အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
သတင်း

(၆၂) ကြိမ်မြောက်မွန်အမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်

Kaowao
သြဂုတ် ၅၊၂၀၀၉
Print

မွန်အမျိုးသားပြည်သူအပေါင်းတို့ပါတီရဲဘော်အပေါင်းတို့။
         
ကျွန်ုပ်တို့မွန်အမျိုးသားသည် အမျိုးသားအင်္ဂါလက္ခဏါရပ်များနှင့်ပြည့်စုံပြီး သမိုင်းတွင် ထင်ရှားရှိခဲ့သော်ငြား လည်း အမျိုးသားအခွင့်အရေးများကိုအသိမှတ်ပြုခြင်း မခံရဘဲ အာဏါသုံး ပိတ်ပင်ခံခဲ့ရခြင်းကြောင့် မလွဲရှောင် သာလက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလာခဲ့ခြင်းဖြစ်ပါသည်။
         
ယခုအခါ မွန်အမျိုးသားတော်လှန်ရေးနေ့သည် (၆၂) ကြိမ်မြောက်ရှိလာသည့်တိုင်အောင် ကျွနု်ပ်တို့မွန်အမျိုးသား တို့၏၊ ရည်မှန်းချက်ပန်းတိုင်သို့ မရောက်ရှိနိုင်သေးပါ။ မွန်အမျိုးသား လွတ်မြောက်မှု တော်လှန်ရေးတစ်ရပ် တည်ရှိခြင်း ကြောင့်  မွန်အမျိုးသားအပေါ် အသိအမှတ်ပြုမှုအချို့ ရရှိလာခဲ့ပြီး လူမျိုးရေး ဝါးမြိုမှုဒဏ်မှလည်း သက်သာရာရခဲ့ပါသည်။ ဒီအကျိုးကျေးဇူး အသီးအပွင့်များရရှိလာရန် အသက်၊ သွေး၊ ချွေး၊ ပေးလှူကာ ကြိုးစားအား ထုတ်လာခဲ့ကြသည့် ခေတ် အဆက်ဆက်မှ အာဇာနည်ခေါင်းဆောင်ရဲဘော်များနှင့် ပြည်သူလူထု တို့ကို အမြဲတစေ ဦးညွတ် ဂါရဝပြုနေမည် ဖြစ်ပါသည်။
         
လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြသော ကျွန်ုပ်တို့ပြည်ထောင်စုတွင် တိုင်းရင်းသားများအပေါ် လူမျိုးရေးအရ အသိ မှတ်မပြုဘဲ နည်းမျိုးစုံဖြင့်ဝါးမြို ဖိနှိပ်နေခြင်းကြောင့် လူမျိုးပေါင်းစုံတို့သည် အမျိုးသားလွတ်မြောက်ရေး အတွက် လက်နက် ကိုင် တိုက်ပွဲဝင်ကြရပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ပြည်ထောင်စုတွင် ပြည်တွင်းစစ် ဖြစ်နေ ရခြင်းဖြစ်သည်။ ထိုပြည်တွင်း စစ်ကြောင့် အဖိုးတန်သယံဇာတ ပြည့်စုံကြွယ်ဝသော်ငြားလည်း တိုင်းပြည်ဆင်းရဲ မွဲတေနေရပါသည်။ ပြည်သူလူထု၏ ဘဝ သည် လုံခြုံမှုမရှိ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့် အရေးတို့လည်း ဆုံးရှုံး၊ လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးလည်း ပျက်ပြား ခဲ့ရပါသည်။ လူမျိုးစုံပြည်သူအပေါင်းတို့သည် နိုင်ငံခြားသို့ တိမ်းရှောင်ထွက်ခွာပြီး ကျွန်အဖြစ်ခံ အသက်မွေးဝမ်းကျောင်း ရှာဖွေနေရသည်မှာလည်း အမြောက်အများ ရှိလာခဲ့သည်။
         
ကျွန်ုပ်တို့နိုင်ငံ၏၊ ယနေ့နိုင်ငံရေးအနေအထားသည် ကြီးမားသောအလှည့်အပြောင်းကို ရောက်ရှိနေပါသည်။ စစ် အစိုးရသည် (၂၀၀၈) ခုနှစ်အတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီး (၂၀၁၀) ၌ ရွေးကောက်ပွဲအသစ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပါသည်။ ရွေးကောက်ပွဲမတိုင်ခင်၌ လက်နက်ကိုင် အပစ်ရပ်လူမျိုးစုများ၏တပ်ကို တပ်မတော်လက်အောက် အတင်းပြောင်းထားရှိရန် ဆွေးနွေးစီစဉ်လျက်ရှိသည်။ ဤလုပ်ရပ်သည် အမျိုးသား အခွင့်အရေးပြဿနာကို ပြီိးပြတ်ပြေလည်အောင် မဖြေရှင်းခင် စပ်ကြား လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် အပစ်ရပ်အဖွဲ့ အများစုမှာ လက်သင့်မခံနိုင်ဖြစ်လာခဲ့ကြသည်။

