အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်ဖွဲ့အစားထိုးဝင်ရောက်လာ

Kaowao
သြဂုတ် ၁၇ ၊၂၀၀၉။

စံခလပူရီ(သြဂုတ်- ၁၇)။    ။ဘုရားသုံးဆူမြို့၌ လေးလကျော်ခန့်မြို့စောင့်တပ်အဖြစ် ထားရှိခံခဲ့ရသော ရတခတိုင်း လက်အောက်ခံ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရင်းအစား ကော့ကရိတ်မြို့စကခ ၁၂ လက်အောက်ခံ ခမရ ၂၈၃ တပ်ရင်းရောက်ရှိလာပြီး မနက်ဖြန် နံနက်ပိုင်းတွင် တပ်အပြောင်းအလဲပြုလုပ်ကြ တော့ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ရှိ အမည်မဖေါ်လိုသော စစ်ဖက်ဝန်ထမ်းတစ်ဦးက ဖုန်းဖြင့်ပြောပြခဲ့သည်။

အဆိုပါ ခမရ ၂၈၃ စစ်ကြောင်းရုံးကို ဘုရင့်နောင်ကုန်းရှေ့ရှိ တပ်ဧည့်ရိပ်သာတွင် ယာယီစခန်းချထားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူများက ဆိုပါသည်။

အဆိုပါတပ်ဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် ချောင်းဆုံ(ကရိန်ထော်)မှတဆင့် ထရပ်ကား ၉ စီးဖြင့် ဘုရားသုံးဆူ မြို့ထဲသို့ ဝင်ရောက်လာခဲ့ရာ အင်အားစုစုပေါင်း ၁၃၀ ခန့်ရှိသည်ဟု သိရကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦး က တွေ့ရှိချက်ကို ပြောပြခဲ့သည်။

ယမန်နေ့ နံနက် ၁၁း၃၀ ခန့်တွင် အဆိုပါစစ်ကြောင်းသည် ဘုရားသုံးဆူ - အပလုံရွာကြားရှိ မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရှိရာ တားဒိန်ရွာ(ဂိတ်စခန်း)၌ တစ်နာရီနီးပါးခန့် ဝင်ရောက်နားခိုခဲ့သည်ဟု ဂိတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဤစစ်ကြောင်းသည် သံဖြူဇရပ်မြို့ကိုဖြတ်သန်းခဲ့ပြီး ဘုရားသုံးဆူမြို့သို့ ကားလမ်းမအတိုင်း လာရောက်စဉ် သြဂုတ်လ ၁၀ ရက်နေ့တွင် ဇီးနှစ်ပင်ရွာအလွန်၌ KNU တပ်မဟာ ၆ မှပြောက်ကျား ၅ ဦး၏ ရှေ့ထွက်ဆွဲမိုင်းတစ် လုံး ထိမှန်ခဲ့ရာ တပ်သားနှစ်ဦးကျဆုံးခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ယနေ့ညတွင် အသစ်ရောက်ရှိလာသော ခမရ ၂၈၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးအား ညစာစားပွဲတစ် ရပ် ဧည့်ခံကျင်းပမည်ဟု ဘုရားသုံးဆူမြို့ရှိ စီးပွားရေး၊ ကုန်သည်အသိုင်းအဝိုင်းများက ပြောကြားပါသည်။

ယမန်နေ့ ညပိုင်းကလည်း မြို့ခံ အကြီးစားကုန်သည်တစ်ဦးက ဧည့်ခံပွဲတစ်ရပ်ကျင်းပခဲ့သေးသည် ဆိုကြသည်။

ဘုရားသုံးဆူနယ်စပ်မြို့မှာ ကော့ကရိတ်မြို့နယ်ခွဲ အဆင့်သာဖြစ်သည်။ မြို့စောင့်တပ်ရင်းမှူးမှာ အာဏာအရပ်ရပ် ကို ချုပ်ကိုင်ထားပြီး မယက စသည့်မြို့နယ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဌမှအစ ဌာဆိုင်ရာအားလုံးကို တပ်ရင်းမှူး၏ အမိန့်ကိုသာ လိုက်နာကြရသည်။

ထိုင်းတို့မြန်မာသစ်များဖမ်းဆီးသိမ်းယူခဲ့သဖြင့် ဒု-ဗိုလ်မှူးကြီးခင်ဇော် သွားရောက်ညှိနှိုင်းခဲ့စဉ်(ဂျင်းဘောင်းဘီနှင့်အလယ်တွင်ရပ်နေသူ)

ဘုရားသုံးဆူမြို့သည် တရားဝင်လုပ်ငန်းကြီး များ အလုပ်မဖြစ်ထွန်း ပေ၊ သစ်မှောင် ခိုလုပ် ငန်းနှင့် လောင်းကစား မှု အမျိုးမျိုးကို တရား ဝင်ကဲ့ သို့ ဗြောင်ဗြောင် တင်းတင်း လုပ်ဆောင် နေကြသည်။ ထို့ကြောင့် အကြီး ဆုံးအာဏာရှိသူကို စီးပွားရေးသမားများ က မျက်နှာသာပေး ဆက်ဆံလိုကြသည်။

