အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

 မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

Kaowao
ဇူလိုင် ၁၂၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၂)။    ။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စစ်အစိုးရမှထပ်မံတိုက်တွန်းချက်ကို ပြန်လည်သုံးသပ်နိုင်ရန် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်များ ယခုလဆန်းပိုင်း၌ ၄င်းတို့၏ဗဟိုဌာချုပ်တွင် အစည်းအဝေး ကျင်းပခဲ့ရာ ဆုံးဖြတ်ချက်အတည်မပြုနိုင်သဖြင့် ဗဟိုကော်မတီအရေးပေါ်အစည်းအဝေး တစ်ရပ်ကိုခေါ်ယူ ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသော် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးနှင့် ယနေ့တွေ့ဆုံ မေးမြန်းချက်အရ သိရှိရသည်။


သတ္တမအကြိမ်မြောက်မွန်ပြည်သစ်ပါတီဗဟို
ညီလာခံတွင် ဗဟိုကော်မတီဝင်များကျမ်း
သစ္စာကြိမ်ဆိုနေပုံ

ထူးခြားချက်တစ်ရပ်မှာ လွန်ခဲ့သည့်ဇွန်လ ၇ ရက်နေ့တွင် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌
မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ထောမွန်၊ ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့် ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း
တို့ တွေ့ဆုံခဲ့ကြစဉ် စစ်အစိုးရနေပြည်တော်၏ အချက် ၃ ချက်
ပါ တောင်းဆိုချက်အသစ်များ ပါလာသည်ဟု ဆိုပါသည်။

ယင်းတောင်းဆိုချက်များမှာ (၁) မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကို နယ်ခြားစောင့်တပ်အဖြင့် ပြောင်းလဲဖွဲ့စည်းပေးရန်၊(၂) အကယ်၍မပြောင်းလဲနိုင်ပါက ဌာနေပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ခံယူလျှင် ယခုတပ်ဖွဲ့ တည်နေရာများအတိုင်း ဆက်လက်ရပ်တည်ခွင့်ပြုမည်၊
(၃) အဆိုပါအချက်နှစ်ရပ်လုံးကို လက်မခံပါက မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ဥပဒေဘောင်
အတွင်း တရားဝင်ရပ်တည်နိုင်ရန် မွန်ပြည်သစ်ပါတီ၏ အမြင်သဘောထားများကို စစ်အစိုးရအားတင်ပြပေးရန် စသည့်အချက် ၃ ချက်ပါဝင်သည်ဟု ဆိုပါသည်။

ယင်းအချက်အလက်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာအား တွေ့ဆုံ မေးမြန်းခဲ့ရာတွင် မိမိသည်လည်း နိုင်ငံခြားခရီးထွက်ရှိနေစဉ် ဖြစ်ပေါ်ခဲ့သောကိစ္စများဖြစ်၍  ပါတီဌာနချုပ်သို့ ရောက်ရှိပြီးမှသာ အသေးစိတ်ကိုသိရှိနိုင်မည်ဟု ပြောဆိုခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးကမူ နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းလဲသွားရေးကိစ္စတွင် မွန်ပြည်သစ်ပါတီ၏ လက်ရှိရပ်တည်ချက်မှာ ယခင်အတိုင်းရပ်တည်ချက်များအတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာမရှိကြောင်းနှင့် ယခင်စစ်အစိုးရမှ မည်သည့်အခါမှမပြောခဲ့ဘူ့းသည့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အား တရားဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်နိုင်ရန် မည်ကဲ့သို့လုပ်ဆောင်ကြရမည့် အဆိုပြုချက်ကို လာမည့်ဗဟိုကော်မတီအစည်းအဝေး၌ သတိထား၍ အသေအချာ သုံးသပ်သွားရမည်ဟု ဆိုပြန်သည်။

မွန်ပြည်သစ်ခရိုင်ကော်မတီဝင်ဟောင်း နိုင်ဗညားက “ဒါကအမြင်သစ်တစ်မျိုးကို ပါတီတွင်းကို သွပ်သွင်းလာပြီး သဘောထားအမြင်တွေထွေပြားလာအောင် စစ်အုပ်စုကစားတဲ့ နည်းတစ်နည်းပါပဲ၊ တပ်နေရာချထားရေးကိစ္စ
ဟာ မွန်တပ်တစ်တပ်ကိုပဲ ကိုယ့်ပုံစံနဲ့ကိုယ်နေခိုင်းလို့ မဖြစ်နိုင်တဲ့ဟာ၊ အခြားတိုင်းရင်းသားတပ်တွေလည်း ရှိသေးတယ်လေ၊ အကောင်းဆုံးက အခုမွန်ပြည်သစ်လက်ရှိသဘောထားတွေအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို အများလက်ခံနိုင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲခေါ်ယူပြီး ဖွဲ့စည်းပုံကိုပြင်ဆင်လိုက်ယင် နိုင်ငံရေးကိစ္စတွေရော၊ တပ်ဖွဲ့ကိစ္စတွေပါ တစ်ခါထဲနဲ့ပြီးသွားမှာပါပဲ၊ ဒီသုံးပွင့်ဆိုင်ကိစ္စကို မလုပ်ပဲနဲ့တော့ ကျနော်တို့နိုင်ငံရေးကိစ္စ
အဝဝဟာ ဘယ်တော့မှလဲ ပြေလည်သွားစရာမရှိနိုင်ပါဘူး” ဟုသုံးသပ်ပြောဆိုခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက ကျင်းပခဲ့သော မွန်ပြည်သစ်ပါတီ သတ္တမအကြိမ်ညီလာခံမှ  နယ်ခြားတပ်ဖွဲ့အသွင် မပြောင်းနိုင်ကြောင်း စစ်အစိုးရအား ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏ ဒုတိအကြိမ်ထပ်မံကမ်းလှမ်းချက်ကို ဧပြီလဆန်းပိုင်းက ကျင်းပခဲ့သော မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှ ထပ်မံပယ်ချခဲ့ပြန်သည်။

ထိုကမ်းလှမ်းချက်များ မအောင်မြင်ခဲ့သဖြင့် နောက်ပိုင်းတွင် ဒုဗိုလ်ချုပ်ကြီးရဲမြင့် မော်လမြိုင်လာရောက်ခဲ့သော် လည်း မွန်ပြည်သစ်ခေါင်းဆောင်များကို ထပ်မံမတွေ့ဆုံပေ။ ယခုနောက်ဆုံးအကြိမ် ရတခတိုင်မှူးမှတဆင့် ယခုတစ်ဖန် ထပ်မံကမ်းလှမ်းခဲ့ပြန်သည်။

အပစ်ရပ်အဖွဲ့များတွင် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်
- UWSA ၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ - MNDAA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (ရှမ်းပြည်နယ် အရှေ့ပိုင်း) - NDAA-ESS တို့သည် စစ်အစိုးရ၏ နယ်ခြားတပ်ဖွဲ့အသွင်
ပြောင်းရေး ကမ်းလှမ်းချက်ကို ဆက်လက်ပယ်ချနေသည့် အဖွဲ့များဖြစ်သည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views