အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
သတင်း

           မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ရပ်တည်ချက်များတူညီ          

Kaowao Newsgroup, Imna
ဇန်နဝါရီ ၂၇၊ ၂၀၀၉

MNDF ဒု-ဥက္ကဌ နိုင်ငွေသိမ်း

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏(၂၀၀၈)ဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေ ကို ပယ်ချပြီး(၂၀၁၀) ရွေးကောက်ပွဲကို ဝင်ရောက် မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အပေါ် မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ (MNDF)၏ လက်ရှိရပ်တည်ချက် နှင့် တူညီကြောင်း ဒုဥက္ကဌ နိုင်ငွေသိမ်းနှင့် ဆက်သွယ်မေးမြန်း ချက်များအရ သိရှိရပါသည်။ 

၂၀၀၉-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ(၁၇)ရက်နေ့အထိ မွန်ပြည် သစ်ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သော သတ္တမ အကြိမ်မြောက် ပါတီဗဟိုညီလာခံ၏ ဆုံးဖြတ်ချက်မှာ (၂၀၀၈)ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံပယ်ချ ၍ စစ်အုပ်စုကျင်းပမည့်(၂၀၁၀) ရွေးကောက်ပွဲဆိုသည်ကို လည်း မွန်ပြည်သစ်ပါတီနေအဖြင့် တရား ဝင်ပါတီအဖြစ် ရပ်တည်ပြီး ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်း ကို မွန်ပြည်သစ်ပါတီမှ သတင်းဌာနများကို ထုတ်ဖော်ပြောကြားခဲ့ ပြီးဖြစ်သည်။


မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF ဒုဥက္ကဌ-နိုင်ငွေသိမ်း အဆိုအ ရ “မွန်ပြည်သစ်ပါတီနဲ့ကျနော်တို့ပါတီက လက်ရှိမှာရပ်တည်ချက် တူညီနေကြတယ်”

မွန်ဒီမိုအနေဖြစ်ရွေးကောက်ပွဲကော်မရှင်မှ နည်းဥပဒေများ မထုတ်ပြန်သေးသဖြင့် မိမိတို့ပါတီပြန်လည်မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကို တရားဝင်မထုတ်ပြန်သေးကြောင်း၊ သို့သော် မိမိတို့တိုင်းရင်သားပါတီများဆုံး ဖြတ်ထားသည့်အတိုင်း ယခုစစ်အစိုးရ၏(၂၀၀၈)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အတိုင်းဆိုလျှင် မိမိတို့ပါတီသည်လည်း ဝင်ရောက်မည်မဟုတ်ကြောင်း၊ အကယ်၍ သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ပြုလုပ်ပြီး အများသဘောတူညီလက်ခံသည့် ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေအသစ်တစ်ရပ် ပြင်ဆင်ရေးဆွဲမည်ဆိုလျှင် မိမိတို့ပါတီသည်လည်း ရွေးကောက်ပွဲ အသစ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ( လွတ်မြောက်နယ်မြေ ) MNDF ( LA ) အထွေထွေအတွင်းရေးမှူး နိုင်ဥဿာကို မေးမြန်ရာတွင် “၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီရဲ့သတ္တမအကြိမ်ညီလာခံ ဆုံးဖြတ်ချက် ကို ကျနော်တို့အထူးကြိုဆိုပါတယ်”၊

