အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း
မွန်ပြည်သစ်ကတောင်းဆို

Kaowao
သြဂုတ် ၆၊၂၀၀၉။

စံခလပူရီ(သြဂုတ်-၆)။    ။ မွန်ပြည်သစ်ပါတီတပ်များကို စစ်အစိုးရက နယ်ခြားတပ်ဖွဲ့ သို့မဟုတ်လျှင် ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့အသွင်  မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထားရှိသွားရန် စစ်အစိုး၏တောင်းဆိုထား ချက်ကို လက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးသင့်ကြောင်း သြဂုတ်လ ၅ ရက်နေ့၌ကျရောက်သည့် ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီမှ ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး စစ်အစိုးရထံတရားဝင် ပေးပို့လိုက်သည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနမှ ပြောခွှင့်ရပုဂ္ဂိုလ် နိုင်ဟံသာဗွန်းခိုင်နှင့် မေးမြန်းချက်အရသိရသည်။


ပြည်ပရေးရာဌာန နိုင်အောင်မင်း သဘာပတအဖွင့် မိန့်ခွန်းမြွက်ကြားစဉ် (ဘုရားသုံးဆူနယ်စပ်တွင်ကျင်းပခဲ့သော မွန်တော်လှန်ရေးနေ့အခန်းအနား)

“မနေ့ကကျရောက်ခဲ့တဲ့ ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာပဲ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်တလညီက  အရှေ့
တောင်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းထံ သွားရောက်တွေ့ဆုံပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များရဲ့ ဆုံးဖြတ်ချက်ကို
သွားရောက် ပေးပို့ခဲ့တယ်”ဟု  သူကပြောကြား
ခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို အခြားလူမျိုးစုများကဲ့သို့ပင် နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်
ဖြေရှင်းနိုင်ရန် အပစ်အခတ်ရပ်စဲခဲ့ရသည်ဟု ဆိုပါသည်။

မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်မရှိအခြေအနေတွင် ပါတီနှင့် တပ်ကို ခွဲခြားထားခြင်း၊ ဖျက်သိမ်းခြင်းစသည်တို့ကို လက်ခံနိုင်မည် မဟုတ်ဘူးကြောင်း ဗဟိုကော်မတီဝင်များက လွန်ခဲ့သည့် သြဂုတ်လ
၁ ရက်နေ့၌ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။


ဘုရားသုံးဆူဒေသ ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခန်းအနား

အခြားအပစ်ရပ်အဖွဲ့ကဲ့သို့ပင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များကိုလည်း နယ်ခြားစောင့်တပ်ဖွဲ့ (သို့မဟုတ်)
ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့အသွင် စစ်အစိုးရရဲ့ လက်အောက်တွင် ဆက်လက်ထားရှိသွားရန် လွန်ခဲ့သည့် ဇွန်လ ၇ ရက်နေ့၌ အရှေ့တောင်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်အား ခေါ်ယူ တွေ့ဆုံခဲ့စဉ် နောက်ဆုံး အကြိမ်ထပ်မံတိုက်တွန်း ပြောကြားခဲ့သည်။

ယမန်နေ့က ကျရောက်ခဲ့သော ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းရွာ၊ အောက်ခြေခရိုင် ၃ ခုတို့တွင် အခန်းအနားများ မိုးရွာနေသည့်ကြားတွင် ကျင်းပခဲ့သည်ဟု သိရသည်။

မွန်တော်လှန်ရေးနေ့သည် ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့တွင် ဖဆပလအစိုးရကို မွန်လူငယ်
များ လက်နက်ကိုင်စတင်တော်လှန်သောနေ့ကို သတ်မှတ်ခဲ့ကြသည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း သြဂုတ် ၂၀၀၉


NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင်ရပ်ဆိုင်း

လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို

တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့

သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေမှအဆမတန်အခွန်ကောက်ခံလာမှုကိုလက်မခံကြ

နအဖစစ်ကြောင်းထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်ကျ ဆုံးမှုရှိ

မွန်ပြည်သစ်ပါတီဝင်များခရီးသွားလာမှုအပေါ် စစ်အစိုးရဂိတ်များတွင်ပိုမိုစစ်ဆေး

ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (၆)ကြိမ်မြောက်ညီလာခံကျင်းပခဲ့

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအား ဆူပူအုံကြွမှုဖန်တီးသူဟုနအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့

ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး

မွန်တော်လှန်ရေးနေ့ပြုလုပ်သည့်အတွက် မော်လမြိုင်တက္ကသိုလ် မွန်ကျောင်းသားများ သတိပေးခံရ

ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်ဖွဲ့အစားထိုး ဝင်ရောက်လာ


KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကိုဖိတ်ခေါ်ကြိုဆိုနေ

ဒီကေဘီအေတပ်သားသစ်အတင်းကောက်ယူနေမှု သံဃာတော်များနှင့်ဒေသခံများလက်မခံနိုင်

နအဖစစ်ကြောင်းများ ပြောက်ကျားပစ်ခတ်ခံရပြီးကျဆုံးမှုများရှိ

ဒီကေဘီအေမှထွက်ပြေးခဲ့သူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ

ရန်ကုန်မြို့တွင်စားသုံးဆီများဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှလှိမ့်ဝင်နေဆဲ

ဒီကေဘီအေစခန်းကို ဒီကေဘီအေတပ်ဖွဲ့ကပစ်ခတ်၊ စစ်အစိုးတပ်မှတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ

နို
င်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ကတောင်းဆို

(၆၂)ကြိမ်မြောက်မွန်အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်

အထင်ကရဆရာတော်များက ဒီကေဘီအေ တပ်သားသစ်အဓ္ဓကောက်ယူနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအားမေတ္တာရပ်ခံ

စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views