အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ
သတင်း

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအားဆူပူအုံကြွမှုဖန်တီးသူဟု နအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့

Kaowao
သြဂုတ်၂၁ ၊၂၀၀၉။

စံခလပူရီ(သြဂုတ်- ၂၁)။   ။ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာအား  ရယကများထံ စစ်အစိုးရ၏ ကန့်သန့်အဆင့်ဖြင့် ညွှန်ကြားစာတစ်စောင်တွင် ထည့်သွင်းဖေါ်ပြခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မွန်ပြည်သစ်ပါတီနိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်အောင်မင်း ပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မင်း၊ ဒုတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်၊ လွတ်လပ်သောမွန်သတင်း အေဂျင်စီ IMNA နှင့် ကောင်းဝါသတင်းဌာန Kaowao Newsgroup အယ်ဒီတာတို့ ယမန်နေ့ညနေ ၆ နာရီက စံခလပူရီရှိ မွန်ပြည်သစ်ပါတီနိုင်ငံခြားဆက်ဆံရေးရုံး၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ရာတွင် နိုင်အောင်မင်း က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောသြဂုတ်လဆန်းပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မယကမှ လက်အောက်ခံ ရယကအသီးသီး ထံ ညွှန်ကြားချက်(ကန့်သန့်)ဖြင့် စာတစ်စောင်ပေးပို့ခဲ့ရာတွင် ထိုင်းနယ်စပ်တစ်နေရာရှိ မြန်မာနိုင်ငံ ဒီမိုကရေစီ ပန်းတိုင်လှုပ်ရှားမှုအဖွဲ့မှ သြဂုတ်လ ၆ ရက်နေ့မှစတင်၍ ၈ လေးလုံးနှစ်ပတ်လည်နေ့ ကာလအတွင်း တစ်ပြည်လုံး လူထုအုံကြွမှုဖြစ်ပေါ်စေရန် မြန်မာနိုင်ငံအတွင်းသို့ ဦးဆောင်လှုပ်ရှားသူ ၆၀ ယောက်ကို ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ စေလွှတ်ထားခဲ့ရာ မိမိကျေးရွာ၊ ရပ်ကွက်အသီးသီးသို့ လူစိမ်းများဝင်ရောက်လာလျှင် သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဖေါ်ပြထားသည့် မိတ္တူစာကို မွန်ပြည်သစ်ပါတီမှ လက်ခံရရှိထားသည်ဟု နိုင်အောင်မင်းက ရှင်းပြပြောဆိုခဲ့သည်။

ထို့နောက် အဆိုပါညွှန်ကြားစာပါ မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှုအဖွဲ့ ဆိုသည်မှာ DAB အတွင်းရေးမှူး
Dr ကျော်ညွန့်၊ KNU မှ စောသမိန်ထွန်း၊ NMSP အတွင်းရေးမှူး နိုင်ဟံသာ၊ ABSDF ခေါင်းဆောင်များ ပါဝင်ကြ သည်ဟု ဆိုထားပါသည်။

နိုင်အောင်မင်းက “ကျနော်တို့ပါတီဝင်တွေလုပ်ကိုင်ပြောဆိုနေတာတွေကို စစ်အစိုးရကမကြိုက်ရင် ပြည်တွင်းက ဆက်ဆံရေးရုံးတွေကတဆင့် ကန့်ကွက်စာတွေ တရားဝင်ပေးပို့ခဲ့တာပါပဲ၊ ကျနော်တို့ကလည်း ပြန်လည်ဖြေရှင်း ကြရပါတယ်၊ အခုကိစ္စက ကျနော်တို့ပါတီကို ဘာမှကန့်ကွက်ပြောဆိုတာမရှိခဲ့ပါဘူး” ဟု ပြောဆိုခဲ့သည်။

ကောင်းဝါ အယ်ဒီတာမင်းစိုင်းနန်ဒေါက အဆိုပါညွှန်ကြားချက်မှာ နအဖဖက်မှ ထင်မြင်ယူဆချက်များသာဖြစ်နေ၍ မွန်ပြည်သစ်ပါတီအပေါ် တရားဝင်ကန့်ကွက်စာ မပေးပို့ခြင်းဖြစ်နိုင်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီသည် နအဖကမ်းလှမ်းနေသော နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကို လုံးဝလက်မခံနိုင် ကြောင်း လွန်ခဲ့သည့်သြဂုတ်လ ၅ ရက်နေ့တွင် စစ်အစိုးရထံ နောက်ဆုံးအကြိမ်ထပ်မံ အကြောင်းကြားထားပြီး ဖြစ်သည်။

