အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Interviews - Kaowao (Burmese Version)
မေးမြန်းချက်

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး တွေ့ဆုံမေးမြန်းချက်

နိုဝင်ဘာ ၁၅၊ ၂၀၀၇

နအဖဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံနေမှုအပေါ် မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး နှင့် Kaowao Newsgroup တွေ့ဆုံမေးမြန်းချက်

Kaowao - အောက်တိုဘာ(၂၄)ကစပြီးတော့ စရဖက ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က တိုင်းရင်းသားအပစ်ရပ် အဖွဲ့အတော်များများကို တွေ့ဆုံပြီးပြီ။ မွန်ပြည်သစ်ပါတီကိုရော လာရောက်တွေ့ဆုံဖို့ အကြောင်းကြားထားတာ ရှိလား?

နိုင်အောင်မငေး - ကျနော်တို့ကို တွေ့ဆုံဖို့ အကြောင်းကြားထားတာတော့ရှိတယ်၊ ဒါပေမဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ဆုံဖြစ်မယ်လို့ တရားဝင်အကြောင်းကြားထားတာတော့ မရှိသေးဘူး။ ရက်အတိအကျတော့ မရှိသေးပါဘူး။

Kaowao - ကေအိုင်အေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မထူးနော်အဖွဲ့တို့ကိုပါ ဒီဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က အကုန်တွေ့ဆုံနေ တာကြားသိရတယ်၊ အခုလာတွေ့ဆုံတာလဲ နအဖဥက္ကဌကြီးကိုယ်တိုင်က တရားဝင်ကိုယ်စားလှယ်အဖြစ် နဲ့ဆိုတော့ မွန်ပြည်သစ်ပါတီဘက်ကရော ဘာများတင်ပြဖို့ ပြင်ဆင်ထားတာရှိလဲ?
နိုင်အောင်မငေး - ဒ႘ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အနေနဲ့ ကျနော်တို့ကို တစ်ခါမှတွေ့ဆုံခဲ့တာမရှိပါဘူး၊ လာရောက်တွေ့ ဆုံတယ် ဆိုတာက ထူးခြားမှုတော့ ရှိပါတယ်၊ ခါတိုင်းဆို ကျနော်တို့ကနေတဆင့် ရန်ကုန်ကိုသွားပြီး တွေ့ဆုံရတာဘဲ ရှိဖူးတယ်၊ ဒီလို ဒုတိယဗိုလ်ချုပ်ကြီးအနေနဲ့ ကျနော်တို့ဒေသမှာ ဒီလိုလာရောက်တွေ့တာလဲ သူတို့ဘက်က မေးခွန်း ထုတ်ဖို့ဘဲ ရှိပါတယ်။ ကျနော်တို့ဘက်က ပြင်ဆင်ထားတာကတော့ ဒီနိုင်ငံရေးဦးတည်ချက်လမ်းကြောင်းပေါ်မှာဘဲ ရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးရေး အဖြေရှာဖို့ဘဲ၊ ဒီတွေ့ဆုံဆွေးနွေး လမ်းကြောင်း ဖြစ်မြောက်အောင် တကယ့်စေတနာ အမှန်နဲ့ တကယ်တိတိကျကျလုပ်ဆောင်ဖို့ဘဲ ကျနော်တို့ အကြံပြုမှာပေါ့နော်။


Kaowao - ဒီကာလအတွင်းမှာ နအဖတို့က သူတို့နဲ့ ပြဿနာ တစ်စုံတစ်ရာ မတက်ရလေအောင် လာရောက် ဆွေးနွေးနေတာလို့ ပြည်ပအကဲခတ်တွေက ပြောနေကြပါတယ်။ ဘာကြောင့် အခုအခြေအနေမျိုးမှာမှ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေနဲ့ လာတွေ့ဆုံရတာလဲလို့ မွန်ပြည်သစ်ပါတီအနေနဲ့ ထင်ပါသလဲ။

