အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)
ဆောင်းပါး

ဒီမိုကရေစီ၏မျက်နှာစာများ

မင်းရဲမွန်

စက်တင်ဘာ ၁၉၊၂၀၀၉။

ထိုင်းနိုင်ငံတွင်းများ ပြည်သူသုံးလမ်းမများကိုဆန္ဒပြနေရာအဖြစ် ၁၉၇၃ အောက်တိုဘာလ(၁၄)မှသည်ယ္ခုအထိအသုံး ပြုခဲ့သည်မှာ အကြိမ်ပေါင်းထောင်ချီခဲ့ပြီးဖြစ်သည်။ ခြေလျှင်လမ်းလျှောက် ဆန္ဒပြခြင်းနှင့်အတူ ပစ်ကပ်ကါးများဖြင့်၎င်း (သို့)သုံးဘီးဆိုင်ကယ်များဖြင့် ၄င်းလှည့်လည်ဆန္ဒပြခြင်းစသည့် အားလုံးသောပုံစံမျိုးစုံ လူထုစုစေးလှည့်လည်မှုတို့ သည် ဘန်ကောက်မြို့တွင်း မြို့ပြင်လမ်းမများကိုအသုံးပြု၍ နိုင်ငံရေးအနေအထား တခုကို ဖေါ်ထုတ်ပြသခဲ့ကြသည်။ တခါတရံ အလွန်ကျယ်လောင်သော လော်စပီကာများပင် ပါဝင်သေးသည်။  
 
ပဋိပက္ခများသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏အစိတ်အပိုင်း နှင့်ပါဆယ်ထုတ်ဖြစ်ပေသည်။ ဤနည်းအားဖြင့် နိုင်ငံရေး တွေ့ဆုံးဆွေးနွေးမှုလုပ်ငန်းစဉ်များဖြင့် ပဋိပက္ခအား အဖြေရှာခြင်းသည် အစိုးရတရပ်ဆက်လက် တည်တံ့နိုင်ရန်မရှိ မဖြစ်အရေးကြီးသည့် အကြောင်းရင်းဖြစ်လာသည်။ ယင်းသည်ရွေကောက်ပွဲ၊ ပါလီမာန်၊ သတင်းမီဒီယာလွတ်လပ်ခွင့် ထက်ပင် အရေးကြီးပါသည်။
      
ဒီမိုကရေစီရှင်သန်ကြံ့ခိုင်နိုင်ရန်အတွက် ပဋိပက္ခများသည် လွတ်လပ်စွာထွက်ပေါ်လာနိုင်ရမည်ဖြစ်သည်။ ဤကိစ္စ အထမြောက်ရန် ပြည်သူလူထုအတွက် အခွင့်နေရာထားပေးရမည်ဖြစ်သည်။ ၄င်းသည်အနည်းစုများ၏ ဆန္ဒထုတ် ဖေါ်ရာဆုံရပ်အဖြစ် အသုံးတော်ခံမည်ဖြစ်သည်။ ၄င်းသည် ပြည်သူ့ရေးရာ ပေါ်လစီအဖြစ်ကြောင်းလဲ ရန်မျှော်လင် နိုင်သည့် လူထု၏တောင်းဆိုတင်ပြချက်များကို ကြားနာရန်မဏ္ဍိုင် တခုလည်းဖြစ်ပါလိမ့်မည်။
      
အများပြည်သူသုံးလမ်းမများသည် ဤအမျိုးအစားမျက်နှာစာတရပ်ဖြစ်သည်။ တချိန်တွင်စေ့စပ်ဆွေးနွေးရေးလုပ်ငန်း စဉ်သို့တက်နိုင်ရန်အတွက် ဖိအားပေးရာတွင် ထိုလမ်းမများသည် အလွန်လည်းထိရောက် အသုံးတည့်ကြသည်။
      
သို့တိုင်အောင် ဒီမိုကရေစီစည်းမျဉ်းများအောက်တွင် စေ့စပ်ညှိနှိုင်းမှုများဖြစ်မြောက်ရန်အတွက် လမ်းမများသည်သာ မျက်နှာစာဖြစ်ကြသည်မဟုတ်။ လူ့အဖွဲ့အစည်းမှ အခြားမျက်နှာစာများကို လူထုမျက်နှာစာများအဖြစ် မလာနိုင်ခဲ့လျှင် သာဆန္ဒပြတောင်းဆိုသူများသည် လမ်းမများကိုအသုံးပြု၍ ပေါ်လစီချမှတ်သူများကို ဖိအားပေးရန် မိမိလိုချင်သော အချက်ကို တောင်းဆိုရန်ပိတ်ဆို့ကြရခြင်းဖြစ်သည်။
      
