အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)
ဆောင်းပါး

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

သာထွန်းမွန်
စက်တင်ဘာ ၁၈၊၂၀၀၉။

နေရာက..ထိုင်းနိုင်ငံရှိမနီလွိုန်မြန်မာကျောင်းသားများစခန်း၊စခန်းတွင်းမှာတော့ စနစ်ဆိုးကိုဖန်တီးသော ဗမာ့စစ်အစိုးရကြောင့် မွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ကရင် အစရှိသောတိုင်းရင်းသားဒီမိုကရေစီကျောင်းသားများခိုလှုံရာနေရာ၊ ဒီအပြင်စနစ်ဆိုးကြောင့် တိုင်းရင်းသားပေါင်းစုံစစ်ပြေး ဒုက္ခသည်တို့ ခိုလှုံရာနေရာ။

အချိန်ကား..(၁၉၉၉ ) ခုနှစ်၊အောက်တိုဘာလ(၂၄)ရက်၊ သီတင်းကျွတ်လပြည့်ည။ လပြည့်ညဆိုတော့လည်း စခန်းတွင်းရှိ မွန်ဘုန်းကြီးကျောင်းမှာ ဗုဒ္စဘာသာဝင်တို့ ဓလေ့ထုံးစံအတိုင်း ကုလိုလ်ပြုသူတော်စင်တို့နဲ့ စည်ကားနေသလို ဘုန်းကြီးကျောင်းရှေ့က မွန်အမျိုးသားစာသင်ကျောင်းထဲမှာလည်း သီတင်းကျွတ်လပြည့် အထိမ်းမှတ်ဗီဒီယိုရုပ်ရှင် လာကြည့်နေကြတဲ့တိုင်းရင်းသားပေါင်းစုံ စခန်းတွင်းကလူတွေနဲ့ စည်းကားနေပါတယ်၊ မွန်အမျိုးသားကျောင်းရှေ့က ယူကလစ်ခုံတန်းရှည်ပေါ်မှာလည်း “ဒီအချိန်ကိုရောက်ရင်တို့နှစ်ယောက်အမြဲတွေ့နေကျ”
ဆိုတဲ့ ကွယ်လွန်သွားလေပြီဖြစ်တဲ့ ရှမ်းအမျိုးသားအဆိုကျော်စိုင်းထီးဆိုင်ရဲ့ မူရင်းစာသားကိုဖျက်ပြီး “ဒီအချိန်ကိုရောက်ရင် တို့နှစ်ယောက်အမြဲသောက်နေကျ”ဆိုပြီး ဇိုးတိုရဲ့အနုစိတ်အတိုင်းအမြဲသီဆိုနေတတ်ကြတဲ့
ကျနော်တို့အပေါင်းဖော်တသိုက်ဟာ ညနေခင်းကအရှိန်လေးနဲ့ ရောက်တတ်ရာရာစကားတွေ ထိုင်ပြောနေကြပါတယ်။

ရောက်တတ်ရာရာစကားဝိုင်းဆိုတော့လည်း တချို့သောအပေါင်းသင်းတွေက ဇာတိမြေမှာကျန်ရစ်နေတဲ့ချစ်သူလေးကို
ပြန်လည်တမ်းတအလွမ်းသယ်နေကြသလို တချို့သောအပေါင်းသင်းတွေကအမေ့အိမ်ရဲ့နွေးထွေးမှုတွေကို နှလုံးသား
ချီးမွမ်းခန်းဖွဲ့လို့ တချို့သောအပေါင်းသင်းတွေကစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွေးဗျုဟာ ညှိနှိုင်းဆွေးနွေနေခဲ့
ပါတယ်။ အဲဒီစကားဝိုင်းထဲက UN အသိမှတ်ပြုဒုက္ခသည်လက်မှတ်စောင့်ဆိုင်းနေတဲ့ ဖဲသမားအပေါင်းသင်းမိတ်ဆွေတ
ယောက်ရဲ့“ကဲကွာ အရက်သောက်ရင်းစစ်အာဏာရှင်စနစ်ကိုတိုက်နေကြတာ ဆယ်စုနှစ်ကျော်နေပြီ ဘာမှဖြစ်မလာခဲ့
ဘူး ဗျုဟာပြောင်းပြီး စစ်အာဏာရှင်စနစ်ကိုဖဲဝိုင်းမှာဆက်ပြီးဆွေးနွေးတိုင်ပင်တိုက်ကြရအောင်”ဆိုတဲ့သူ့ရဲ့စကားလေး
ကြောင့်တချို့သော့အပေါင်းသင်းတသိုက် ဖဲဝိုင်းဆီချီအတက်မှာ.............၊