စစ်အစိုးရ၏(၂၀၁၀)ရွေးကောက်ပွဲဆိုသည်မှာ နဝတ စစ်အုပ်စု၏(၁၉၉၃)ခု အမျိုးသားညီလာခံမှ အခြေခံခဲ့ ကြောင်း၊ တိုင်းရင်သားကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစုပါဝင်ခွင့်မရှိခဲ့သော အတု အယောင်ညီလာခံရလာဒ်မှ ပေါ်ထွက်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လိမ်ညာခဲ့သည့်(၂၀၀၈)ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေ ၏ နောက်ဆက်တွဲ(၂၀၁၀)ရွေးကောက်ပွဲကို မိမိတို့ပါတီအနေဖြင့် လက်မခံနိုင်ကြောင်း၊ မွန်အမျိုးသား အကျိုးအတွက် ကြွေးကြော်ပြီး မွန်အမည်တပ် နိုင်ငံရေးပါတီအသစ် တစ်ရောက်ပေါ်ထွက်လာလျှင်လည်း ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မွန်လူထုတစ်ရပ်လုံးအတွက် အကျိုးဖြစ်ထွန်းမှုတစုံတရာမပါရှိသဖြင့် စစ်အစိုးရအလိုကျ နောက်လိုက်သော ကိုယ်ကျိုးရှာသမားများသာပါဝင်ကြမှာဖြစ်ကြောင်း၊ မွန်ပြည်သူများအနေဖြင့် ဒီမိုကရေစီနည်း အရ မိမိတို့ဆန္ဒသဘောထားအတိုင်း ရပ်တည်သွားနိုင်သည်လည်းဟု ပြောဆိုသွားပါသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို(၁၉၈၈)ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး(၁၉၉၀)ရွေး ကောက်ပွဲတွင် အမတ်(၁၉)နေရာဝင်ရောက်ယဉ်ပြှိုင်ခဲ့ရာ အမတ်(၅)နေရာရရှိခဲ့သည်။ ၁၉၉၂-ခုနှစ် မတ်လ(၁၉) ရက်နေ့တွင် နဝတ မှတရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ ခေါင်းဆောင်များသည်လည်း ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရသည်။ မွန်လွှတ်တော်အမတ် နိုင်သောင်းရှိန်တစ်ဦးတည်းသာ ပြည်ပနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ပြီး ပြည်ပရောက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်ဟောင်းများကို ပြန်လည်းစုစည်းကာ(၂၀၀၈)ခုနှစ် စက်တင်ဘာလ
(၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံ၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ)ကို ဖွဲ့စည်းခဲ့သည်။ MNDF သည် (၁၉၉၀)ရွေးကောက်ပွဲတွင်ပါဝင်ခဲ့သည့် တိုင်ရင်းသားပါတီ(၁၃)ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွှတ်သော တိုင်ရင်းသား လူမျိုးစုများမဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်လည်းဖြစ်သည်။

အထင်ကရ မွန်သံဃာတော်တစ်ပါးအား လျှောက်ထားမေးမြန်းရာတွင် ဆရာတော်မှ “မွန်ပြည်သစ်ပါတီနဲ့ မွန်အမျိုး သားဒီမိုကရေစီအဖွဲ့တို့ လက်ရှိရပ်တည်ချက်ကို မွန်သံဃာအများစုက လက်ခံပါတယ်၊ ဒါပေမဲ့ မွန်အမျိုးသား ကိုယ်စားပြု လွတ်တော် ကိုယ်စားလှယ်အမတ် အစစ်အမှန်များ လိုအပ်နေပါတယ်၊ အဲဒါမှ မွန်စာပေယဉ်ကျေးမှု ရေးရာနဲ့ပတ်သက်လို့လွတ်တော်မှာ တင်ပြခွင့်ရှိနိုင်မယ်”၊

ယခင် နိုင်ငံတော်မဟာသံဃာ့ နာယကအဖွဲ့တွင် နှီးပဒေါဆရာတော်တစ်ပါး ပါဝင်ခဲ့သဖြင့် မွန်သံဃာတော်များ ပထမပြန်စားမေပွဲ ဖြေဆိုရာတွင် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကမာဝက် ဆရာတော် ဘဒ္ဒန္တပါလိတ၊ ဘဒ္ဒန္တအိန္ဒက၊ သံဖြုဇရပ်မြို့ စူကကျောင်းဆရာတော်၊ မြို့လယ်ကျောင်းဆရာတော်နှင့် မွန်သံဃာတော်အများစု အမြင်များမှာ ဤသို့ပင်ဖြစ်ကြောင်း မိန့်ကြားသွားပါသည်။ 

ပြည်တွင်းရှိမွန်ပြည်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် စစ်အစိုးရ၏(၂၀၁၀)ရွေးကောက်ပွဲမှ ထွက်ပေါ်လာ သောအကျိုးဆက်များမှာ မွန်အမျိုးသားတို့အတွက် ရလာဒ်ကောင်းများ တစုံတစ်ရာပါရှိမည်မဟုတ်သောကြောင့် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်အမတ်လောင်းများ ပါဝင်ရှင်ယဉ်ပြိုင်ဖို့မသင့်ကြောင်း၊ ဖြစ်ပေါ်လာမည့် လွှတ်တော်အသစ်တွင်လည်း မိမိအင်းအားရှိမည်မဟုတ်သောကြောင့် စစ်အစိုးရအလိုကျသာ  လိုက်လံဆောင် ရွက်ရမည်ဖြစ်ပြီး မည်သို့မျှအကျိုးရှိနိုင်မည်မဟုတ်ကြောင်းကို မိမိတို့မွန်စာပေယဉ်ကျေးမှု အသိုင်းအဝိုင်းကြားတွင် ဆွေးနွေးသုံးသပ်နေကြကြောင်း စသဖြင့် ပြောဆိုသွားပါသည်။

