အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)
ဆောင်းပါး

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

မင်းထက်အောင်

စက်တင်ဘာ၂၃၊၂၀၀၉။

- အပစ်အခတ်ရပ်စဲပြီးရင် ထိုစဉ်ကနဝတ၊ အခုနအဖတို့ တစ်ချိန်ချိန်မှာ ပေးထားတဲ့ ကတိတွေအတိုင်း လုပ်လိမ့်မယ် မဟုတ်ဘူးဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက အလိုလို သိနားလည်ထားကြပါတယ်။ တိုင်းပြည်ရဲ့ကြမ္မာ အကောင်းဘက်ကိုရှေးရှုကြပြီ ရန်သူနဲ့အပစ်အခတ်ရပ်စဲချင်ကြပါတယ်။ ပြီးတော့ ရပ်စဲလိုက်ကြရ ပါတယ်။ နောက်တော့ နအဖ ဖက်က ကတိတွေ တဆင့်ပြီးတဆင့် ဆက်ပျက်လာတာကို နဖူးတွေ့၊ဒူးတွေ့ ကြုံတွေ့ခဲ့ကြ ရပါတယ်။ အချို့ကိစ္စကို အသေးအဖွဲဖြစ်ရပ်တွေလို့ သဘောထားလိုက်ပြီးမေ့ပစ်လို့ရပေမယ့် မေ့ပစ်လို့မရနိုင်တဲ့ အဖြစ် အချို့လည်း ရှိခဲ့ပါတယ်။

နဝတနဲ့ မွန်ပြည်သစ်ပါတီတို့ ၁၉၉၄ နှစ်အစကစပြီး တစ်နှစ်ခွဲခန့် လေးကြိမ်တိုင်တိုင် အချိန်ယူဆွေးနွေးခဲ့ကြရပါတယ်။ ၁၉၉၅ ခုနှစ် ဇွန်လ၂၉ ရက်နေ့မှာ အပစ်ရပ် နှစ်ဖက်သဘောတူညီ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဟိုတုန်းက မွန်ပြည် သစ်ပါတီမှာရှိနေလို့ ဒီလိုအပစ်ရပ်နိုင်ဖို့ဆွေးနွေးပွဲနဲ့ အပစ်ရပ်အခမ်းအနားတွေမှာ စာရေးသူလည်းပါဝင်ခဲ့ပါတယ်။ မွန် ပြည်သစ်ပါတီနဲ့ နဝတတို့ ဖြစ်ရှိခဲ့တဲ့အပစ်ရပ် အကြောင်းအရာများစွာထဲက စာရေးသူမေ့လို့မရနိုင်တဲ့ အကြောင်းအရာ တစ်ခုကို  တင်ပြလိုပါတယ်။

အကြောင်းအရာပြဿနာက ဒီအပစ်ရပ်အခမ်းအနား မစတင်မီတစ်ရက်၊ ညနေမှာစခဲ့တာပါ။ နောက်တစ်နေ့အခမ်းအ နားမှာ မွန်ပြည်သစ်ကိုယ်စားလှယ်များ နေရာယူဖို့ Sitting Plan အနေအထားကို Staff တွေဖြစ်ကြတဲ့ စာရေးသူတို့ ကြိုတင်သွားရောက် လေ့လာကြည့်ရှုရပါတယ်။  အခမ်းအနားကျင်းပမယ့် ရတခ အောင်ဆန်းခန်းမကို လှမ်းမြင်လိုက် တယ်ဆိုရင်ဘဲ မျက်နှာစာမှာ“တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မွန်ပြည်သစ်ပါတီအား လှိုက်လှဲစွာကြို ဆိုပါ၏” ဆိုတဲ့ အနီရောင်အောက်ခံ အဖြူရောင်စာတမ်းကြီးကို တွေ့မိလိုက်တော့ ကြက်သီးဖြန်းကနဲ ထသွားပါတယ်။

