အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့

Kaowao
သြဂုတ်၂၈၊၂၀၀၉။

 ထွက်ပြေးလွတ်မြောက်လာသော မောင်ကျော်စိုး

စံခလပူရီ(သြဂုတ်-၂၈)။    ။ လွန်ခဲ့သည့် အပတ်တွင် ထိုင်းနယ်စပ်ဘုရားသုံးဆူမြို့မှ ပြန်လည်ထွက်ခွာသွားသော ခလရ ၃၂ တပ်ရင်းမှ တပ်သားသစ်စုဆောင်းရန် အတွက် လူငယ် ၅ ဦးကိုခေါ်ဆောင်သွားခဲ့ သည့်အနက် တစ်ဦးမှာ နယ်စပ်တစ်နေရာ သို့ သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးလွတ် မြောက်လာခဲ့ရာ ကောင်းဝါသတင်းဌာနနှင့် ယမန်နေ့က တွေ့ဆုံမေးမြန်မှုပြုလုပ်ခဲ့ သည်။

အဆိုပါပြန်လည်လွတ်မြောက်လာသူမှာ အသက် ၁၅ နှစ်အရွယ် မောင်ကျော်စိုး ဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် မိဘများနှင့် အတူ ကျဘမ်းအလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ လွန်ခဲ့သည့်သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်ကျော်စိုး အပါ အဝင် လူငယ် ၅ ဦးတို့ကို မြန်မာစစ်သားများက မိဘများမသိစေရန် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“ကျနော်ဆော့ကစားရာကနေ စစ်သားတစ်ယောက်က ခဏလာပါလို့ဆိုပြီးလိုက်သွားခဲ့တယ်၊ သူတို့ဆီရောက်တော့ မပေးပြန်တော့ဘူး၊အခြားကောင်လေးတွေလည်းခေါ်ထားတယ်၊ ကျနော့်ထက်ငယ်တာ ၂ ယောက်၊ ကြီးတာ ၂ ယောက် အားလုံး ၄ ယောက်လည်း ပါတယ်၊ သူတို့နာမည်ကိုကျနော်မသိဘူး အဲဒီစစ်သားတွေနဲ့အတူ ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ တစ်ညအိပ်ပြီးနောက်တစ်နေ့ ဘုရားသုံးဆူကနေပြီး စစ်ကြောင်းထွက်လာတယ်၊ ကျနော် တို့ ၅ ယောက်စလုံးကို နေရာခွဲပြီးပေါ်တာထမ်းခိုင်းတယ် လမ်းတစ်လျှောက်လုံးပဲ” ဟု မောင်ကျော်စိုးက ပြောဆို ခဲ့သည်။

မောင်ကျော်စိုး၏ပြောပြချက်အရ သူဌေးတစ်ယောက်၏ ခြံအလုပ်သွားနေသည်ဟုသာ မိဘများ နားလည်နေကြ သည်။ အစပိုင်းတွင်ပေါ်တာထမ်းရန် တစ်ရက်ခန့် ခေါ်ဆောင်သွားသည်ဟု မိမိထင်မိခဲ့သော်လည်း နောက်ရက်များ တွင် စစ်သားလုပ်ရန်ပြောဆိုလာကြသည်။

“နှစ်ရက်သုံးရက်ကြာလာတော့ စစ်ထဲဝင်ရင်ပိုက်ဆံပေးမယ်၊ စစ်ထဲဝင်မလားလို့ဆရာကြီးတစ်ယောက်ကပြော တော့ ကျနော်ဗမာစစ်သားမလုပ်ဘူး၊ စစ်တပ်ထဲမဝင်နိုင်ဘူးလို့ ငြင်းလိုက်တယ်” ဟု မောင်ကျော်စိုးက ဆက်လက် ဖွင့်ပြပြောဆိုပါသည်။