နိုင်အောင်မငေး - အခုတွေ့ဆုံတဲ့ပုံစံက တကယ့်ထူးထူးခြားခြားလို့ ဆိုရမှာဘဲ၊ ကာလအခြေအနေနဲ့လည်း ထူးထူးခြား ခြား ရှိပါတယ်။ ဒီစက်တာဘာလ ဆန္ဒပြမှုအပြီးရယ်၊ အမျိုးသားညီလာခံရဲ့ ဆွေးနွေးမှုအပြီး ရယ်ပေါ့၊ ကျနော်တို့ဘက်က ပြင်ဆင်မှုအနေနဲ့က တိုင်းရင်းသားပြည်သူတွေရဲ့အခွင့်အရေးတွေ၊ ပြည်သူတွေကောင်းစားဖို့အတွက် မျှော်လင့်ပြီးတော့ ကျနော်တို့က (၉၅)ခုနှစ်ကတည်းက အပစ်အခတ်ရပ်စပ်ခဲ့တာပါ၊ ကျနော်တို့အနေနဲ့က နိုင်ငံရေးကို နိုင်ငံရေးနည်းအရဘဲ တွန်းအားပေးသွားမှာပါ။ ဒီceasefire ကို အကြောင်းမဲ့ ကျနော်တို့ဘက်က ဖောက်ဖျက်ဖို့ မရည်ရွယ်ပါဘူး။

Kaowao - နအဖ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားမယ်လို့ ပြောပါ တယ်။ မွန်ပြည်သစ်ပါတီက ဒီဆွေးနွေးပွဲကို ဘာကြောင့်ကြိုဆိုတာလဲ။ အကောင်းဘက်ကို ဆောင်လာနိုင်တဲ့ဆွေးနွေးပွဲ လို့ ထင်ပါသလား?

နိုင်အောင်မငေး - တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ဆန္ဒကိုကတည်းက ကျနော်တို့မွန်ပြည်သစ်ပါတီက ကြိုဆိုပါတယ်၊ တွေ့ ဆုံဆွေးနွေးရေးအမြင်ပေါနော်၊ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးရေးလုပ်ဖို့အတွက်ကို ဒီအကန့်အသတ်တွေ ထားထားတာ မသင့်လျော်ဘူး၊ မဖြစ်သင့်ဘူး၊ ဒီအကန့်အသတ်တွေ ထားထားခြင်းအားဖြင့် ဒီတွေ့ဆုံဆွေးနွေးရေးကို အဟန့်အတား အများကြီးဖြစ်စေတယ်၊ ဒီတွေ့ဆုံဆွေးနွေးပွဲ မဖြစ်အောင်ကို နအဖဘက်က တမင်တကာ လုပ်ထားသလို ဖြစ်နေတယ်၊ တကယ်လို့များ တကယ့်စေတနာမှန်မှန်နဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်၊ ဒီအကန့်အသတ်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲ အထမမြောက်နိုင်ဘူး ဆိုပြီးတော့လည်း စိုးရိမ်စိတ်တွေ မထားသင့်ပါဘူး၊ ဒါ့ကြောင့် ဒီတွေ့ဆုံဆွေးနွေးပွဲကို ဘယ် လောက်လက်တွေ့ကျကျလုပ်မလဲ ဆိုတဲ့အပေါ်မှာဘဲ အရေးကြီးပါတယ်။

Kaowao - နအဖ နဲ့ ဒေါ်စုတို့ တွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တစ်ဖွဲ့အနေနဲ့ ဘာများ မျော်လင့်နိုင်ပါသလဲ?

နိုင်အောင်မငေး - တွေ့ဆုံဆွေးနွေးပွဲကတော့ တကယ့်လုပ်သင့်လုပ်ထိုက်တဲ့အခြေအနေ၊ အချိန်အခါက ပေးလာ ပြီးလေ၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးလုပ်သင့်နေပါပြီ၊ ပြည်သူလူထုတို့ရဲ့ဆန္ဒ၊ နိုင်ငံတကာကတောင်းဆိုလာ မှုကိုလည်း လေးစားခြင်းအားဖြင့် လုပ်သင့်ပါပြီ၊ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ကောင်းမွန်တဲ့အဖြေတစ်ခုကို ရှာသင့် ပါတယ်၊

Kaowao - နအဖက သူတို့ရဲ့လမ်းပြမြေပုံ(၇)ချက်အတိုင်း သွားမယ်လို့ လာအို နဲ့ ဗီယက်နမ်နိုင်ငံက ပြန်လာတဲ့ နအဖဝန်ကြီးချုပ် သိန်းစိန်ကလဲ သတင်းစာမှာ ပြောနေတယ်။ တဖက်ကလဲ ဆက်ဆံရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်နေတယ်ဆိုတော့ အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ရော မိမိတို့ရဲ့ပြတ် သားတဲ့ခံယူချက်၊ ယုံကြည်ချက်တစ်ခုခုနဲ့ ဒီအချိန်မှာ မရပ်တည်သင့်ဘူးလား?