အပစ်အခတ်ရပ်စဲရေး အခမ်းအနားတရားဝင် မကျင်းပရသေးခင် နဝတတို့က စည်းတစ်ခုကို ကြိုတင်ဖေါက်လိုက်ပြီဆို တာအလိုလို ခံစားလိုက်ရပါတယ်။ မွန်ပြည်သစ်ကပြောကြားမယ့် မိန့်ခွန်းတွေကအစ စကားလုံးဝေါဟာရ အသုံးအနှုံး တွေပါ နဝတနဲ့ကြိုတင်သဘောတူညီမှု ရယူခဲ့ရပါတယ်။ အခမ်းအနားမှာရေးသားမယ့် ခေါင်းစည်းစာတမ်းတွေကိုလည်း နှစ်ဖက် အလုပ်ကော်မတီအဖွဲ့ခေါင်းဆောင်တွေ ကြိုတင်ညှိနှိုင်း သဘောတူညီချက်မှာ “တရးဥပဒေဘောင်အတွင်းဝင် ရောက်လာသောမွန်ပြည်သစ်ပါတီအား လှိုက်လှဲစွာကြိုဆိုပါ၏” ကိစ္စမပါခဲ့ပါ။ လက်နက်ချဖို့မဟုတ်သလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမဟုတ်ပါ။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသာဖြစ်တယ်။
                                                                         
ဒါကြောင့် ဒီနဖူးစည်းကိစ္စကို စာရေးသူတို့ အဖွဲ့ခေါင်းဆောင် အကြီးအကဲများထံ ချက်ချင်းတင်ပြလိုက်ကြပါတယ်။ မိမိ တို့ကိုယ်စားလှယ်တွေ အားလုံးစုပြီး ချက်ချင်းဘဲ အရေးအပေါ်အစည်းအဝေးလုပ်ပါတယ်။ ဒီအခမ်းအနားကျင်းပနိုင်ဖို့ ကြိုတင်ဆွေးနွေးချက်တွေမှာ ဒီနဖူးစည်းစာတမ်းမပါရှိခဲ့တဲ့အကြောင်း၊ ဒီအရေးအသားကြောင့် အနာဂတ်ကာလမှာ ရှုတ်ထွေးစေနိုင်တာကြောင့် ဒီလိုဝေါဟာရတွေမသုံးသင့်ဘူးဆိုပြီး စာရေးသူတို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။တဆက် တည်းမှာ ဒီနဖူးစည်းစာတမ်းကိုဖြုတ်ပေးဖို့ ရတခကိုရောက်ရှိနေတဲ့ နဝတအကြီးအကဲများကို ဆက်ပြီးတင်ပြလိုက်ပါ တယ်။ ပြင်လို့မရတော့ဘူးဆိုတာပဲ စာရေးသူသိလိုက်ရတယ်။ မနက်စောစော  ၅ နာရီအရောက် အောင်ဆန်းခမ်းမကို ရောက်နိုင်ဖို့ဘဲ အိပ်မပျော်လည်း အောက်သက်သက်၊ မခံချိမခံသာနဲ့ ရတခဧည့်ရိပ်သာမှာ မှေးစက်အိပ်လိုက်ရပါတော့ တယ်။

နောက်တစ်နေ့ ဇွန်လ ၂၉ ရက်နေ့ နံနက်စောစောမှာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မွန်ပြည်သစ်ပါ တီအား လှိုက်လှဲစွာကြိုဆိုပါ၏ အခန်းအနား နဖူးစည်းစာတမ်းအောက်ကို လှိုပြီးစာရေးသူတို့ မွန်ပြည်သစ်ကိုယ်စား လှယ်တော် စုစုပေါင်း ၃၀ ဦး တက်ရောက်ကြပါတယ်။ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့သူ ၃၀ ဦးဆိုရင်လည်း အခု ဆိုရင် မွန်ပြည်သစ်ပါတီမှာ ၁၀ဦးလောက်တောင် မရှိကြတော့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ကြ ပါပြီ။

ထို့အတူ ဒီလိုအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် တစိုက်မတ်မတ် စည်းရုံးလုပ်ဆောင်ခဲ့တဲ့ နဝတကိုယ်စားလှယ်တော် ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ ဗိုလ်မှူးကြီးသိန်းဆွေ(ထိုင်းစစ်သံမှူး)၊ ဗိုလ်မှူးကြီးကျော်သိန်း၊ ဗိုလ်မှူးစန်းပွင့် စတဲ့ထိပ်သီး ထောက်လှန်းရေးအကြီအကဲများနဲ့ ရတခတိုင်းမှူး ဗိုလ်ချုပ်ကက်စိန်တို့တတွေ အခုဆိုရင်ဘယ်ချောင်ထဲ ရောက်နေလေသလဲဆိုတာ မသိရတော့ပါ။