၎င်းခလရ ၃၂ စစ်ကြောင်းနှင့်လိုက်ပါသွားစဉ် သြဂုတ်လ ၂၃ ရက်နေ့က KNU တို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မောင်ကျော်စိုးမှာ လက်နက်ကြီးကျည်ဆံနှစ်စ ညာဖက်လက်မောင်း၌ ထိမှန်ခဲ့သည်။ ထို့နောက် မဲဇလီရွာအလွန် လေးဖိုးရွာ၌ညအိပ်ရပ်နားစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်လူငယ် ၄ ဦးမှာ အဆိုပါခလရ ၃၂ စစ်ကြောင်းနှင့် လိုက်ပါသွားခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကျည်အပိုင်းအစ ထိခိုက်ဒဏ်ရာ

အဆိုပါဒဏ်ရာမှာမစိုးရိမ်ရသော်လည်း လမ်းခရီးတွင် ၅ ရက်ခန့်ကြာမြင့်ခဲ့သောကြောင့် အနာကျက်ရန် အနည်းဆုံး ရက်သတ္တနှစ်ပတ်ခန့် ဆက်လက်ကုသရမည်ဟု ဆေးကုသပေးနေ သော မွန်ကျန်းမာရေးဆေးဝန်ထမ်းက ပြောဆို ခဲ့သည်။

မြို့စောင့်တပ်အဖြစ် ဘုရားသုံးဆူမြို ၌ ခလရ ၃၂ တပ်ရင်းအင်အား ၁၂၀ ခန့်တာဝန်ယူစဉ် လေးလကျော် ကာလအတွင်း ဗိုလ်တစ်ဦးအပါ အဝင် အခြားအဆင့်ရဲဘော် ၃၀ ခန့် တပ်မှ ထွက်ပြေးခဲ့ကြသည်ဟု သတင်းများ တွင်ဖေါ်ပြ ခဲ့ပြီးဖြစ်သည်။ ယင်းတပ်ပြေးများ အစားထိုးရရှိ နိုင်ရေး မဖြစ် မနေလုပ်ဆောင်ရန် အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ ခလရ ၃၂ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော်အား ပြင်းပြင်းထန်ထန်သတိပေး၊ ညွှန်ကြားထား သည်ဟု သိရသည်။  



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း သြဂုတ် ၂၀၀၉


NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင်ရပ်ဆိုင်း

လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို

တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့

သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေမှအဆမတန်အခွန်ကောက်ခံလာမှုကိုလက်မခံကြ

နအဖစစ်ကြောင်းထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်ကျ ဆုံးမှုရှိ

မွန်ပြည်သစ်ပါတီဝင်များခရီးသွားလာမှုအပေါ် စစ်အစိုးရဂိတ်များတွင်ပိုမိုစစ်ဆေး

ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (၆)ကြိမ်မြောက်ညီလာခံကျင်းပခဲ့

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအား ဆူပူအုံကြွမှုဖန်တီးသူဟုနအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့

ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး

မွန်တော်လှန်ရေးနေ့ပြုလုပ်သည့်အတွက် မော်လမြိုင်တက္ကသိုလ် မွန်ကျောင်းသားများ သတိပေးခံရ

ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်ဖွဲ့အစားထိုး ဝင်ရောက်လာ


KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကိုဖိတ်ခေါ်ကြိုဆိုနေ

ဒီကေဘီအေတပ်သားသစ်အတင်းကောက်ယူနေမှု သံဃာတော်များနှင့်ဒေသခံများလက်မခံနိုင်

နအဖစစ်ကြောင်းများ ပြောက်ကျားပစ်ခတ်ခံရပြီးကျဆုံးမှုများရှိ

ဒီကေဘီအေမှထွက်ပြေးခဲ့သူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ

ရန်ကုန်မြို့တွင်စားသုံးဆီများဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှလှိမ့်ဝင်နေဆဲ

ဒီကေဘီအေစခန်းကို ဒီကေဘီအေတပ်ဖွဲ့ကပစ်ခတ်၊ စစ်အစိုးတပ်မှတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ

နို
င်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ကတောင်းဆို

(၆၂)ကြိမ်မြောက်မွန်အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်

အထင်ကရဆရာတော်များက ဒီကေဘီအေ တပ်သားသစ်အဓ္ဓကောက်ယူနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအားမေတ္တာရပ်ခံ

စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views