အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Kaowao
ဇူလိုင် ၁၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁)။    ။ ဇွန်လ ၂၈ ရက်နေ့ညက ဘုရားသုံးဆူမြို့၌ လက်ပစ်ဗုံး လုံးပေါက်ကွဲခဲ့ရာ ယနေ့အထိ ဒေသအာဏာပိုင်များက မည်သူမည်ဝါဟု လက်သည်မဖေါ်နိုင်(သို့မဟုတ်) ရေငုံနှုတ်ပိတ်နေကြရပြီး လုံခြုံရေး အစီအမံသစ်တစ်ရပ်သာ ထုတ်ပြန်ခဲ့ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်နေ့နံနက်ပိုင်းတွင် ဒေသအတွင်းလှုပ်ရှားနေကြသော ငြိမ်းချမ်းရေး၊ လက်နက်ချ အဖွဲ့ခေါင်းဆောင်များကို ခလရ ၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခင်ဇော် ခေါ်ယူတွေ့ဆုံ၍ သူ၏အမိန့်ကို နာခံ စေရန် တိုက်တွန်းခဲ့သည်ဟုသိရသည်။

“ သူပြောက သေနတ်ဒင်တွေတိုင်းမှာ ကိုယ့်အဖွဲ့အစည်းရဲ့ အလံတဆိပ်အမှတ်အသားတွေ ရေးထားရမယ်တဲ့၊ လွယ်တဲ့အလုပ်မှမဟုတ်ပဲ၊ ဘယ်အဖွဲ့ကမှ လိုက်နာကြမှာမဟုတ်ဘူးလို့ထင်တယ်၊ သူကတပ်ရင်းမှူး တစ်ယောက်
ပဲ၊
သူတပ်ကိုပဲဒီလိုအမိန့်ပေးလို့ရမယ်” ဟု KPF မှအမည်မဖေါ်လိုသော အရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်း ချက်အရ သိရသည်။

ဘုရားသုံဆူမြို့ပေါ်တွင် ရပ်ကွက် ရပ်ကွက်ရှိရာ မော်တော်ဆိုင်ကယ်အားလုံး နံပါတ်ပြား၌ သက်ဆိုရာ ရပ်ကွက်အမှတ်ကို ထင်ရှားစွာရေးသားထားရမည်ဟု ဆိုသဖြင့်မြို့ခံများ ပြုလုပ်ပေးကြရပြီဖြစ်သည်။

ညပိုင်းတွင်များလည်း ပြည်သူ့စစ်များကိုအကူပေးရန် တစ်ရပ်ကွက်လျှင် ယောက်ျား ၁၀ ဦးကျ လုံခြုံရေး လိုက်ပါ ပေးရမည်။ အတည်မပြုနိုင်သောသတင်းတစ်ရပ်တွင် မြို့ခံများမှ ပြည်သူ့စစ်အဖြစ် အတင်းဝင်ရောက် တာဝန် ထမ်းဆောင်စေမည့် အစီအမံများရှိနေသည်ဟု သတင်းများပြန့်နှံ့နေသည်။

သုံးဆူမြို့ပေါ်မှ ငြိမ်းအဖွဲ့ဝင် အရာရှိတစ်ဦးက “ဒီဗုံးကဗမာစစ်တပ်ကဗုံးပဲ၊ ရှာတွေ့တဲ့ လက်ပစ်ဗုံးကလစ်တံကွင်း
က M-99 နာနတ်သီးဗုံးပဲ၊
ဒီဗုံးအမျိုးအစားက ဗမာစစ်တပ်မှာပဲ သုံးကြတာ၊ လုံခြုံရေးအကြောင်းပြချင်လို့ အခုလိုအကွက်ထွင်တာပဲဆိုတာ အဖွဲ့အစည်းတိုင်းက ကြိုမြင်နေကြတာပဲ” ဟုဆိုသည်။

အကဲခတ်သူများအဆိုအရ အကယ်၍ KNU မှဖေါက်ခွဲမည်ဆိုလျှင် မြို့တွင်းအထိရောက်လာပြီး လေထဲ
အလာဟသ
ဗုံးဖေါက်ပစ်ခွဲအလုပ် လုပ်လိမ့်မည်မဟုတ်ဟု တွက်ဆပြသည်။

 

 



Untitled Document



သတင်း ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်စီရင်ချက်ကို သြဂုတ် ၁၁ သို့ထပ်မံချိန်း

DKBA နှင့်နအဖပူးပေါင်းတပ်များ KNUတပ်မဟာ၆ ဧရိယာသို့ဝင်ရောက်လာပြီ 

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင် ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

ဘုရားသုံးဆူနယ်စပ်ဝက်တုတ်ကွေးကာကွယ်ရေး ကျောင်းသားများအခက်တွေ့


KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံလက်နက်ချ

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဥာဏ်များတောင်းဆို

ဘုရားသုံးဆူအနီးတဝိုက်ရွာသားများ စာနပ်ရိက္ခာဝယ်ယူခြင်းကို ဒီကေဘီအေတပ်ဖွဲ့ပိတ်ပင်

DKBA အဖွဲ့ဝင် အမည်ခံသူများမဖြစ်မနေ ရှေ့တန်းသို့ သွားခိုင်း

စံခလပူရီတွင် ဝက်တုတ်ကွေးစတင်တွေ့ရှိ

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

မွန်ပြည်သစ်ပါတီမှ အောက်ခြေခရိုင်၊ တပ်ဖွဲ့များအသီးသီးသို့ သဘောထားအကြံပြုချက်များ
ရယူနေ


KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်


မွန်ပြည်နယ်တောင်ပိုင်း၌ ရေလွှမ်းမိုးနေ


မွန်ပြည်သစ်သတင်းအချို့ ဝက်ဆိုက်များတွင် ဖော်ပြမှုလွဲမှားနေကြောင်း ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးပြောကြား


ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ကယန်းမျိုးဆက်သစ်လူငယ်မှ အမြင်သဘောထားများ ထုတ်ပြန်ခြင်း


အကောက်ဂိတ်များလျှော့ကျ ကုန်သည်များဝမ်းသာ


KPF အမှတ် ၃ တပ်ရင်းမှူးလက်ချည်းဗလာ အိမ်ပြန်လာ

ကော့သောင်း၌မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေး

မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ပြီ

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြား ပါဝင်ပူးပေါင်းလာ

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ်များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဝက်တုတ်ကွေးကြောင့် ထိုင်းနိုင်ငံတွင်သေဆုံးသူ၁၁ဦးရှိသွားပြီ

မြန်မာနိုင်ငံတွင် HIV,AIDS ရောဂါကြောင့် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့

နာဂစ်ဒေသဆားလုပ်ငန်းရှင်များ ချေးငွေပြန်မဆပ်နိုင် အခက်ကြုံနေ

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု သုံးရာခိုင်နှုန်းမြင့်တက်လာသည်ဟု ပြည်ထဲရေးဝန်ကြီးတရားဝင်ပြောဆို

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု

ဘုရားသုံးဆူဗုံးပေါက်ကွဲအပြီး
တပ်ရင်းမှူး၏လုံခြုံရေးအစီမံသစ်

Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views