အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)
ဆောင်းပါး

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

လေးငယ်

စက်တင်ဘာ၂၀၊၂၀၀၉။

- ကေအန်ယူတပ်မဟာ(၆)၏ ဧရိယာအနေအထားကတော့ ကရင်ပြည်နယ်ကော့ကရိတ် မြို့နယ်ကျုံဒိုးကား လမ်းကနေ ကော့ကရိတ်မြို့၊ နောက်မြဝတီမြို့ကားလမ်း တောင်ဖက်ပိုင်းဖြစ်ပြီး၊ အဲဒီကနေ ထိုင်းမြန်မာနယ်စပ်တလျှောက်ကဘုရား သုံးဆူမြို့အထိဖြစ်ပါတယ်၊၊ အနောက်ဖက်ပိုင်းမှာတော့ ဘုရားသုံးဆူမြို့ကနေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တခုလုံးဖြစ်ပါ တယ်၊၊ အဲဒီဒေသကို ကေအန်ယူတပ်မဟာ(၆) ဧရိယာအဖြစ် ကေအန်ယူ(ကရင်အမျိုးသားအစည်းအရုံး)ကသတ်မှတ် ထားပါတယ်၊၊

- ဒီကေအန်ယူတပ်မဟာ(၆)ရဲ့ ဧရိယာအထဲမှာ လှုပ်ရှားနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကတော့၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိချောင်းအနောက်ဖက်ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒုတိယဗိုလ်မှုးကြီး တင်လှိုင်ဦးစီးတဲ့ တပ်ရင်း(၁၆)၊ ဇမိချောင်းအရှေ့ ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒုတိယဗိုလ်မှုးကြီး ဖါးခေါ့ဦးစီးတဲ့ တပ်ရင်း(၁၇)၊ ကော့ကရိတ်မြို့နယ် တောင်ဖက်ပိုင်းမှာလှုပ်ရှား နေတဲ့ ဒုတိယဗိုလ်မှုးကြီး ကို့ထူးဦးစီးတဲ့ တပ်ရင်း(၁၈)တို့ လှုပ်ရှားနေပါတယ်၊၊ တခါ ဒေါနတောင်အရှေ့ခြမ်း၊သင့်ပေါဖိုး (ဖလူး)မှာ လှုပ်ရှားနေတဲ့ ဗိုလ်မှုးလှမင်း ဦးစီးတဲ့ တပ်မဟာ(၆) အထူးတပ်ရင်းနဲ့ ဗိုလ်မှုးစောဗူးဖေါ် ဦးစီးတဲ့ကေအန်ယူ ဗဟိုအထူးတပ်ရင်းရှိနေပြီး၊ ဒုတိယဗိုလ်မှုးကြီး ဖါးနင့်ဦးစီးတဲ့ ကေအန်ဒီအို တပ်ရင်း(၆)လည်း လှုရှားနေကြောင်းသိရ ပါတယ်၊၊ စုစုပေါင်းအင်အားကတော့ တပ်ရင်း(၆)ရင်းဖြစ်ပြီး လူအင်အားအနေနဲ့ ပြောရရင်တော့ လူအင်အား(၁ဝဝဝ) တထောင် လောက်ရှိမယ်လို့ခန့်မှန်းကြပါတယ်၊၊ ကေအန်ယူ တပ်မဟာ(၆)မှုးကတော့ ဗိုလ်ချုပ်ဆာမိဖြစ်ပြီး၊ တပ်မဟာ ဗျူဟာမှုးကတော့ ဗိုလ်မှုးကြီးစောဂျိုးစွာဖြစ်ပါတယ်၊၊