ထိုင်းဒီမိုကရေစီ၏ မပြည့်စုံမှုသည် အသပြာနိုင်ငံရေးမဲဝယ်မှုနှင့် လူထု၏စိတ်ဝင်စားမှုနည်းပါးခြင်း (ဥပေက္ခာပြုခြင်း) တို့ကြောင့်မျှသာမဟုတ်ဘဲ လူထုပါဝင်နိုင်ရန်နေရာမရှိခြင်း၊ မျက်နှာစာဖွင့်မပေးခြင်းက ကြီးမားသောအစိတ်အပိုင်း ဖြစ်ပါဝင်နေပေသည်။
      
လက်ရှိယန္တယားတွင် ပြည်သူလူထုအတွက်လမ်းကြောင်းအချို့ရှိသည်မှာ မှန်ပါသည်။ သို့သော်အများစုမှာ အလုပ်မ ဖြစ်ပါ။ အမှန်တကယ်တွင် ပုံမှန်လမ်းကြောင်း၏ အများစုသည် စေ့စပ်ညှိုနှိုင်းရန် ဖြစ်နိုင်ချေအနည်းငယ် (သို့)လုံးဝ မရှိသည့်အနေအထားတွင် ရှိနေသည်။ ဒီမိုကရေစီအလုပ်ဖြစ်နိုင်ရန်အတွက် လမ်းမများအပြင် အခြားအနည်းဆုံးမျက် နှာစာ ၇ ရပ်ကို ကျွန်ုပ်စဉ်းစားမိပါသည်။ ဤမျက်နှာစာများကို လူထုအတွက်ဖွင့်ပေးခြင်းဖြင့် သူတို့၏မတူညီသော တွေးခေါ်မှုနှင့် မကျေနပ်ချက်များကိုဖေါ်ထုတ်ရန် အားပေးနိုင်သည့်အပြင် ပြည်သူ့ရေးရာ ပေါ်လစီချမှတ်ရာတွင် ပါဝင်ခွင့်ပေးရာလည်း ရောက်ပေသည်။

၁။ လူထုဆက်သွယ်ရေးယန္တယား(မီဒီယာ)
အီလက်ထရောနစ်မီဒီယာကို အစိုးရနှင့်စီပွါးရေးလုပ်ငန်းရှင်များမှ အုပ်စီးထားပြီးရှိခြင်းကြောင့် မရှိနွမ်းပါးသူများ အတွက် ရင်ဖွင့်ရာနေရာ(သို့) ထိန်းညှိဖွယ်ကြိယာအဖြစ်အသုံးခံရန် ကြာရှည်ဖြစ်နိုင်ဖွယ်မရှိတော့ချေ။ ပို၍လွတ်လပ် မှုရှိသည်ဟု ပြောနိုင်သောပုံနှိပ်မီဒီယာတွင်ပင် အစိုးရနှင့်ဘဏ္ဍာရေးအာဏာပြင်ပရှိ လူများအတွက် ဆုံရပ်တပ်ခုအဖြစ် အကျိုးဆောင် မပေးနိုင်ကြပါ။ ထိုအနိမ့်စားပြည်သူများ (အလုပ်သမားအသေးစားလုပ်ငန်းရှင်လယ်သမား)အတွက် ဤမျက်နှာစာကို အသုံပြုပြီ်း စေ့စပ်ညှိနိုင်းနိုင်စွမ်းကို မြှင့်တင်ရန် ဖြစ်နိုင်ချေရှိပါသလား။  

၂။ နိုင်ငံလုံးဆိုင်ရာ ယန္တယားများ 
ဤမျက်နှာစာတွင် အမျိုးသားလူအခွင့်အရေးကော်မရှင်၊ အမျိုးသားစီးပွါးရေးနှင့် လူမူရေးအကြံပေးကောင်စီ ကဲ့သို့ လွတ်လပ်သောအဖွဲ့အစည်းများပါဝင်ပါသည်။ 
 အဆိုပါလွတ်လပ်သောအဖွဲ့အစည်းများသည် စေ့စပ်ညှိနှိုင်းရေးအတွက် အရေးကြီးသော မျက်နှာစာအဖြစ်တည်ရှိပြီး အချို့ပြည်သူလူထုအနေနှင့် အတိတ်ကာလ အောင်မြင်မူတချို့ရခဲ့သော်လည်း များစွာထိရောက်လုံလောက်မူရှိသည်ဟု ဆို၍မရနိုင်ပါ။ အဓိကအကြောင်းအရင်းမှာ လက်လှမ်းမမှီနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် ကျေးလက်ဆင်းရဲသားများ အတွက် ပိုခဲခက်ပါသည်။ ထိုအဖွဲ့အစည်းများသည် ထိန်းညှိစရာကြိယာ အဖြစ်ထက် စေ့စပ်ညှိနိုင်းရေးကြိယာ အဖြင့် သာ ပိုအသုံးတည့်ပါသည်။