“မွန်ညီအကိုတို့ ကယ်ကြပါအုံး၊လုပ်ကြပါအုံး အောက်ကဖိချိုင်းဆိုင်မှာ မွန်နဲ့ဗမာ ရန်ဖြစ်နေကြပြီ” ပြေးလာခဲ့ရ၍မော
ပန်းနွမ်းနယ်နေတဲ့ သူ့ရဲ့အသံကြောင့် ဖဲဝိုင်းချီတက်ရေး အစီအစဉ်ပျက်ခဲ့ရပါသလို မွန်အမျိုးသားကျောင်းထဲက လ
ပြည့်ညအထိမ်းအမှတ်ဗီဒီယိုရုပ်ရှင်လည်းပျက်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ မနီလွိုန်မြန်မာကျောင်းသားစခန်းရဲ့အခြေ
အနေတွေက ရွာဘုရားပွဲထဲ မြွေဝင်လာလို့ ပွဲကြည့်ပရိတ်အပေါင်းရုတ်ရုတ်သဲသဲဖြစ်နေတဲ့ မြင်ကွင်းလေးတခုလိုပါပဲ။ 
     
ကျနော်လည်းပဲအခြေအနေမှန်ကို သိလိုစိတ်နဲ့အခင်းဖြစ်ပွားရာ ဖိချိုင်းဆိုင်ဆီလမ်းလျှောက်လာခဲ့ရာ လမ်းခုလတ်ကြား
က COERR ရုံးရှေ့အရောက်မှာ သူငယ်ချင်းနိုင်လောက(သြစတေးလျနိုင်ငံရောက်)မှ...သူငယ်ချင်းအဲဒီကို မင်းမသွားပါ
နဲ့အခြေနေတွေက သိပ်မကောင်းဘူး.. သူ့ရဲ့စကားမဆုံးခင်မှာပဲ“ညနေခင်းတိုင်း အပျင်းပြေဘော်လုံးကစားကြရင်း မျက်မှန်းတန်း သိနေကြတဲ့ဗမာ လူငယ်လေးတယောက်က ဒီရန်ပွဲမှာ “အကိုပါသလား” “ငါမပါဘူး အခုလေးတင်ပဲသ
တင်းကြားလို့ သိချင်စိတ်နဲ့လာကြည့်တာပါ” လို့ပြန်ပြောလိုက်မှ အဲဒါဆိုအကိုအဆောင်ပြန်အိပ်တော့ အခြေနေတွေ
အရမ်းဆိုးနေပြီလို့” သူ့ရဲ့စေတနာကြောင့် အသိစိတ်တခုဝင်လာပြီး အမတို့မိသားစုရှိရာဝါးဆောင်(မွန်ကျောင်းသား၊စစ်
ပြေးဒုက္ခသည်တို့နေရာ မွန်တန်း) ဆီအပြေးအလွှားလာခဲ့ရာမှာ........၊

“တွေ့သမျှမွန်တွေအကုန်ရိုက်သတ်..ကလေးတောင်မချန်နဲ့” ဟူသောမိန်းမတယောက်ရဲ့ နှိုးဆော်သံကြောင့် မွန်တန်း
ကမွန်ကျောင်းသားတွေ၊မွန်လူငယ်တွေအားလုံးနီးပါး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ရရာတုတ်၊ဓါးဆွဲပြီး ၀ါးဆောင်လေးဆောင်ရဲ့ အလယ်ကွက်လပ်မှာရှိတဲ့ ကွမ်းယာဆိုင်မှာစုဝေးနေကြပါတယ်၊ ကျနော်နဲ့နိုင်သအး(နဲာစအး
အမေရိကရောက်)တို့လည်းအဲဒီနေရာမှာရှိနေကြပါတယ်၊ အဲဒီနေရာကိုရောက်ရှိနေတဲ့ ကျနော်တို့ဘက်က မွန်ကျောင်း
သားလူထု အရေတွက်က(၃၀)၀န်းကျင်သာသာပဲရှိလိမ့်မယ်။

တကယ်ဆိုရင်ကျနော်တို့ဘက်က အဲဒီညမှာလူမျိုးချစ်စိတ်နဲ့ညီညွတ်စည်းလုံးနေကြရင်ဖြင့် ကျောင်းသားလူထုအရေတွက်
အင်အားက ရာဂဏန်းဖြစ်နေမှာပါ။ တချို့က ပြသာနာစဖြစ်တာနဲ့စခန်းတွင်းက သားမယားကိုစွန့်ပြီးစခန်းနဲ့နီးတဲ့ ၀က်
သတ်ရုံမှာသော်လည်းကောင်း၊ သူတို့ကျင်လည်ရာဘန်ကောက်မြို့ကိုသော်လည်းကောင်း ညတွင်းချင်းရှောင်ထွက်ကြပါ
တော့တယ်၊ ဗမာကျောင်းသားလူထုတို့ဘက်က ကြွေးကြော်တဲ့အတိုင်း“တွေ့သမျှမွန်တွေကိုသတ်ဖြစ်မယ်ဆိုရင်”သူတို့
ရဲ့သားမယားတွေသေချင်သေပါစေ....ငါလွတ်ရင်ပြီးပြီဆိုတဲ့စိတ်နဲ့တကိုယ်တော်ထွက်ပြေးသွားတာလားမသိ၊ကာယကံ
ရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်လိမ့်မယ်။

