အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

 KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေပြီ

Kaowao
ဇူလိုင် ၁၀၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၀)။    ။ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ ၇ ဌာနချုပ်ကို လွန်ခဲ့သည့်ဇွန်လ ၂၁ ရက်နေ့တွင် ဒီကေဘီအေနှင့် စစ်အစိုးရပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး KNLA တပ် မဟာ ၆ ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ စစ်အစိုးရအရာရှိများနှင့် ဒီကေဘီအေ အဆင့်မြင့်ကိုယ်စားလှယ်တို့ ယမန်နေ့က ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးက အသိပေးပြောကြားခဲ့သည်။

ယခုစစ်ဆင်ရေးတွင် စစ်အစိုးရတပ်မှ စကခ ၁၂၊ နည်းဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ရှိန် ဦးစီးပြီး ၄င်းတို့ ဗျူဟာရုံးတပ်ဖွဲ့အချို့ KNU တပ်မဟာ ၆ ဧရိယာဖြစ်သည့် ဘုရားသုံးဆူနယ်စပ်မြို့အနီး ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာ၌ အခြေပြုလျှက်ရှိသည်ဟု နယ်စပ်စစ်ရေးသတင်း စောင့်ကြည့် လေ့လာသူများက အတည်ပြု ပြောကြားပါသည်။

ဆန်းစစ်လေ့လာမှုများအရ ယင်းစကခ ၁၂၊ နဗဟ ၁ လက်အောက်ခံတပ်များမှာ ဘုရားသုံးဆူ- သံဖြူဇရပ် မော်တော်ကားလမ်းတစ်လျှောက် အနန်းကွင်း- ဘုရားသုံးဆူအပိုင်းတွင် ခမရ ၃၅၆၊ ၃၅၇ တို့လှုပ်ရှားလျှက်ရှိပြီး ခမရ ၃၅၉ မှာ ထိုင်းနယ်စပ် ကျိုက်ဒုံဒေသတွင် အခြေပြုနေသည်။

အရံတပ်များအဖြစ် ခမရ ၂၈၂၊ ၂၈၃၊ ၂၈၄၊ ၅၄၆၊ ၅၄၇ တပ်ရင်းများကို အသင့်ပြင်ဆင်ထားပြီး ယခုလကုန်ပိုင်း ခန့်တွင် တိုက်ပွဲကြီးများစတင်ဖြစ်ပွားလာနိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုနေကြသည်။

ဤစစ်ဆင်ရေးကို ဒီကေဘီအေမှ ဗျူဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်ဦးစီးသော အထူး တပ်ရင်းတစ်ရင်းအပါအဝင် လက်အောက်ခံဒီကေဘီအေတပ်ရင်း ၉၀၁၊ ၉၀၆၊ ၉၀၇ တို့ပါဝင်နိုင်သည်ဟု KNU ဖက်ကယူဆထားကြောင်း သိရသည်။

လောလောဆယ်တွင် ဘုရားသုံးဆူဒေသတစ်ဝိုက် လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်ရေး တပ်ဖွဲ့မဟုတ်ပဲ စစ်ပွားရေးလုပ်ဆောင်ရန်နှင့် ဂိတ်ကြေးများကောက်ခံရန်သာ ထားရှိသောတပ်ဖွဲ့များ ဖြစ်သည်။ ၄င်းတပ်ဖွဲ့ဝင်များကို ဦးစီးကွပ်ကဲနေသူမှာ ဒီကေဘီအေစီးပွားရေး/ ဆက်ဆံရေးတာဝန်ခံ (ဘုရား သုံးဆူ ဒေသ) ဗိုလ်မှူးစိုးမိုးဖြစ်သည်။

စစ်အစိုးရနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်ကို ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များ လက်ခံခဲ့သော်လည်း ယင်းကိစ္စနှင့်အတူ ကရင်လူမျိုးအချင်းချင်း သတ်ဖြတ်နေရသည့် လုပ်ရပ်တို့ကို ဒီကေဘီအေတပ်ဖွဲ့ဝင်အတွင်း လက်မခံသူများရှိနေပြီး ၄င်းတို့၏လှုပ်ရှားမှုများကို ပြင်ပသတင်းဌာနသို့ တိတ်တဆိတ်ပေးပို့နေမှုများလည်း ရှိနေသည်။

ဤစစ်ဆင်ရေးမှာ ယမန်နေ့ဖေါ်ပြခဲ့သော KPF မှတပ်ရင်းမှူးတစ်ဦးနှင့်တပ်ဖွဲ့ဝင်အချို့ KNU ထံလက်နက်ချဘက် ပြောင်းသွားသည်နှင့်မသက်ဆိုင်ပဲ စစ်အစိုးရတို့ကြိုတင်ရေးဆွဲထားသည့်အစီအမံဖြစ်သည်ကို ယခင်လစစ် သတင်းများ ဖေါ်ပြချက်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

မကြာမီ တိုက်ပွဲများဖြစ်ပေါ်လာမည့် အခြေအနေများ ရှိနေသောကြောင့် ထိုင်းတို့ကလည်းအနီးကပ်စောင့်ကြည့် နေသည်ဟု သိရသည်။

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views