အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား။
သတင်း

ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်ရှောင်အား အရှေ့တောင်တိုင်းမှခေါ်ယူတွေ့ဆုံ

Kaowao
ဒီဇင်ဘာ ၃ ၊၂၀၀၉။

ကောင်းဝါ(ဒီဇင်ဘာ- ၃)။     ။ မွန်ခွဲထွက်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော ရာမညတပ်ဖွဲ့ ၏ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်သည် နိုဝင်ဘာ(၃ဝ)ရက်နေ့တွင် ရေးမြို့နယ်မှ မော်လမြိုင်မြို့ရှိအရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ သွားရောက် တွေ့ဆုံခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ရှိ အရာရှိတစ်ဦးမှပြောပါ သည်။

ဗိုလ်မှူးကြီးရှောင်၏ တပည့်ဟောင်းတစ်ဦးအဆိုအရ ၄င်းလက်နက်ချစဉ် အတွင်း နအဖတပ်ဘက်ကိုပေးထားသောဂတိနှင့် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖေါ်ဆောင်နိုင်ခြင်းမရှိသဖြင့်  အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်ဟုဆိုသည်။


ထို့အပြင် ၄င်းတို့တောင်းဆိုထားသော ဌာနေပြည်သူ့စစ်တပ်အသွင်ကိုလည်း စစ်အာဏာပိုင်များမှ ယခုအချိန်အထိ ခွင့်ပြုချက်မပေးသေးဟုပြောပါသည်။

မော်လမြိုင်မြို့ရှိ စစ်ဘက်နှင့်နီးစပ်သူတစ်ဦး၏အဆိုအရ ဗိုလ်မှူးကြီးနိုင်ရှောင်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ခေါ်ယူတွေ့ဆုံသည်မှာ မှန်ကန်ကြောင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိရကြောင်း ယနေ့ တိုင် မော်လမြိုင်မြို့ရှိ နေအိမ်တွင်နေထိုင်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
 
မွန်ပြည်သစ်ကနေ အနားယူထားသောဗိုလ်မှူးကြီးဟောင်းနိုင်ရှောင်သည် ၂ဝဝ၉ခုနှစ်ဇွန်လလောက်တွင် ရာမည တပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး စစ်အစိုးရကို စစ်ရေးအရလက်နက်ကိုင်တိုက်ခိုက်မည်ဟု ကျေညာချက်ထုတ်ပြန် ခဲ့သော်လည်း အောက်တိုဘာ(၁၂)ရက်နေ့တွင် မြဝတီမြို့မှတဆင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ လက်နက်ချ ခဲ့သည်။  

ရေးမြောက်ပိုင်းဒေသတွင် ဌာနေပြည်သူ့စစ်အသွင်ဖွဲ့စည်းရန် ကြိုးပမ်းနေသည်ဟု မွန်နိုင်ငံရေးအကဲခတ်သူအချို့ ၏ပြောပြချက်အရ သိရပါသည်။

 


သတင်း အောက်တိုဘာ ၂၀၀၉



သတင်း ဒီဇင်ဘာ၂၀၀၉

ဝင်းဖနုံဆည်ရေ မြစ်ချောင်းများထဲစီးဆင်းနေ

ဆိုင်ကယ်မစီးရအမိန့်ကြောင့် ရန်ကုန်ရဲများအခက်ကြုံ

ဖာပွန်ကရင်နှစ်သစ်ကူးပေါက်ကွဲမှုတွင် KNU လက်ချက်မဟုတ်ဟုပြော

မွန်ပြည်နယ်တောင်ပိုင်းကျောင်းသားများ ဘိန်းစာရွက်မူးယစ်ဆေးသစ်တစ်မျိုးသုံးစွဲလာကြပြီ

နိုင်အောင်နိုင်အဖွဲ့တွင်ရာမညတပ်ဖွဲ့ခေါင်းဆောင်နိုင်ရှောင် ဝင်ရောက်ပူးပေါင်းလိုက်ပြီ

မြန်မာစစ်တပ်ရိုက်နှက် ရွာဥက္ကဌမေ့မျောနေ

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများပြားလာသော်လည်း မြန်မာများရတက်မအေးနိုင်ကြသေး

ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်ရှောင်အား အရှေ့တောင်တိုင်းမှခေါ်ယူတွေ့ဆုံ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီး

မလေးရှားUNHCR မှ မွန်ဒုက္ခသည်တစ်ထောင့်ငါးရာကျော်ကို အသိအမှတ်ပြုပေး

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views