အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

 ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များလက်နက်ကြီးငယ်များဖြင့်အဝေးမှလှမ်းပစ်ခတ်ကြ

Kaowao
ဇူလိုင် ၁၁၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၁)။    ။ ယမန်နေ့ ဒေသစံတော်ချိန် ည ၇း၄၅ နာရီခန့်၌ ဘုရားသုံးဆူမြို့
အနောက်မြောက်ဖက် ၆ ကီလိုခန့်အကွာ KNLA တပ်ရင်း ၁၆ စခန်းငယ်တစ်ခုကို ဒီကေဘီအေ
အမှတ် ၉၀၁ တပ်ရင်း၊ ခွဲ ၁ မှစောရဲညွန့် နှင့်အဖွဲ့တို့က RPG ၂ ချက်၊M-16 ၃ ကျည်ကဒ်ခန့်
အဝေးမှလှမ်းပစ်ခဲ့ရာ ပစ်မှတ်များလွဲချော်နေသဖြင့် KNU မှပြန်လည်ပစ်ခတ်မှုများမပြုခဲ့
ကြောင်း၊ ၄င်းမြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီရုံး အရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ
သိရသည်။

သို့သော် ယင်းကဲ့သို့ သေနတ်သံများထွက်ဖေါ်ခဲ့ပြီးနောက် ၅ မိနစ်ခန့်အကြာတွင်ဘုရားသုံးဆူ
မြို့ အနီးရှိ ဒီကေဘီအေတပ်တည်ရာ တောင်ဝိုင်းစခန်းကို KNLA တပ်ဖွဲ့မှ M-79 ဖြင့်အဝေးမှ
၂ ချက်ပစ်ခတ်ခဲ့ပြန်ရာ စခန်းပြင်ပရှိ တောစပ်တစ်နေရာတွင် ကျရောက်ပေါက်ကွဲ ခဲ့ပြန်သည်။

၎င်းပစ်ခတ်မှုများတွင် အထိအခိုက် အပျက်အစီးတစ်စုံတစ်ရာမရှိခဲ့သော်လည်း ဘုရားသုံးဆူမြို့
ပေါ်သို့ လက်နက်ကြီးများ အချိန်အခါမရွေး ကျရောက်ပေါက်ကွဲလာမည်ကို ဒေသခံများ အလွန် စိုးရိမ်နေကြရသည်ဟု မေးမြန်းချက်များအရ ကြားသိရသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ မြန်မာစစ်တပ် ခလရ ၃၂ တပ်ရင်းမှာ ဤဖြစ်ရပ်များအပေါ် တစ်စုံတစ်ရာ
လှုပ်ရှားမှုများ မပြသခဲ့ပေ။

စစ်အစိုးရ စကခ ၁၂၊ နဗဟ ၁ သည်လည်း ဘုရားသုံဆူမြို့ပြင်ပ ခရီးလမ်းအားဖြင့် ၁၀ မိုင်ခန့်
သာဝေးကွာသော ချောင်းဆုံရွာတွင်အခြေပြုနေပြီး ယင်း KNLA စခန်းငယ်နှင့် ၂ မိုင်ခန့်သာ
ဝေးကွာသည်။

အဆိုပါ KNLA စခန်းငယ်ကို ဒီကေဘီအေတို့ လာရောက်ပစ်ခတ်စဉ်တွင် စခန်းအတွင်း မည်သူ
တစ်ဦးတစ်ယောက်မျှမရှိကြဟု အကဲခတ်များသုံးသပ်ကြသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းတွင်လည်း ဒီကေဘီအေ ၉၀၁ တပ်ရင်းမှ စောအေဝမ်း
တို့အဖွဲ့ KNLA နေ့ကင်းချရာစခန်းတစ်ခုကို လူမရှိသောအချိန်တွင်လာရောက် ပစ်ခတ်ခဲ့
သေးသည်။

စစ်ရေးစောင့်ကြည့်လေ့လာသူများအဆိုအရ KNLA တပ်ဖွဲ့တို့သည် နေ့ပိုင်းများတွင်တစ်နေရာ
ကိုယ်ယောင်ပြ၍ ညပိုင်းတွင် အခြားတစ်နေရာသို့ ပြောင်းရွေ့နေရာယူပြီး ရန်သူအဖက်ဖက်၏
အလစ်အငိုက် မခံရလေအောင် လှုပ်ရှားနေကြဟန်တူသည်။

ဇွန်လ ၂၈ ညကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ ခလရ ၃၂ တပ်ရင်းရုံးပြင်ပဧည့်ရိပ်သာရှေ့၊ SB
နှင့် စရဖရုံးအနီးတို့၌ လက်ပစ်ဗုံးတစ်လုံးစီပေါက်ကွဲခဲ့သော်လည်း လက်သည်မပေါ်သေးပေ။

သုံးသပ်သူများအနေဖြင့် အဆိုပါဗုံးပေါက်ကွဲမှုမှာ ယခုရက်ပိုင်းတွင် KNU တပ်မဟာ ၆ ထံ
လက်နက်ချဘက် ပြောင်းသွားသော KPF အမှတ် ၃ တပ်ရင်းမှူး ဒု-ဗမက မန်းလေးဝါး (ခေါ်)
စောလေးဝါးအပေါ် စစ်အစိုးရဘက်တို့မှ သံသယပွားနေသည်ဟု ဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့၊ အဖွဲ့အစည်းများကြားတွင် သတင်းပြန့်နေသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views