ဘုရားသုံးဆူမြို့မှ မနက်ဖြန်တွင် ထွက်ခွာရတော့မည့် ခလရ ၃၂ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးခင်ဇော်၏ စစ်ကြောင်း များမှာ စစ်ဆင်ရေးနယ်မြေတစ် ခုခုသို့ ပို့ဆောင်ခံရနိုင်ဖွယ်ရှိသည်ဟု အနီးကပ်စောင့်ကြည့်လေ့လာနေသူများက သုံးသပ်နေကြသည်။

ဒုဗိုလ်မှူကြီးခင်ဇော် ဘုရားသုံးဆူမြို့တွင် တာဝန်ယူနေစဉ် လွန်ခဲ့သည့်မေလတတိယအပတ်က ဘုရားသုံးဆူမြို့ နှစ်ဖက်နယ်ခြားဂိတ်ကို တိတ်တဆိတ်ဖွင်လှစ်စေခဲ့ပြီး တရားမဝင်သစ်များ ထိုင်းနိုင်ငံသို့တင်ပို့ခဲ့ရာ ထိုင်းတို့က ဖမ်းဆီးသိမ်းယူခဲ့သဖြင့် မြန်မာသစ်ကုန်သည်များနှင့် သစ်အလုပ်သမားများ ငွေကြေးများစွာ ဆုံးရှုံးနစ်နာခဲ့ကြ ရသည်။

ဇူလိုင်လ ပထမအပတ်တွင်လည်း ဒုဗိုလ်မှူကြီးခင်ဇော်၏ကိုရေးအရာရှိ ဖြစ်ခဲ့သူ ဗိုလ်ကိုကိုလွင် အပါအဝင်တပ်ဖွဲ့ဝင် ၁၂ ဦး ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသည့်သတင်းကို ထိပ်ပိုင်းစစ်အရာရှိများ သိရှိသွားသဖြင့် ၄င်းမှာများစွာ အကြပ်ရိုက်သွားပြီး သတင်းဌာနများသို့ ဆက်သွယ်သတင်းပေးနေသူများကို ဖေါ်ထုတ်အရေးယူသွားရန် ဘုရားသုံးဆူမြို့ရှိ အရပ်ဖက်ဝန်ထမ်းများကို အမိန့်ပေးညွှန်ကြားခဲ့သည်ဟု သိရသည်။

စရဖ၊ ရဲ ၊ ရဲအထူးသတင်းတပ်ဖွဲ့များနှင့် နီးစပ်သူများပြောကြားချက်အရ ခလရ ၃၂ တပ်ရင်း ဘုရားသုံးဆူမြို့သို့ ရောက်ရှိသည့် ၄ လကျော်ကြာကာလ၌ တပ်ပြေး ၃၀ ခန့်ရှိခဲ့သည်ဟုသိရသည်။

 



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း သြဂုတ် ၂၀၀၉


NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင်ရပ်ဆိုင်း

လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို

တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့

သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေမှအဆမတန်အခွန်ကောက်ခံလာမှုကိုလက်မခံကြ

နအဖစစ်ကြောင်းထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်ကျ ဆုံးမှုရှိ

မွန်ပြည်သစ်ပါတီဝင်များခရီးသွားလာမှုအပေါ် စစ်အစိုးရဂိတ်များတွင်ပိုမိုစစ်ဆေး

ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (၆)ကြိမ်မြောက်ညီလာခံကျင်းပခဲ့

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအား ဆူပူအုံကြွမှုဖန်တီးသူဟုနအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့

ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး

မွန်တော်လှန်ရေးနေ့ပြုလုပ်သည့်အတွက် မော်လမြိုင်တက္ကသိုလ် မွန်ကျောင်းသားများ သတိပေးခံရ

ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်ဖွဲ့အစားထိုး ဝင်ရောက်လာ


KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကိုဖိတ်ခေါ်ကြိုဆိုနေ

ဒီကေဘီအေတပ်သားသစ်အတင်းကောက်ယူနေမှု သံဃာတော်များနှင့်ဒေသခံများလက်မခံနိုင်

နအဖစစ်ကြောင်းများ ပြောက်ကျားပစ်ခတ်ခံရပြီးကျဆုံးမှုများရှိ

ဒီကေဘီအေမှထွက်ပြေးခဲ့သူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ

ရန်ကုန်မြို့တွင်စားသုံးဆီများဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှလှိမ့်ဝင်နေဆဲ

ဒီကေဘီအေစခန်းကို ဒီကေဘီအေတပ်ဖွဲ့ကပစ်ခတ်၊ စစ်အစိုးတပ်မှတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ

နို
င်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ကတောင်းဆို

(၆၂)ကြိမ်မြောက်မွန်အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်

အထင်ကရဆရာတော်များက ဒီကေဘီအေ တပ်သားသစ်အဓ္ဓကောက်ယူနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအားမေတ္တာရပ်ခံ

စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views