၂ ရင်းမှာ အနန်းကွင်းဖက်သို့ တိတ်တဆိတ်ဆုတ်ခွာသွားပြီး တပ်မ ၂၂ လက်အောက်ခံတပ်များ ဝင်ရောက်လာမည်ဟု KNU အရာရှိ
တစ်ဦးက သတင်းပေးပို့ခဲ့သည်။

 “တပ်ရင်းအမှတ်တွေ အတိအကျမသိရသေးဘူး၊ ဘယ်နှစ်ရင်းပါမလဲဆိုတာလည်း သေသေချာချာ အတည်
ပြုလို့မရသေးဘူး၊ ကြးဖြတ်စက်မှာ ဘုရားသုံးဆူနဲ့ အနန်းကွင်းကြား၊ တောင်စွန်း၊ မယ်ဇလီတို့ကို အရောက် ပြထားတယ်၊ လမ်းကြောင်းမှာ မဲမဲစိမ်းစိမ်းတွေကိုလည်း မမြင်ရသေးဘူး၊ ဒါပေမဲ့ တက်လာနိုင်တဲ့ လမ်းပေါက်တွေမှန်သမျှကို ကျနော်တို့ဖြတ်ပိတ်ထားတယ်” အဆိုပါအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

ယခုရက်ပိုင်းများအတွင်း မွန်နှင့်ကရင်ပြည်နယ်ဒေသများတွင် မိုးများအဆက်မပြတ်ရွာသွန်းနေသည်။ ချောင်းရေများ အဆမတန်မြင်းမားနေပြီး ကုန်းလမ်းရောရေလမ်းတွေပါ သွားလာမှုခက်ခဲ နေဆဲဖြစ်သည်။

ဘုရားသုံးဆူသို့ ပြည်တွင်းမှ လာရောက်နိုင်သော အဓိကလမ်းကြောင်းများဖြစ်သည့် ဘုရားသုံးဆူ -အနန်းကွင်း-သံဖြူဇရပ်နှင့် ဘုရားသုံးဆူ-ရေးမြို့ မော်တော်ကားလမ်းများမှာ မိုးရာသီရောက်သည်နှင့် ပျက်စီးသွားပြီး မြစ်ချောင်းများဖြစ်ပေါ်လျှက်ရှိရာ ယခုအခါ သွားလာရန် အလွန်ခက်ခဲနေသည်။
ကြာအင်းဆိပ်ကြီးမြို့-ဘုရားသုံးဆူ ဇမိမြစ်ကြောင်းရေလမ်းမှာ ရေများအဆမတန် မြင့်မားနေဆဲဖြစ်သည်။

အဆိုပါလမ်းကြောင်းများတွင် KNU ဂိတ်စခန်း အများအပြား နေရာအနှံ့တွင် ဖြန့်ချထားရှိသည်။ KNU
တပ်မဟာ ၆ ဌာနချုပ်၊ တပ်ရင်း ၁၆ တို့သည်လည်း ခံတပ်စခန်းသေများ မရှိပါ။ KNU ကိုထိုးစစ်ဆင်ရန် အဓိကပစ်မှတ်ကို လက်တွေ့တွင် ရှာဖွေရန် မလွယ်ကူကြောင်း စစ်ရေးအကဲခတ်သူများ သုံးသပ်ကြသည်။

စစ်အစိုးရက စေခိုင်းလာသည့်အတိုင်း KNU တပ်ဖွဲ့များကို စစ်ဆင်ရေး လုပ်ဆောင်ရာတွင် မြန်မာ့ တပ်မတော်နောက်ဖက်မှနေပြီး ဒီကေဘီကေကရင်တပ်ဖွဲ့များကို ရှေ့တန်းစစ်မျက်နှာတွင် စစ်တိုက်ခိုင်း
ခဲ့သည်။ လွန်ခဲ့သည့်လ KNU တပ်မဟာ ၇ ထိုးစစ်တွင် ဒီကေဘီကေကရင်တပ်ဖွဲ့ဝင် တစ်ရာမက ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူများနှင့် ဒုက္ခိတအများအပြား အမွေဆက်ခံလိုက်ရသည်ကို သတင်းများတွင် ဖေါ်ပြခဲ့ကြသည်။

တပ်မဟာ ၆ ကိုထိုးစစ်ကို ထိုဒီကေဘီကေကရင်တပ်ဖွဲ့များ လာရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း စတင်လှုပ်ရှားလာသည့် အရပ်အယောင်များ မတွေ့ရှိရသေးပေ။

ထိုသို့ စစ်ဆင်ရေးစတင်ရန် ပြင်ဆင်လာသည်နှင့်တပြိုင်တည်းမှာ KNLA တပ်မဟာ ၆ ကလက်ဦးမှုရယူ
လိုက်ရာမှာ DKBA, KPF တပ်ဖွဲ့ဝင် ၇၀ ခန့် KNU နှင့်ပြန်လည်ပူးပေါင်း လာခဲ့သည်။

KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါးဆိုသူမှာ KNU ထံ ၅ ရက်ခန့်ရောက်ရှိခဲ့သည်။ ယခုအခါ ဘုရားသုံးဆူ
မြို့သို့ ပြန်လည်ရောက်ရှိနေသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views