၃။ နိုင်ငံရေးပါတီများ
နိုင်ငံရေးပါတီများသည် တစ်နိုင်ငံလုံး (သို့) ဒေသအလိုက်ရှိ နိုင်ငံရေးသမားများ၏ အစုအဝေးဖြစ်သည်။ ၄င်းတို့တွင် လူထုအခြေခံမရှိသည့်အပြင် ရှိနိုင်ရန်ရည်ရွယ်ချက်နှင့် စွမ်းဆောင်ရည်လည်း မဲ့နေပြန်သည်။ သူတိုကိုဘဏ္ဍာထောက် ပံ့သူများမှလွဲ၍ အခြားသူများအား ကိုယ်စားမပြုကြ။ ဤအခြေအနေအောက်တွင် ကျေးရွာသားများအနေနှင့် မိမိတို့ အကျိုးစီးပွါးအတွက် ရပ်တည့်ပေးရန် ကိုယ်စားလှယ်တော်ကြီးများအား ဖိအားပေး၍ အကျိုးမထူပါချေ။ ဤနည်းဖြင့် နိုင်ငံရေးပါတီများသည် အထွေထွေပြည်သူလူထုအဘို့ ပေါ်လစီရေးညှိနိုင်းဆွေးနွေးရာ စင်မြင့်ဖြစ်လာရန်လမ်းမရှိချေ။  
ပါတီဖျက်သိမ်းချင်းသည့်လည်း အထွေထွေပြည်သူလူထုအဘို့ အနည်းငယ်သာ ထိရောက်မူရှိပါသည်။ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေတရားရုံးက ပါတီဖျက်သိမ်းရန် အမိန့်ပေးသည့်တိုင် ပါတီပိုင်ရှင်တို့သည် အချိန်မရွေးဖျက်သိမ်း ခြင်း၊ အသစ်တစ်ခု ထူထောင်ခြင်းများလုပ်နိုင်ပေသည်။  

၎။ လုပ်ငန်းခွင်ဆိုင်ရာအဖွဲ့အစည်းများ
ထိုင်းနိုင်ငံဥပဒေအဖွဲ့အစည်း၊ ဆေးကော်စီ၊ ပုံနှိပ်ထုတ်ဝေသူများအစည်းအရုံးစသော လုပ်ငန်းခွင်ဆိုင်ရာအဖွဲ့အစည်း များ၏ အဓိကရည်ရွယ်ချက်သည် ဥပဒေကိုဂရုမစိုက်မှု၊ မှားယွင်းစွာအသုံးပြုမှု(သို့) အလွှဲသုံးစားပြုမှုမှ ကါကွယ်ရန် သာဖြစ်သော်လည်း လက်တွေ့တွင် သူတို့လုပ်ငန်းများသည် ပြည်သူ့ ရေးရာပေါ်လစီနှင့် အပြန်အလှန် ဆက်စပ်နွယ် ငင်လျှက်ရှိသည်။ ၄င်းအဖွဲ့အစည်းများသည် မိမိတို့၏လုပ်ငန်းတာဝန်ကို လုပ်ငန်းခွင်အတွင်းရှိ ပုဂ္ဂိုလ်တို့၏အကျိုးစီး ပွါးအား ကာကွယ်ရုံသာဟု ကန့်သတ်မထားသင့်ပါ။ ယင်းအစားဆောင်ရွက်နေသော လုပ်ငန်းများနှင့်ဆက်စပ်ပတ် သက်မှုရှိနေသော ပြည်သူ့အကျိုးကို အရင်ရှေ့တန်းတင်စဉ်းစားသင့်ပါသည်။ ဤနေရာတွင် ယင်းအဖွဲ့အစည်းများ၏ ဝိုင်းဝန်ကူညီမှု လုံးဝမရှိကြောင်း ဝမ်းနည်းစွာဆိုပါရစေ။ ဤသည်က ခလေးသူငယ်များ၏ လိင်အင်္ဂါကို ဖြစ်တောက်ရန် စိတ်အာထက်တန်သောဆရာဝန်များရှိနေခြင်း (သို့)အများပြည်သူ၏ အခွင့်အရေးနှင့်တကိုယ်ရေ လွတ်လပ်မှုကို စဉ်ဆက်မပြတ် လက်လွတ်စပယ်ချိုးဖေါက်နေသော သတင်းမီဒီယာများရှိနေခြင်း စသည်တို့၏ အကြောင်းအချက် ပင်ဖြစ်သည်။  
  