ဤအစီအစဉ်အတိုင်းမဖြစ်မနေ အကောင်အထည်ဖေါ်မည်ဆိုပါက ယနေ့ရရှိထားသော ပြည်တွင်းငြိမ်းချမ်းရေး သည် များစွာစိုးရိမ်သောကရောက်စရာအနေအထားသို့ ရောက်သွားမည်ဖြစ်သည်။ အကောင်းဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ခွန်ထွန်းဦးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေး ဖြေရှာခြင်းပင်ဖြစ်သည်။

မွန်အမျိုးသားပြည်သူအပေါင်းတို့၊ ပါတီရဲဘော်အပေါင်းတို့။
         
မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အခြားလူမျိုးစုများကဲ့သို့ပင် နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အပစ်အခတ်ရပ်စဲခဲ့ရခြင်းဖြစ်သည်၊ မွန်အမျိုးသား ပြည်သူ လူထုအတွက် ပါတီနှင့်တပ်မတော်ရှိနေခြင်းကြောင့် အချို့သောအမျိုးသားအခွင့် အရေးများရရှိကာ အမျိုးသား ဘဝသည် လည်း အတန်အသင့်လုံခြုံမှုရရှိလာသည်။ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်မရှိဘဲ ပါတီနှင့်တပ်ခွဲ ထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံနိုင်မည်မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊  အနာဂတ်အစိုးရသစ်နှင့် သော်လည်းကောင်း ရပ်တည် တောင်းဆိုသွားမည်ဖြစ်ပါသည်။ ဒီအလှည့်အပြောင်းကာလကြီးတွင် ပါတီဝင်ရဲဘော်၊ မျိုးချစ်ပြည်သူအပေါင်းတို့ အမျိုးသားအင်အားစု၊ ဒီမိုကရေစီအင်အားစု မဟာမိတ်များနှင့်လက်တွဲပြီး တွေဝေနောက်တွန့်ခြင်း မရှိဘဲ ရဲရင့်ညီညာစွာ အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့ ချီတက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မွန်အမျိုးသားများ ……………………................. သွေးစည်းကြ။
စစ်မှန်သောပြည်ထောင်စု …………………………. တည်ဆောက်ကြ။
အမျိုးသားလွတ်မြောက်မှုတော်လှန်ရေး ………… အောင်ရမည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ                                                                 
မွန်ပြည်သစ်ပါတီ (ဗဟို)
၁၃၇၁/ဝါခေါင်လပြည့်နေ့
2009/ Aug/ (5) ရက်  



Feedback; အကြံပြုရန်

ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်



သတင်း သြဂုတ် ၂၀၀၉


NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင်ရပ်ဆိုင်း

လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို

တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့

သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေမှအဆမတန်အခွန်ကောက်ခံလာမှုကိုလက်မခံကြ

နအဖစစ်ကြောင်းထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်ကျ ဆုံးမှုရှိ

မွန်ပြည်သစ်ပါတီဝင်များခရီးသွားလာမှုအပေါ် စစ်အစိုးရဂိတ်များတွင်ပိုမိုစစ်ဆေး

ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (၆)ကြိမ်မြောက်ညီလာခံကျင်းပခဲ့

မွန်ပြည်သစ်ပါတီအတွင်းရေးမှူးအား ဆူပူအုံကြွမှုဖန်တီးသူဟုနအဖညွှန်ကြားစာတစ်စောင်တွင်ဖေါ်ပြခဲ့

ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး

မွန်တော်လှန်ရေးနေ့ပြုလုပ်သည့်အတွက် မော်လမြိုင်တက္ကသိုလ် မွန်ကျောင်းသားများ သတိပေးခံရ

ဘုရားသုံးဆူမြို့၌ စစ်အစိုးရတပ်ဖွဲ့အစားထိုး ဝင်ရောက်လာ


KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကိုဖိတ်ခေါ်ကြိုဆိုနေ

ဒီကေဘီအေတပ်သားသစ်အတင်းကောက်ယူနေမှု သံဃာတော်များနှင့်ဒေသခံများလက်မခံနိုင်

နအဖစစ်ကြောင်းများ ပြောက်ကျားပစ်ခတ်ခံရပြီးကျဆုံးမှုများရှိ

ဒီကေဘီအေမှထွက်ပြေးခဲ့သူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ

ရန်ကုန်မြို့တွင်စားသုံးဆီများဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှလှိမ့်ဝင်နေဆဲ

ဒီကေဘီအေစခန်းကို ဒီကေဘီအေတပ်ဖွဲ့ကပစ်ခတ်၊ စစ်အစိုးတပ်မှတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ

နို
င်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ကတောင်းဆို

(၆၂)ကြိမ်မြောက်မွန်အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်

အထင်ကရဆရာတော်များက ဒီကေဘီအေ တပ်သားသစ်အဓ္ဓကောက်ယူနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအားမေတ္တာရပ်ခံ

စစ်အစိုးရ၏နောက်ဆုံးတင်ပြချက်ကို မွန်ပြည်သစ်ဗဟိုကော်မတီဝင်များလုံးဝလက်မခံဟုဆုံးဖြတ်

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views