နိုင်အောင်မငေး - ကျနော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ ကျနော်တို့အမြဲတမ်း ပြောနေ၊ တောင်းဆိုနေတဲ့အရာတစ်ခုပါ၊ ဒါက ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်မှာလည်း ထည့်ထားတယ်၊ အဖြေရှာဖို့ ဒီတွေ့ဆုံ ဆွေးနွေးရေးထက် ကောင်းတဲ့နည်းလမ်းလည်း မရှိပါဘူး၊ တကယ်လို့များ နအဖ ဘက်က ဒီလမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် ကောင်းမွန်တဲ့အဖြေရလာဒ်တစ်ခု ပေါ်လာမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် ပြည်သူ့ကိုယ်စားလှယ်များရဲ့ ပါဝင်မှု အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားသလို ဖြစ်နေတယ်၊ တိုင်းရင်းသားတို့ရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားရာရောက်နေတယ်၊ (၅/၉၆)ကို ကြည့်ခြင်းအားဖြင့်လည်း လူထုရဲ့ ပါဝင်မှုအခန်း ကဏ္ဍကိုလည်း အကန့်အသတ်ထားထားတယ်၊ နောက်ပြီး ဆွေးနွေးပွဲရလာဒ်ကို ကျနော်တို့ကြည့်ခြင်းအား ဖြင့် ဓမ္မဓိဌာန် မကျပါဘူး၊ ဒီလမ်းပြမြေပုံအတိုင်း သွားနေမယ်ဆိုရင် တိုင်းပြည်ကောင်းစားဖို့အတွက်၊ ဖွံ့ဖြိုးသာယာတဲ့နိုင်ငံတစ်ခု တည် ထောင်ဖို့အတွက် ဒါဟာကောင်းတဲ့ရလာဒ်တစ်ခု မဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့အနေနဲ့ကလည်း ပြတ်ပြတ်သားသား ပါဘဲ၊ တွေ့ဆုံဆွေးနွေးပွဲကို လုပ်ပါ၊ ဒီတွေ့ဆုံဆွေးနွေး ရေးကနေဘဲ သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်လာအောင် လုပ်ကြပါ၊ ကျနော်တို့က အမျိုးသားညီလာခံမှာ ကတည်းက အပြုသဘောဆောင်မဲ့ကောင်းတဲ့ရလာဒ် ထွက်လာမှာမဟုတ်လို့ ညီလာ ခံကိုယ်စားလှယ် စေလွှတ်နေတဲ့အဆင့်ကနေ လေ့လာသူအဆင့်ဘဲ တက်ရောက်တာလည်း ကျနော်တို့က ပြတ်ပြတ် သားသား လုပ်ခဲ့ပြီးပြီပေါ့၊

Kaowao - ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ပါဝင်မှုကို လျှော့ကျပြီး ကိုယ်ပြည်တွင်းရေးကို ဖြေရှင်းဖို့ နအဖက အားထုတ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