- ကေအန်ယူတပ်မဟာ(၆) ဧရိယာကို စစ်ဆင်ဖို့အတွက် နအဖအရှေ့တောင်တိုင်းကနေ ဒီကေဘီအေ(တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့) တပ်မဟာ(၅)ကို တာဝန်ပေးထားပါတယ်၊၊ အဲဒီတပ်မဟာ(၅)မှာပါတဲ့ တပ်ရင်းတွေကတော့၊ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်မှာရှိတဲ့ ဒုတိယဗိုလ်မှုးကြီးဥာဏ်မင်း ဦးစီးတဲ့ တပ်ရင်း (၉ဝ၆)၊ ဘုရားသုံးဆူမြို့နားက မဲကသကျေးရွာမှာအခြေစိုက်တဲ့၊ ဒုတိယဗိုလ်မှုးကြီးနိုင်လွင်(ခေါ်) စောနယ်လယ်ဟေး၊ ဦးစီးတဲ့တပ်ရင်း(၉ဝ၅)၊ ထီးဖိုးသံရွာမှာ အခြေစိုက်တဲ့  ဗိုလ်မှုးကြီးစောဘလူး၊ ဦးစီးတဲ့တပ်ရင်း(၉ဝ၁)၊ အစွန်းရွာမှာ အခြေစိုက်တဲ့ ဒုတိယဗိုလ်မှုးကြီးစောကျော်ကျော် ဦးစီးတဲ့တပ်ရင်း(၉ဝ၄)၊ မြဝတီမြို့မှာအခြေစိုက်တဲ့ စောနော်တရာ ဦးစီးတဲ့ တပ်ရင်း(၉ဝ၇)၊ တွေကလှုပ်ရှားနေပါတယ်၊၊ ကေအန်ယူတပ်မဟာ(၆)မှာ ရှိတဲ့ဒီကေဘီအေ တပ်မဟာ(၅) အင်အားကတော့ တပ်ရင်း(၅)ရင်းမှာ လူအင်အားစုစုပေါင်း (၆ဝဝ)လောက်ရှိပါတယ်၊၊  ဒီကေဘီအေတပ်မဟာ(၅)မှုး ကတော့ ဗိုလ်ချုပ်စောလာဖွယ်(ခေါ်) နှုတ်ခမ်းမွှေးဖြစ်ပြီး၊ ဒုတိယတပ်မဟာမှုးကတော့ ဗိုလ်မှုးကြီးစိန်မြင့်ဖြစ်ပါတယ်၊၊ ဒီကေဘီအေ တပ်မဟာ(၅)တွင် စစ်ဗျူဟာနှစ်ခုရှိပြီး၊ ဗိုလ်မှုးကြီးမော်သိုးနဲ့ ဗိုလ်မှုးကြီးစောဘလူးတို့က ဦးဆောင်နေ ပါတယ်၊၊

- ကေအန်ယူတပ်မဟာ(၆)ကို စစ်ဆင်ဖို့အတွက် နအဖကလည်း စစ်ဗျူဟာ(၄)ခု ခင်းကျင်းထားတာရှိပါတယ်၊၊ကျိုက်ဒုံ မှာအခြေချနေတဲ့ စကခ(၁၂)က နည်းဗျူဟာ(၁)ရှိပါတယ်၊၊ သူ့လက်အောက်မှာ တပ်ရင်း(၃)ရင်းရှိပါတယ်၊၊ တခါကြာ အင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းမှာအခြေစိုက်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဗျူဟာ(၂)လည်းရှိနေပါတယ်၊၊ သူ့လက်အောက်မှာလည်း တပ်ရင်း(၃)ရင်းရှိပါတယ်၊ နောက်ပြီး၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာက အရှေ့တောင်တိုင်းစစ် ဌာနချုပ်ရဲ့ စစ်ဗျူဟာ(၁)ရှိနေပါတယ်၊၊ အလားတူဘဲ ကော့ကရိတ်မြို့မှာလည်း စကခ(၁၂)ရဲ့ နည်းဗျူဟာက ရှိနေပါ တယ်၊၊ စုပေါင်းလိုက်ရင် ကေအန်ယူတပ်မဟာ(၆) ဧရိယာထဲမှာ စစ်အစိုးရတပ်ဖွဲ့က လေးဗျူဟာတောင်ရှိနေတဲ့အတွက် တပ်ရင်းအားဖြင့် (၁၂)ရင်းရှိနေပါတယ်၊၊ လူအင်အားနဲ့ပြောရရင် လူအင်အားက (၁၅ဝဝ)လောက်ကိုရှိနေတာပါ၊၊ ဒါ တောင်ဧည့်တပ်တွေမပါ သေးပါဘူး၊၊ အထူးသဖြင့် တပ်မ(၂၂)နဲ့ တပ်မ(၄၄)က တပ်ဖွဲ့တွေကလည်း လိုရင်လိုအပ်သလို စစ်ကူတွေ ပေးနေတာရှိပါတယ်၊၊