၅။ သမဂ္ဂများ
      ခေတ်သစ်လူအဖွဲ့အစည်းတွင် များစွာသောအုပ်စု၏ အကျိုးစီးပွါးများသည် အပြန်အလှန်ဒွေးရောယှက် တင်ဖြစ် သည်။ သမဂ္ဂများသည် ပေါ်လစီအဆင့်ဆွေးနွေး ညှိနိုင်းမှုများလုပ်ရာတွင် ပိုင်နိုင်ထိရောက်သော ကြိယာဖြစ်နိုင်ပါ သည်။ သို့ဖြစ်၍ ရှောင်တခင်ပေါ်ပေါက်လာသော မိမိသမဂ္ဂအဖွဲ့ဝင်များ၏ အကျိုးစီးပွါးပြဿနာထက် ပို၍အရေးကြီး၊ ကြီးမားသောပြဿနာများ အတွက်လုပ်ဆောင်သင့်ပါသည်။ အဖွဲ့ဝင်များ၏ အကျိုးနှင့်ပြည်သူ့အကျိုးတို့ထပ်တူမဖြစ် သည့်အချိန်များရှိပေသည်။ ထိုအခါများတွင်သမဂ္ဂတို့သည် အဖွဲ့ဝင်များ၏ ဘက်တွင်သာရပ်တည်ပြီး အပြောင်းအလဲကို ဆန့်ကျင်သည့်ဘက်သို့ ဦးလှည့်သွားလေ့ရှိသည်။  ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး (သို့) ပြည်သူ့လုပ်ငန်းအဖွဲ့ အစည်းများ ပြုပြင်ပြောင်းလဲရေးတို့ ဆောင်ရွက်ရာတွင် ပြည်သူတို့၏ အခန်းကဏ္ဍကိုပစ်ပယ်ခြင်းခံခဲ့ရပါသည်။

၆။ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ
ကျောင်းများ၊ တက္ကသိုလ်များ၊ ပြတိုက်များ (သို့) အလှူရှင်အဖွဲ့အစည်းများတို့သည် မိမိတို့ဆိုင်ရာဌာနများတွင် ပိုမိုတ ခါးဖွင့်ပြီး ပြည်သူ့အရေးကိုလေ့လာရမည်ဖြစ်ပါသည်။ အစိုးရ (သို့မဟုတ်)စီပွါးရေးအတွက် အကျိုးဖြစ်ထွန်းရန်ကိစ္စ ရပ်များကိုသာ လေ့လာသုသေတနပြုရေး၌သာ မိမိတို့ကိုယ်ကို ကန့်သတ်မထားသင့်ပါ။ သုတေသနဌာနတခုသည် စပါးစိုထိုင်းမှု တိုင်းတာအရေးကြီယာအတွက် ဆောင်ရွက်နေစဉ်မှာပင် ယင်းကြိယာဈေးချိုရေးနှင့်  လယ်လင့်တကူ ဝယ်ယူနိုင်ရေးတို့ကို တွဲဆောင်ရွက်နိုင်ပါသည်။  တချိန်စာရင်းတွင် အရောင်းစပါးများ စိုထိုင်းဆ လျှော့ချနိုင်ရေး အတွက် လယ်သမားများကိုကူညီရာတွင်လည်း ရင်းနှီးမြှုပ်နှံသင့်ပါသည်။