ဗမာ၊ကရင်၊ထားဝယ်တို့ဘက်က ကျောင်းသားလူထုအင်အားက(၄၀၀)ကျော်ကျော်ရှိလိမ့်မယ်၊မွန်ကျောင်းသားလူထု
ဘက်ကအင်အား(၃၀)၀န်းကျင်တို့ဟာကွမ်းယာဆိုင်ရှေ့က ၀ါးဆောင်ကွက်လပ်မှာစည်းကလေးတားပြီး၊စည်းမကျော်
ကြေးဆိုပြီး ပြသာနာကိုငြိမ်းချမ်းစွာဖြေရှင်းဘို့ တဖက်နဲ့တဖက်ရန်ဆောင်နေကြပါတယ်၊ အဲဒီစည်းကိုတားတဲ့သူက
နဲာဓမ္မ(ကနေဒါရောက်ကဒီစည်းကိုဗမာတွေကျော်လာရင် ကျော်တဲ့အကောင်ခုတ်ဆိုပြီး သူကိုင်ထားတဲ့တုတ်ရှည်ရှည်
ကြီးနဲ့ ကျနော်ရှေမှာပဲ ခြစ်တားလိုက်တာပါ) ။

အဲဒီအချိန်မှာ ဗမာကျောင်းသားလူထုများသည်“မွန်တို့သည်လူမျိုးခွဲခြားသည်၊နအဖ စစ်အာဏာရှင်သူလျိုဝှက်တွေ
နအဖလက်ကိုင်တုတ်တွေ၊တို့ကျောင်းသားများစခန်းကို လာရောက်ဖျက်ဆီးနေကြပြီ ဗမာများအားလုံးထွက်လာကြ
မွန်အမျိုးသားတွေကိုဓါးနဲ့ခုတ်၊၀ါးရင်းတုတ်တွေနဲ့ရိုက်သတ်၊ မွန်အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖျက်ဆီးကြ” စသည်ဖြင့်
စွပ်စွဲအော်ဟစ်နေသည်ကို မခံမရပ်နိုင်ဖြစ်လာတဲ့ နိုင်သအးမှကိုယ့်ကိုယ်ကို ကာကွယ်ဖို့ကိုင်ထားတဲ့ သူ့လက်ထဲက
အလယ်မှာပဲ့နေတဲ့ ထိုင်းလုပ်ငါးခုံးမဓါး ကိုကျနော့်ဆီအပ်ပြီး ဗမာကျောင်းသားလူထုအုပ်ဆီ ရဲဝင့်စွာဝင်သွားပြီး
“ပုဂ္ဂိုလ်ရေးပြဿနာကို လူမျိုးရေးပြဿနာထဲသို့မရောထဲ့ဘို့ ဖျောင်းဖျနေပါတယ်”။

တဖက်ကဗမာ၊ကရင်၊ထားဝယ်တိုင်းရင်ဖွားကျောင်းသားလူထုဘက်က ဒေါသအလျှောက်စွပ်စွဲချက်အမျိုးမျိုးနဲ့
အော်ဟစ်ရန်စောင်နေချိန်မှာ ၀ါးဆောင်(၁)က သာပေါင်းညာစားမွတ်ဆလင်ကုလားတယောက်က ဘယ်ဖက်က
တောခုတ်ဓါးရှည်ကို ညာဘက်ကသားသတ်ကပ်ပါးတွေနဲ့ ဝှေ့ရမ်းပြီး“ဟေ့အမောင်ဗမာကျောင်းသားတို့ ခုတ်ရတော့
မှာလား ထစ်ရတော့မှာလား”ဆိုပြီးကျနော်တို့မွန်ကျောင်းသားတွေကို ခြိမ်းခြောက်နေပါတော့တယ်။

