အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာအိမ်ပြန်လာ

Kaowao
ဇူလိုင် ၁၄၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၄)။    ။ KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါးနှင့် အဖွဲ့ဝင်အချို့ လွန်ခဲ့သည့် ဇူလိုင်လ
၈ ရက်နေ့တွင် KNU ထံလက်နက်ချပူးပေါင်းခဲ့သလိုလို၊ အဖမ်းဆီးခံလိုက်ရသလိုလိုနှင့် သတင်းများပြန့်လွင့်
နေခဲ့ရာ ယခုအခါ ဘုရားသုံးဆူနယ်စပ်မြိုသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း မွန်ပြည်သစ်မှ အရာရှိ
တစ်ဦးက အတည်ပြုပြောကြားပါသည်။

မန်းလေးဝါးသည် ကြာအင်းဆိပ်ကြီးမြို့မှ ဇမိမြစ်ကြောင်းအတိုင်း ဘုရားသုံးဆူနယ်စပ်မြို့သို့ ပဲ့ချိတ်လှေ တစ်စီးဖြင့်ပြန်လာစဉ် KNU ကဖမ်းဆီးခဲ့သည်ဟု မန်းလေးဝါးနှင့် တွေ့ဆုံစကားပြောခဲ့သူ မွန်ပြည်သစ်ပါတီ၊ တားဒိန်ဂိတ်စခန်း တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ 

ဇမိမြစ်အထက်ပိုင်းရှိ မွန်ပြည်သစ်ပါတီ၊ တားဒိန်ဂိတ်စခန်းသို့ ယမန်နေ့ညပိုင်း ၈ နာရီခန့်တွင် မန်းလေးဝါး နှင့်တပည့် ၄ ဦး၊ လက်နက်မပါ လှေတစ်စီးဖြင့်ရောက်ရှိလာကာ အိပ်စက်နားနေခဲ့ပြီး ယနေ့နံနက်စောစော
ပိုင်းတွင် ဘုရားသုံးဆူမြို့သို့ ဆက်လက်ထွက်ခွာသွားပါသည်။ မန်းလေးဝါးထံ ပါလာသောလက်နက်များကို
KNU မှသိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါးကို KNU တပ်များဖမ်းဆီးခဲ့ပြီ ရက်ပိုင်းအနည်းငယ်အတွင်း၌
နောက်ထပ် KPF နှင့် DKBA တပ်ဖွဲ့ဝင်အများအပြား လက်နက်ခဲယမ်းများ အပါအဝင် တပ်ဖွဲ့ဝင်အင်အား
၁၀၀ ဝန်းကျင်ခန့် KNU တပ်မဟာ ၆ ထံသို့ ဝင်ရောက်လက်နက်ချ၊ ပူးပေါင်းလာသည်ကို သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မကြာမီတွင် KNU တပ်မဟာ ၆ နယ်မြေသို့ စစ်အစိုးရတပ်ဖွဲ့များနှင့် DKBA တပ်ဖွဲ့တို့ စစ်ဆင်ရေးပြုလုပ်ဖွယ် ရှိသည့်သတင်းများ ထွက်ပေါ်လာအပြီး ပဏာမအနေဖြင့် KNU မှ ကြိုတင်လက်ဦးမှု ရယူလိုက်သည့် နည်းဗျူဟာတစ်ရပ်သာဖြစ်ကြောင်း စစ်ရေးအကဲခတ်သူများက ပြောဆိုနေကြ၏။

စစ်အစိုးရတပ်မှ စကခ ၁၂၊ နည်းဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ရှိန် ဦးစီးပြီး ၄င်းတို့ ဗျူဟာရုံးတပ်ဖွဲ့
အချို့ KNU တပ်မဟာ ၆ ဧရိယာဖြစ်သည့် ဘုရားသုံးဆူနယ်စပ်မြို့အနီး ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာ၌
တပ်ရင်း ၂ ရင်း အင်အား ၂၅၀ ဝန်ကျင်ခန့်နှင့် အခြေပြုလျှက် လှုပ်ရှားနေသည်။

ဤစစ်ဆင်ရေးတွင် ဒီကေဘီအေမှ ဗျူဟာမှူးဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်ဦးစီးသော အထူး တပ်ရင်းတစ်ရင်းအပါအဝင် လက်အောက်ခံဒီကေဘီအေတပ်ရင်း ၉၀၁၊ ၉၀၆၊ ၉၀၇ တို့ပါဝင်နိုင်သည်ဟု KNU တို့ယူဆထားပါသည်။

ထိုင်းစစ်တပ်မှ အင်အား ၄၀၀၀ ခန့်ရှိ မြန်မာတပ်များ နယ်စပ်အနီးသို့ ရောက်ရှိနိုင်သည်ဟု တွက်ဆသပြီး ထိုင်းအမှတ် ၉ တပ်မကို အသင့်ပြုလုပ်ထားသည်ဟု ထိုင်းစစ်ဖက်အရာရှိတို့က ပြောပြသည်။

ဤထိုးစစ်ဆင်မှုတွင် တပ်ရင်း ၈ ရင်းခန့် ပါဝင်သည်ဟု သတင်းများဖြစ်ပေါ်နေရာ တပ်ရင်းတစ်ရင်း အင်အားအပြည့် စစ်သည် ၅၀၀ ခန့်နှင့်တွက်ဆလျှင် ထိုင်းစစ်တပ်မှတွက်ဆသော အင်အားမှန်ကန်သည်ဟု ဆိုနိုင်သော်ငြား လက်တွေ့တွင် မြန်မာစစ်တပ်၌ တပ်ရင်းတစ်ရင်းတွင် တိုက်ခိုက်ရေးအင်အား စုစုပေါင်း
စစ်သည် ၁၃၀ ဦးထက်မကျော်သည်ကို မြင်တွေ့နေရ၏။

ယခုအခါ မန်းလေးဝါးနှင့် ပြန်လာသူများကို ခလရ ၃၂ တပ်ရင်းမှူး ဒုဗမက ခင်ဇော်တို့ စစ်ဆေးမေးမြန်း
နေသည်ဟု သိရသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views