နိုင်အောင်မငေး - နအဖအနေနဲ့ အခုအချိန်မှာမှ ကုလသမဂ္ဂရဲ့ပါဝင်မှုကို လျှော့ချပြီတော့ အဖြေရှာဖို့ကြိုးစားလာတာ လည်း မသင့်လျော်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံအနေနဲ့ ဒီဂလိုဘယ်လိုက်စေးရှင်းခေတ်ထဲမှာ ဒီလိုအထီး ကျန်ပုံစံမျိုး နေလို့မသင့်တော့ပါဘူး၊ အခြားနိုင်ငံတို့နဲ့ဆက်စပ်ပြီးတော့ နေရမယ်၊ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ တစ်နေ့ ထက်တစ်နေ့ အခက်အခဲတွေ ကျန်းမားရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ ကပ်ဘေးဒုက္ခအများကြီးနဲ့ ကြုံတွေ့ လာတဲ့အခါကျရင် ကျနော်တို့ကို မပြစ်ပယ်ဘဲ ဖေးမကူညီကြဖို့၊ ဆွဲခေါ်ဖို့၊ ဝိုင်းဝန်းဖြေရှင်းပေးဖို့ အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် ကျနော်တို့က အထီးကျန်စွာ မနေဘဲ နိုင်ငံတကာအလယ်ရဲ့ အားပေးကူညီမှုတွေ၊ စာနာမှုကိုလည်း အလေး အနက်ထားသင့်ပါတယ်၊ ကုလသမဂ္ဂရဲ့အဆုံးအဖြတ်အတိုင်း၊ ဒီယူအန်အက်စ်စီရဲ့အကြံပြုချက်အတိုင်း သုံးပွင့်ဆိုင်ဆွေး နွေးရေးဟာ အကောင်းဆုံးဖြစ်ပါတယ်၊ နိုင်ငံတကာရဲ့လမ်းညွှန်မှုအတိုင်း ကျနော်တို့ တိတိကျကျ သွားသင့်ပါတယ်၊

Kaowao - ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြေငြာချက်မှာ တိုင်းရင်းသားတို့ရဲ့အခန်းကဏ္ဍကိုလဲ အလေးအနက်ထား ကြောင်း ဖော်ပြထားတယ်။ ဒီနအဖရဲ့ကန့်သတ်ချက်ကြားများ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်ဖို့ ဒေါ်စု အနေနဲ့ စွမ်းဆောင်နိုင်ပါ့မလား?

နိုင်အောင်မငေး - ဒါကတော့ နအဖရဲ့သဘောထားအမြင်အပေါ်မှာဘဲ မူတည်ပါတယ်၊ သူတို့က Dialogue ဖြစ်ဖို့အခြေ အနေ၊ ဖြစ်စေချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ဆန္ဒအပေါ်မှာဘဲ မူတည်ပါတယ်၊ Dialogue ဖြစ်စေချင်တဲ့ဆန္ဒစေတနာက မမှန် ကန်ဘူးဆိုရင်၊ Dialogue ဆိုတဲ့စကားလုံးနဲ့အမည်ခံပြီးတော့ တခြားလုပ်ငန်းတွေဘဲဆက်လုပ်သွားနေမယ်ဆိုရင် ဒါက သမိုင်းစာမျက်နှာအထက်မှာရော ရာဇဝင်ဆိုးတစ်ခု တွင်သွားပါလိမ့်မယ်၊ ဒါကြောင့် ဒီDialogue ကို အခြေပြုပြီးတော့ လှည့်စားမှု မပြုကြပါနဲ့၊ စေတနာမှန်မှန်ကန်ကန်နဲ့ ပြည်သူတို့ရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုး မနစ်နာစေဖို့ အထူးရှေ့ရှုပြီး တော့ ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအတိုင်း သွားသင့်ပါတယ်။

Kaowao - အခြားဘဝတူတိုင်းရင်းသားအဖွဲ့အစည်းတွေကိုရော ဘာများတိုက်တွန်းချင်တာရှိပါသလဲ?

နိုင်အောင်မငေး - ကိုယ့်ပြည်သူတွေရဲ့စစ်မှန်တဲ့အကျိုးကိုဘဲ ကြည့်ကြပါ၊ မှန်မှန်ကန်ကန် ရပ်တည်ကြပါ၊ တိုင်းပြည်အကျိုးအတွက်ဆိုရင် အားပေးကူညီကြပါ၊

 

မှတ်ချက်။ ။Kaowao သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ Asohn Vi တွေ့ဆုံမေးမြန်းသည်။


 

တွေ့ဆုံမေးမြန်းချက်
တွေ့ဆုံမေးမြန်းချက်


လူစိတ်ဝင်စားမှုနည်းပါးတဲ့(၂ဝ၁ဝ)ရွေးကောက်ပွဲ

NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီအတွင်းရေးမှူး(၃) ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် တွေ့ဆုံမေးမြန်းချက်

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်နှင့်မေးမြန်းချက်

မွန်ပြည်သစ်ပါတီဥက္ကဌကြီးနိုင်ထောမွန်နှင့်တွေ့ဆုံမေးမြန်းခြင်း 

မွန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ နိုင်မတ်ဒိပ်

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး တွေ့ဆုံမေးမြန်းချက်


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views