ထိုင်းနိုင်စပ်ရှိ မွန်ပြည်သူတစ်ဦးကမူ မွန်ပြည်သစ်ပါတီအနေဖြင့်(၁၃)နှစ်ကျော်ကြာ အပစ်ရပ်ခဲ့ရာတွင် မွန်အမျိုး သားတို့၏အကျိုးကို အကာအကွယ်မပြုနိုင်ခဲ့ကြောင်း၊ ပညာရေး ကျန်မားရေးနှင့် ဒေသဖွံဖြိုးရေး ကိစ္စအနည်းငယ် မျှလောက်သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများလည်း မပြုလုပ်နိုင်ခဲ့ကြောင်း၊ မွန်ပြည်သစ်အနေဖြင့် ရွေးကောက်ပွဲဝင်လည်မထူး၊ မဝင်လည်းမထူး  အပစ်ခတ်ရပ်စဲ ထားနိုင်ယုံမျှသာရှိသည်ဟု ထုတ်ဖော်ပြောကြားသွားပါသည်။ 

၁၉၄၈-တွင်မွန်ပြည်သူ့တပ်ဦး လက်နက်ကိုင် တိုက်ပွဲစတင်ခဲ့ရာ(၁၉၅၈)၌ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးသဘော တူညီမှူပြုခဲ့ပြီး အကြွင်းမဲ့လက်နက်အပ်နှင်းကာ တရားဝင်ပါတီအဖြစ် ဥပဒေဘောင်အတွင်း ရပ်တည်ဝင်ရောက် ခဲ့ပြီး ရွေးကောက်ပွဲဝင်ရောက်ခဲ့ရာ အမတ်(၅)နေရာရှိခဲ့ဘူးသည်။ ၁၉၆၂ နေဝင်းစစ်အုပ်စု အာဏာသိမ်းပွဲတွင် ထိုထိပ်ပိုင်းခေါင်ဆောင်များ ဖမ်းဆီးခံခဲ့ကြရပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရသည်။ မွန်ပြည်သူ့တပ်ဦး၏ လက်နက်နှင့်ဒီမိုကရေစီ လဲလှယ်သည့်မူကို လက်မခံနိုင်၍ ဗဟိုကော်မတီဝင် နိုင်ရွှေကျင်က ဥက္ကဌအဖြစ် ခေါင်းဆောင်ကာ မွန်ပြည်သစ်ပါတီကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကို ယနေ့တိုင် အနှစ်(၅၀)ကျော် ကိုင်စွဲရပ်တည်ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့တွင် နဝတစစ်အစိုးရနှင့်အပစ်ရပ်ခဲ့သည်။

the 7th Congress of NMSP

သတ္တမအကြိမ်ညီလာခံ၌ ရွေးချယ်ခံ မွန်ပြည်သစ်ပါတီဗဟိုကော်မတီများကျမ်းသစ္စာကျိမ်ဆိုနေပုံ



 



Untitled Document



သတင်း ဇန်နဝါရီ - ဖေဖဝ်ဝါရီ ၂၀၀၉


တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများမော်တော်ကားတိမ်းမှောက် ဒဏ်ရာများရရှိ

တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်းကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင်

ဌာနေပြန်မည့်တရားဝင်မွန်အလုပ်သမားတို့ကို ထိုင်းရဲက ဖမ်း၍ရွှေငွေများကိုသိမ်းယူ  

မွန်အမျိုးသားနေ့အခမ်းအနား အင်္ဂလန်  

ဓါတ်မြေသြဇာမလုံလောက်မှုကြောင့် လယ်သမားများ အခက်ကြုံ

မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ရပ် တည်ချက်များတူညီ


ဒုက္ခသည်အစစ်က အတုဖြစ်ပြီး အတုကအစစ်ဖြစ်နေ


မွန်ပြည်သစ်ပါတီ သတ္တမအကြိမ်ညီလာခံ အောင်မြင်စွာပြီးစီးပြီ


လောင်းကစားဝိုင်းကိုဖမ်း အထက်ကိုစာရင်းလိမ်တင်ပြ  


မွန်ပြည်သစ်ပါတီခေါင်းဆောင်သစ်များ ရွေးချယ်ပြီးစီး

မော်လမြိုင်လေယာဉ်ကွင်းအနီးမီးလောင်သော်လည်း လက်သည်မပေါ်  

မွန်ပြည်သစ်ပါတီဗဟို သတ္တမအကြိမ်မြောက် ညီလာခံ ဆက်လက်ကျင်းပနေဆဲ


Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views