- စစ်အစိုးရရဲ့ ဒီကေအန်ယူတပ်မဟာ(၆)စစ်ဆင်ရေးကို သုံးသပ်ရမယ်ဆိုရင်၊ လူအင်အားကိုက နအဖတပ်နဲ့ဒီကေဘီ အေနှစ်တပ် ပေါင်းလိုက်ရင် (၂ဝဝဝ)ကျော်နေပါပြီး၊ ဒါတောင်ဧည့်တပ်တွေမပါသေးပါဘူး၊၊ ကေအန်ယူတပ်မဟာ(၆) မှာက အများဆုံးနှုန်းနဲ့ တွက်ရင်တောင်မှ လူအင်အား(၁ဝဝဝ)သာရှိနေတာပါ၊၊ လက်နက်အင်အားချိန်ခွင်လျှာကိုကြည့် ရင်လည်း၊ တချိန်ကလက်နက်ကြီးအင်အား သုံးနိုင်ခဲ့တဲ့ကေအန်ယူဟာ အခုဆိုရင် မတွေ့ရသလောက်ကိုဖြစ်နေပါပြီး၊၊

- စစ်ဗျူဟာအရကြည့်ရင်လည်း၊ နအဖဟာ ကေအန်ယူတပ်တွေကို ဒီကေဘီအေတပ်နဲ့ဘဲ ထိပ်တိုက်တိုးစေပါတယ်၊၊ နအဖတပ်ကတော့ အရံသဘောလောက်သာ လှုပ်ရှားနေပါတယ်၊၊ ပြီးတော့အချက်အချာကျတဲ့ ကရင်ရွာတွေကို စခန်း ချတဲ့နည်းနဲ့ နေရာယူပြီး ကေအန်ယူတပ်ဖွဲ့တွေ လှုပ်ရှားနယ်မြေဂွင် ကျင်းလာအောင် ဆောင်ရွက်နေပါတယ်၊ ကရင်ရွာ တွေကိုလည်း ကရင်လူမျိုးတမျိုးတည်းသာ နေထိုင်ဖို့နအဖတပ်တွေက ကျေးရွာရယက တွေကိုညွှန်ကြားနေပါပြီး၊၊ မွန် လူမျိုးတွေရောတဲ့ရွာတွေကိုတော့ နေခွင့်ပြုပေမဲ့ အခြားလူမျိုး တွေရောနေရင်တော့ မြို့ပေါ်ပြောင်းခိုင်းနေတယ်လို့ကြား သိရပါတယ်၊၊ အဲဒါကကြာအင်းဆိပ်ကြီးမြို့နယ် ထဲကတောပိုင်းကျတဲ့ရွာ တွေကိုအဲဒီလိုလုပ်နေခဲ့တာပါ၊၊ လိုအပ်ရင်ကျေး ရွာတွေကို စုစည်းလိုက်ပြီး၊ ရွာသားတွေကို ကေအန်ယူတွေနဲ့ အဆက်ပြတ်နေအောင် လုပ်ထားနေပါတယ်၊၊

- ကေအန်ယူတပ်ဖွဲ့တွေကတော့၊ စစ်ရေးအရ ဒီကေဘီအေတပ်ဖွဲ့ကို ရှောင်နိုင်သမျှရှောင်ပြီး၊ နအဖတပ်ဖွဲ့တွေကိုတော့ ပျောက်ကြားနည်းနဲ့ ထိပ်တိုက်တိုးစေပြီး အထူးသဖြင့် မိုင်းနဲ့စစ်ဆင် တိုက်ခိုက်နေခဲ့ပါတယ်၊၊ အကယ်၍နအဖကထိုးစစ် ဆင်လာခဲ့ရင်လည်း ကေအန်ယူက မိမိတို့ရဲ့တပ်ဖွဲ့တွေကို အပျောက်ဖျောက်ပြီး၊ နအဖတပ်ပြန်အဆုတ်မှာပြန်လည် တိုက်ခိုက်တဲ့နည်းကို ကျင့်သုံးမယ်လို့ကြားသိရပါတယ်၊၊ ဒါပေမဲ့လို့နအဖက ဒီကေဘီအေကိုသာ ရှေ့တန်းတင်ပြီး လှုပ်ရှားနေတဲ့အတွက် ကေအန်ယူတွေခင်ဗျာ၊ အခက်တွေ့နေရတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုနေကြပါတယ်၊၊

လေးစားစွာဖြင့်                                                                   

လေးငယ်
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views