အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

  ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

Kaowao
ဇူလိုင် ၁၃၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၃)။    ။ ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့ရှိ ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးစခန်း၌ မြန်မာနိုင်ငံကူးလက်မှတ်ကို နေ့တွင်းချင်းအပြီးပြုလုပ်ပေးလျှက်ရှိကြောင်း ယနေ့ထုတ်စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြ ပါရှိခဲ့သည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် မြန်မာဝန်ထမ်းများအသုံးပြုနိုင်ရန် ထိုင်းအာဏာပိုင်တို့က ရုံးသုံးပစ္စည်းများ ကော့သောင်းမြို့သို့ လာရောက်လှူဒါန်းခဲ့သည့်တစ်ရက်တည်းမှာပင် မြန်မာနိုင်ငံသား ၃၀ ဦးကို နိုင်ငံကူး
လက်မှတ် ထုတ်ချက်ချင်းထုတ်ပေးခဲ့ပြီး ထိုင်းနိုင်ငံဖက်ခြမ်း ရနောင်းမြို့တွင် ၄င်းအလုပ်သမား ၃ဝအနက် ၁ဝဦးအား ထိုင်းတို့က L.A ဗီဇာများ ချက်ချင်းထုတ်ပေးခဲ့ကြသည်ဟု သတင်းစာတွင် ဆက်လက်ဖေါ်ပြပါသည်။

ယင်းကဲ့သို့ တရားဝင်အလုပ်သမားအဖြစ် ပြုလုပ်နိုင်ရန် ထိုင်းတို့ထံ လူတစ်ဦးလျှင် အလုပ်သမားမှတ်ပုံတင်
အတွက် ဘတ်ငွေ ၃၈၀၀၊ ၂ နှစ်ဗီဇာ ၂ကြိမ်ရရှိနိုင်ရန် ဘတ်ငွေ ၂၀၀၀ ထပ်မံကုန်ကျသည်ဟု သိရသည်။

သို့ရာတွင် အဆိုပါမြန်မာနိုင်ငံကူးလက်မှတ်ရရှိနိုင်ရန် မြန်မာနိုင်ငံဖက်မှ ကုန်ကျစရိတ်များကို မခန့်မှန်းနိုင်ကြပါ။ ထောက်ခံစာအမျိုးမျိုးကြောင့် ပေးကမ်းသွားရမည့် ကိစ္စများတွင် ဒေသအခြေအနေအလိုက် ကွဲပြားမှုများ ရှိနိုင်သည်။

ယင်းကဲ့သို့ ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးစခန်းများကို ရှမ်းပြည်နယ်၊ တာချီလိတ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့များတွင်လည်း ထားရှိရန် အစီအစဉ်များ ချမှတ်ထားကြောင်း ယခင်သတင်းများ၌ ဖေါ်ပြထားပြီးဖြစ်သည်။

သို့သော် တာချီလိတ်မြို့တွင် သြဂုတ်လလယ်ပိုင်းကျော်လွန်မှ စတင်နိုင်လိမ့်မည်ဟု သျှမ်းသံတော်ဆင့်သတင်း အယ်ဒီတာ ဦးခွန်စိုင်းက ယူဆပါသည်။

မြဝတီမြို့ဒေသခံများအဆိုအရ ဤကိစ္စအတွက်ပြင်ဆင်မှု အရိပ်အယောင်များ မတွေ့ရှိရသော်လည်း ထိုင်းအာဏာပိုင်များက မဲဆောက်မြို့တွင် ရုံးများဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဟု သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိရေးကိစ္စကို မြန်မာစစ်အာဏာပိုင်
တို့ အားမပေးလိုသော်လည်း ယခုကဲ့သို့ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိနေသော လာအို၊ ကမ္ဘောဒီယား နိုင်ငံသားများနည်းတူ အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းတို့အကြိမ်ကြိမ် တောင်းဆိုခဲ့မှုကြောင့် မြန်မာအလုပ်သမားများအတွက် အခွင့်အရေးကောင်းတစ်ရပ် ပေါ်ပေါက်လာသည်ဟု တွေ့မြင်မိ၏။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views