နဝတနဲ့ မွန်ပြည်သစ်ပါတီတို့ ဆွေးနွေးခဲ့ကြရာမှာ နဝတအနေနဲ့ သူတို့ဟာတရားဝင်အစိုးရမဟုတ်တဲ့အတွက် နိုင်ငံရေး ဆွေးနွေးမှုဟာ တရားဝင်ဖြစ်မှာမဟုတ်ဘူးဆိုပြီး နှစ်ဖက်တပ်ဖွဲ့များအပစ်အခတ်ရပ်စဲဖို့နဲ့ ယုံကြည်မှု တည်ဆောက်ကြ ဖို့ပဲ လှို့ဝှက်ဆွေးနွေးပွဲတွေ တစ်လျှောက်လုံးမှာ ပြောဆိုခဲ့ပါတယ်။ နောင်တက်လာမယ့် အရပ်သားအစိုးရနဲ့ပဲ နိုင်ငံရေး အရဆက်ပြီး ဆွေးနွေးသွားဖို့ပဲ လမ်းကြောင်းပေးခဲ့ပါတယ်။ အထူးသဖြင့် KNU တစ်ဖွဲ့နဲ့ထပ်ပြီးအပစ်ရပ်နိုင်ရင် ရွေး ကောက်ပွဲလုပ်နိုင်ပြီလို့လည်း လေသံပစ်ပေးထားပါတယ်။ လက်တွေ့မှာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေပါတယ်။

အခုတလော နအဖသတင်းစာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အပစ်ရပ်အဖွဲ့တွေ တရားဥပဒေဘောင်အတွင်းရောက် ရှိနေရမယ်လို့ကိုးကန့်ဒေသ အထူးဒေသ(၁) ဖြစ်ရပ်တွေအပြီး နအဖသတင်းစာတွေထဲမှာ ဖေါ်ပြနေပါတယ်။အခုဆိုရင် အပစ်ရပ်တွေအပေါ် နအဖကပေးထားတဲ့ကတိတွေကို အလေးမထားတော့ပါဘူး။ လာမယ့်အောက်တိုဘာလမှာ အကောင်အထည်ဖေါ်လိမ့်မယ်လို့ သတင်းတွေဖြန့်ထားပါတယ်။ စစ်အစိုးရအရာရှိတွေ ၁၀% ပါဝင်မယ့် နယ်ခြားစောင့် တပ်ဖွဲ့(သို့မဟုတ်) ဒေသခံအာဏာပိုင်လက်အောက်က ပြည်သူ့စစ်တပ်ဖွဲ့အသွင်နဲ့ ရပ်တည်သွားခိုင်းနေပါတယ်။

တကယ်တော့ နအဖဟာ အာဏာသိမ်းနဝတအဖွဲ့အစည်းဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်ချက်တွေဟာ တရားဥပဒေ အရ ဘောင်မဝင်ပါဘူး။ သူတို့ ကမ္ဘည်းထိုးတင်ထားတဲ့ တရားဥပဒေဘောင်ဆိုတာ ပြည်သူတစ်ရပ်လုံး အသိအမှတ် ပြုတဲ့ တရားဥပဒေဘောင်မဟုတ်ဘဲ နဝတ၊ နအဖရဲ့ ဥပဒေဘောင်အတွင်းမှာသာ ဖြစ်တယ်။ ပြည်သူတစ်ရပ်လုံးဆန္ဒ အစစ်အမှန်ကို ဖေါ်ထုတ်ခဲ့တဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလာဒ်က အတည်ပြုမှသာ တရားဥပဒေအရ ဘောင်ဝင်ပါ မယ်။

နအဖဟာ သူကိုယ်သူအစိုးရလို့ သတ်မှတ်ပါတယ်။ အာဏာသိမ်းစစ်အစိုးရဖြစ်ပါတယ်။ တရားဝင်အစိုးရမဟုတ်တာ ကြောင့် သူတို့စိတ်ကြိုက်ရွေးချယ်ပြီး ပြုလုပ်ခဲ့တဲ့ အမျိုးသားညီလာခံဟာ အတုအယောင်ဖြစ်တယ်။ ဒီကအဖြေထွက် လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း ပြည်သူဆန္ဒအစစ်အမှန်ကို လိမ်ညာခဲ့တာကို ပြည်သူတရပ်လုံး ကိုယ်တိုင်မြင်တွေ့ခဲ့ ရပါပြီ။ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာလည်း ဥပဒေအရ ဘောင်မဝင်ပါ။ ဒါကြောင့် နဝတ၊ နအဖတို့ ပါးစပ်ပေါက်က ထွက်လာတဲ့ တရားဥပဒေဘောင်ဆိုတာ သူတို့ရဲ့ဥပဒေဘောင်ဘဲဖြစ်တာမို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုပါကြောင်း။

မင်းထက်အောင်
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views