၇။ ဒေသခံအုပ်ချုပ်ရေးအဖွဲအစည်းများ
          ထိုအဖွဲ့အစည်းများသည် တိုက်ရိုက်ရွေးကောက်ပွဲဖြင့် တက်လာသည့်တိုင်အောင် ဒေသခံပြည်သူများ၏ အခွင့် အရေးနှင့်အကျိုးစီးပွားများအတွက် ရှေ့တန်းမှရပ်ခံတိုက်ပွဲဝင် ကာကွယ်သူများဖြစ်ခဲ့ပါသည်။ အောက်ခြေဆန္ဒသဘော ထားများကို ဗဟိုပေါ်လစီချမှတ်သူများသို့ ပေးပို့ဖြည့်သွင်းရမည့်အစား ဒေသခံအဖွဲ့အစည်း၏ ကိုယ်စားလှယ်တော်များ သည် မိမိအတွက်အများစု မည်မျှရနိုင်သည်ကိုသာ အများစုအချိန်ကို အသုံးချနေလေသည်။ ဥပမာအာဖြင့် မိမိတို့နယ် မြေအတွင်း ကျောင်းသုံးပြဌာန်းစာအုပ် ဝယ်ယူဖြန့်ဖြူးရေးကိစ္စတွင် သဘောမတူခင် ဦးစွာပြည်သူလူထုသဘောထားကို မေးမြန်းသင့်ပါသည်။ ဝန်ကြီးဌာနမှထုတ်ဝေသော ဤပြဌာန်းချက်များကို ကြိုက်နှစ်သက်ပါသလား၊ ထပ်မံဖြည့်စွက် လိုသော အကြောင်းအရာ စာရင်းရှိပါသလား၊… စသဖြင့်။ ဤကဲ့သို့လုပ်နိင်လျင် သူတို့သည်နိုင်ငံ၏ ပညာရေးပေါ်လစီ တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအတွက် နေရာမှန်ကို လမ်းဖွင့်ပေးရာ ကျပါလိမ့်မည်။
         
အထက်တွင်ဖေါ်ပြထားခဲ့သည့်အတိုင်း ဤဥပမာခုနှစ်ရပ်သည် ထိုင်းလူ့အဖွဲ့အစည်းတွင် အလုပ်မဖြစ်ခြင်း(သို့)အပြည့် အဝ အလုပ်မတွင်ခြင်းတို့ရှိနေပါသည်။ ဤသို့ဖြစ်လျက် ကျွန်ပ်တို့၏ လမ်းများပေါ်တွင် ကားများပြားလွန်း၍ လမ်းပိတ် ဆို့ခြင်းထက် ရည်ရွယ်ချက်တခုခုပေါ်တွင် လမ်းမများကိုသိမ်းပိုက်ခြင်း မကြာခဏ ဖြစ်ပေါ်နေရခြင်း၏ အကြောင်းရင်း ကို အံ့သြတော့မည်မဟုတ်ပါ။
         
ပြဿနာမှာ ပြည်သူလူထုများ လွတ်လပ်စွာနှင့် လွယ်ကူစွာအသုံးပြုနိုင်သော အခြားဒီမိုကရေစီမျက် နှာစာများမရှိခြင်း ကြောင့် လမ်မများသည် သြဇာကြီးမားသောအုပ်စုများ၏ ပြောင်းလဲမှုမှ အကျိုးအမြတ်ရနိုင်ရေး စိတ်ဝင်စားမှုကို ရှေ့ပြေးဖေါ်ထုတ်ရာ ဆုံရပ်များဖြစ်လာနိုင်ခြင်းဖြစ်သည်။ လမ်းမပေါ်က နိုင်ငံရေးသည် ဒီမိုကရေစီတရပ်၏ အခြားမျက် နှာစာများကို ထင်သာမြင်သာ ရှင်းလင်းမှုမရှိဘဲနဲ့ ပိတ်ပင်လိုက်နိုင်ပါသည်။ လမ်းပေါ်ထွက်ဆန္ဒပြသူများကို အင်အား သုံး၍ (သို့) ဖြောင်းဖျနှစ်သိမ့်၍ ဖယ်ရှားရေးသည် ဒီမိုကရေစီ၏ လိုရင်းအချက်မဟုတ်ပါ။ အဓိကပြဿနာမှာကျွန်ပ်တို့ ၏ ဒီမိုကရေစီရေး တိုးတက်မြင့်မားရန် ဒီမိုကရေစီ၏ အခြားမျက်နှာစာများအား မည်သို့တွန်းတင်ဖွင့်ပေးရမည်ဆိုသည် ပင်ဖြစ်သည်။

မင်းရဲမွန်
          (သမိုင်းပါမောက္ခ နီဒီအီဆီဝမ်(Nidhi Esseewang)၏ (11/6/08)နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ၊ (Street and other spaces for Democracy)ဆောင်းပါးကိုဘာသာပြန်သည်။

မင်းရဲမွန်
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views