အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

အထင်ကရဆရာတော်များက ဒီကေဘီအေတပ်သားသစ်အဓမ္မကောက်ယူမှုနေမှုအပေါ်

မြိုင်ကြီးငူဆရာတော်ဦးသုဇနအား မေတ္တာရပ်ခံ     

ို

Kaowao
သြဂုတ် ၃ ၊၂၀၀၉။

မော်လမြိုင်(သြဂုတ်-၃)။    ။ သထုံမြို့နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကျေးရွာများ၌ 
ဒီကေဘီအေ တပ်ဖွဲ့များမှ တပ်သားသစ်များ အတင်းကောက်ယူနေသဖြင့် ရွာသားများ ထွက်ပြေးရှောင်တိမ်း
နေရသောကြောင့် သထုံမြို့ မြသပိတ်ကျောင်းဆရာတော် ဦးစီးသောရဟန်းသံဃာများသည်မြိုင်ကြီးငူ ဆရာတော်ဦးသုဇနကို မေတ္တာရပ်ခံ တိုင်ကြားခဲ့သည်ဟု ဘားအံမြို့နေ ဒါယကာတစ်ဦးမှ ပြောဆိုခဲ့ပါသည်။

မြိုင်ကြီးငူဆရာတော်အနေဖြင့် ဤကဲ့သို့ မဖြစ်အောင်ထိန်းသိမ်းပါမည်ဟု တာဝန်ခံခဲ့သော်လည်း လက်တွေ့တွင် အရေးတယူဆောင်ရွက်နိုင်ခြင်း မတွေ့ရှိခဲ့ရပေ။

ဒီကေဘီအေအရာရှိတစ်ဦးအဆိုအရ လွန်ခဲ့သည့် ၂ နှစ်ခန့်၌ DKBO ကိုဖျက်သိမ်းလိုက်စဉ်ကတည်းက မြိုင်ကြီးငူ ဆရာတော်မှာ ဒီကေဘီအေအပေါ်သြဇာမညောင်းတော့ပဲ တပ်ဖွဲ့ဝင်များအနေဖြင့် သက်သတ်လွတ်စားခြင်း၊ အရက်မသောက်ရခြင်း စသည့်အလေ့အထများ DKBA တပ်ဖွဲ့အတွင်း ပျောက်ကွယ်ခဲ့သည်။

အထူးသဖြင့် မြသပိတ်ကျောင်းဆရာတော်နှင့် အထင်ကရဆရာတော်တချို့ ကန့်ကွက်ခဲ့သောဖြစ်ရပ်အတွက် ဒေသခံကရင်လူမျိုးများအကြား အထူးစိတ်ဝင်စားနေကြရပါသည်။

စစ်မှုမထမ်းလိုသူများ ငွေသိန်းချီပေးဆောင်ရပြီး တချို့စိတ်မချရသောစစ်မှုထမ်းသူများကို ငွေနှစ်သိန်း အာမခံတင်ထားရပါသည်။  အများအားဖြင့် သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုးအစရှိသည့် ရွာပေါင်း (၇၂)ရွာ၌ နေထိုင်သောကရင်ရွာသားများကို စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ပြီး အတင်းအဓမ္မခေါ်ယူ စုဆောင်းနေသည်ကို ဒေသခံများ အထိတ်တလန့် ဖြစ်နေကြရပါသည်။ အလားတူ ကော့ကရိတ်မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင်လည်း တပ်သားသစ်များ အတင်းအကြပ်ကောက်ယူနေသည်ကို ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရှိခဲ့ရသည်။

ဆရာတော်၊ ရဟန်းသံဃာတော်များမှ ဤကဲ့သို့ စစ်သားအဖြစ် အတင်းကောက်ယူမှုမပြုလုပ်ရန် မေတ္တာရပ်ခံ ခဲ့သော်လည်း ဒီကေဘီအေတပ်ဘက်မှ ဂရုမစိုက်အလေးမမူသည့်အတွက် ဒီကေဘီအေတပ်ကို ကြိုးကိုင် ထားသော မြိုင်ကြီးငူဆရာတော်ကို တိုင်ကြားရခြင်းဖြစ်သည်ဟု အဆိုပါဒါယကာက ပြောကြားခဲ့သည်။
         

 



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း သြဂုတ် ၂၀၀၉


NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင်ရပ်ဆိုင်း

လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို

တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့

သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေမှအဆမတန်အခွန်ကောက်ခံလာမှုကိုလက်မခံကြ

နအဖစစ်ကြောင်းထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်ကျ ဆုံးမှုရှိ

မွန်ပြည်သစ်ပါတီဝင်များခရီးသွားလာမှုအပေါ် စစ်အစိုးရဂိတ်များတွင်ပိုမိုစစ်ဆေး

ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (၆)ကြိမ်မြောက်ညီလာခံကျင်းပခဲ့

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအား ဆူပူအုံကြွမှုဖန်တီးသူဟုနအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့

ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး

မွန်တော်လှန်ရေးနေ့ပြုလုပ်သည့်အတွက် မော်လမြိုင်တက္ကသိုလ် မွန်ကျောင်းသားများ သတိပေးခံရ

ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်ဖွဲ့အစားထိုး ဝင်ရောက်လာ


KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကိုဖိတ်ခေါ်ကြိုဆိုနေ

ဒီကေဘီအေတပ်သားသစ်အတင်းကောက်ယူနေမှု သံဃာတော်များနှင့်ဒေသခံများလက်မခံနိုင်

နအဖစစ်ကြောင်းများ ပြောက်ကျားပစ်ခတ်ခံရပြီးကျဆုံးမှုများရှိ

ဒီကေဘီအေမှထွက်ပြေးခဲ့သူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ

ရန်ကုန်မြို့တွင်စားသုံးဆီများဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှလှိမ့်ဝင်နေဆဲ

ဒီကေဘီအေစခန်းကို ဒီကေဘီအေတပ်ဖွဲ့ကပစ်ခတ်၊ စစ်အစိုးတပ်မှတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ

နို
င်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ကတောင်းဆို

(၆၂)ကြိမ်မြောက်မွန်အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်

အထင်ကရဆရာတော်များက ဒီကေဘီအေ တပ်သားသစ်အဓ္ဓကောက်ယူနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအားမေတ္တာရပ်ခံ

စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views