ထို့ကြောင့် အပစ်အခတ်ရပ်စဲမှုပျက်ပြား၍ နှစ်ဖက်တပ်ဖွဲ့များ ပြန်လည်ပစ်ခတ်မှုဖြစ်မည်ကို ဒေသခံပြည်သူများ အလွန်စိုးရိမ်နေကြသည်၊ သို့ရာတွင် လက်ရှိငြိမ်းချမ်းနေမှုကို မလိုလားကြသူများက ကောလဟာလသတင်းများ၊ ပစ်စာများဖြန့်ဝေနေကြသည်ကို မကြာခဏတွေ့မြင်နေရသည်။

၁၄ နှစ်ကျော်ကာလ အပစ်အခတ်ရပ်စဲခဲ့သော မွန်ပြည်သစ်ပါတီသည် ပထမပိုင်း နှစ်အနည်းငယ်တွင် နအဖထံမှ မဖြစ်စလောက်သော ပေးကမ်းထောက်ပံ့မှုများကို ရရှိခဲ့သော်လည်း နောက်ပိုင်း၌ မသိမသာလျှော့ချခဲ့ပြီး ၂၀၀၀ ခုနှစ်ခန့်တွင် ပါတီ၏စီးပွားရေးလုပ်ငန်းများကိုပါ အားနည်းလာစေရန် ပိတ်ဆို့ဟန့်တားမှုများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သောအမျိုးသားညီလာခံ ပြီးဆုံးတိုင်သည်အထိ မွန်ပြည်သစ်ပါတီက ဆက်လက်မတက်ရောက်သည်ကို နှစ်ဖက်ပြန်လည်ညှိနှိုင်းချက်အရ မွန်ပြည်သစ်မှ အလယ်အလတ်တန်းကိုယ်စားလှယ်များဖြင့် လေ့လာသူအဆင့် ဖြင့်သာ တက်ရောက်စေခဲ့သည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့သည်ုလက်ရှိတွင် ဆက်ဆံရေးအနေအထား တစ်စုံတစ်ရာအပြောင်းအလဲများ ထူးခြားမှုမရှိ၊ မွန်ပြည်သစ်ပါတီအား ထပ်မံဖိအားပေးအကြပ်ကိုင်လာခြင်းလည်း မတွေ့ရှိရသေးပေ။

သို့သော်လည်း အနားယူခဲ့သော မွန်ပြည်သစ်ပါတီဝင်အချို့ကို တစ်ခုထက်မကသော မွန်ခွဲထွက်အဖွဲ့များဖြစ်လာ စေရန် စစ်အစိုးရက အားပေးအားမြှောက်ပြုလာနေသည်ကို တွေ့ရှိနေရပြီး မွန်အချင်းချင်း လက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်သည့်လုပ်ဆောင်မှုများ စီမံထားသည်ကို လေ့လာစုံစမ်းချက်များအရ သိရသည်။



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း သြဂုတ် ၂၀၀၉


NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင်ရပ်ဆိုင်း

လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို

တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့

သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေမှအဆမတန်အခွန်ကောက်ခံလာမှုကိုလက်မခံကြ

နအဖစစ်ကြောင်းထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်ကျ ဆုံးမှုရှိ

မွန်ပြည်သစ်ပါတီဝင်များခရီးသွားလာမှုအပေါ် စစ်အစိုးရဂိတ်များတွင်ပိုမိုစစ်ဆေး

ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (၆)ကြိမ်မြောက်ညီလာခံကျင်းပခဲ့

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအား ဆူပူအုံကြွမှုဖန်တီးသူဟုနအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့

ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး

မွန်တော်လှန်ရေးနေ့ပြုလုပ်သည့်အတွက် မော်လမြိုင်တက္ကသိုလ် မွန်ကျောင်းသားများ သတိပေးခံရ

ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်ဖွဲ့အစားထိုး ဝင်ရောက်လာ


KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကိုဖိတ်ခေါ်ကြိုဆိုနေ

ဒီကေဘီအေတပ်သားသစ်အတင်းကောက်ယူနေမှု သံဃာတော်များနှင့်ဒေသခံများလက်မခံနိုင်

နအဖစစ်ကြောင်းများ ပြောက်ကျားပစ်ခတ်ခံရပြီးကျဆုံးမှုများရှိ

ဒီကေဘီအေမှထွက်ပြေးခဲ့သူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ

ရန်ကုန်မြို့တွင်စားသုံးဆီများဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှလှိမ့်ဝင်နေဆဲ

ဒီကေဘီအေစခန်းကို ဒီကေဘီအေတပ်ဖွဲ့ကပစ်ခတ်၊ စစ်အစိုးတပ်မှတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ

နို
င်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ကတောင်းဆို

(၆၂)ကြိမ်မြောက်မွန်အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်

အထင်ကရဆရာတော်များက ဒီကေဘီအေ တပ်သားသစ်အဓ္ဓကောက်ယူနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအားမေတ္တာရပ်ခံ

စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်

Untitled Document
Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views