အဲဒီလိုအခြေအနေအရပ်ရပ်ကို ဘေးကရပ်ကြည့်နေတဲ့၊၀င်ရောက်ဖျောင်းဖျပေးနေတဲ့ စေတနာကောင်းလှသော
တော်လှန်ရေးသမားပီသလှသော ၀ါးဆောင်(၂)အဆောင်မှူးကိုခိုင်ကြီးနဲ့ ၀ါးဆောင်(၄)က ကိုထွန်းတို့ရဲ့
“ငါ့ညီတို့ အခြေနေတွေကမင်းတို့အတွက်မကောင်းတော့ဘူး နောက်ဆုတ်လိုက်ကြတော့” စေတနာနဲ့အသိပေး
လိုက်မှ ကျနော်က နိုင်သအးနဲ့ကျန်မွန်ကျောင်းသားလူထုတွေအားလုံးကို အသိပေးလိုက်ပါတော့တယ်၊ ကျနော်တို့ဘက်က နောက်ဆုတ်ပေးလိုက်တာကို မြင်လိုက်တဲ့တဖက်က “ဟေး လိုက် လိုက် မွန်တွေပြေးပြီ”
ဆိုကာတားထားတဲ့စည်းကိုကျော်ဖြတ်ပြီး ဖိချိုန်းဆိုင်မှာ မောင်စံရှားနဲ့ရန်စဖြစ်ခဲ့တဲ့မွန်ကျောင်းသားတွေကို မွန်တို့
အိမ်ကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တအိမ်တက်တအိမ်ဆင်း ပိုက်စိပ်တိုက်လိုက်ရှာကြပါတော့တယ်။

ကောက်ရိုးမီးကတော့ စခန်းတခုလုံးကို ကူးစက်သွားပါပြီ၊ တချို့သောဗမာကျောင်းသားတို့ဘက်မှ မွန်အမျိုးသား
ကျောင်းကိုသွားရောက်ဖျက်ဆီးကြသလို၊ တချို့သောဗမာကျောင်းသားတို့ဘက်မှ ဖိချိုန်းဆိုင်ရှေ့က မိသားစုအဆောင်
မှာ နေထိုင်နေတဲ့ အဝေးရောက်မွန်ကျောင်းသားများအဖွဲ့ဥက္ကဋ္ဌရဲ့နေအိမ်ကို ဖျက်ဆီးနေကြပါတယ်၊အဆိုးဆုံးကတော့
3B အပျိုအမျိုးသမီးတို့နေထိုင်ရာ အဆောင်မှာရှိတဲ့ မွန်ကျောင်းသူ၊မွန်တော်လှန်ရေးသမီးပျိုတွေကို ကိုယ်ထိလက်ရောက်ပါးရိုက် အနိုင်ကျင့်တဲ့ ကိစ္စပါပဲ၊ အဲဒီကိစ္စကိုတော့ကိုယ်တိုင်အရိုက်ခံရတဲ့ ရေ့းမြို့နယ် ယင်းရယ်ရွာမှ မွန်ပြည်သစ်ရဲမေဟောင်း မိခင်စိုး(အမေရိကရောက်)အသိဆုံးပါပဲ။

ရိုက်ပွဲတွင် ရိုက်ကြသည့် မွန်တို့ဘက်လူတွေဘယ်ရောက်သွားလဲဆိုတာမသိကြ၊ ဒါပေမဲ့ အပြစ်မဲ့တဲ့စခန်းတွင်းကမွန်
ကျောင်းသားလူထုအပေါ် ဗမာကျောင်းသားတို့က တညလုံးလိုက်လံရှာဖွေ အမှုရှာပြီးညတွင်းချင်းမှာပင် မင်းချစ်၊
မင်းစိုးအောင်၊မင်းဇော်ဝမ်းနဲ့မင်းစန္စက် တို့ကိုရဲစခန်းသို့အမှုဖွင့်ပို့လိုက်ပါတော့တယ်၊ အဆိုပါသူတို့တတွေအားလုံး
သည်မည်သည့် အမှုဖြင့်မိမိတို့အားထောင်ချလိုက် သည်ကိုထောင်ကလွတ်လာတဲ့ အချိန်အထိမသိကြပါ၊ ဘန်ကောက်
အခြေစိုက်မွန်လူကြီးတွေရဲ့ကြိုးပမ်းမှုကြောင့် (၈.၉.၂၀၀၀)တွင်သူတို့တတွေအားလုံး ထောင်မှလွတ်မြောက်လာကြပါ
တယ်။

အဲဒီညကဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ဗမာကျောင်းသားတို့ရဲ့နှိပ်စက်မှုကို ခံလိုက်ရတဲ့ အပြစ်မဲ့မွန်ကျောင်းသားနှစ်
ယောက်ကတော့ နိုင်ဗညားမွန်နဲ့မင်းကောင်းထောတို့ပဲဖြစ်ပါတယ်။ အမှန်တော့သူတို့နှစ်ယောက်ဟာ အဲဒီညက ရန်
ပွဲတွေနဲ့ဘာမှမဆိုင်ပါ၊ သီတင်းကျွတ်လပြည့်ညမို့ ဘုန်းကြီးကျောင်းမှာအလည်ရောက်နေတုန်း ကံဆိုးကြရရှာတာပါ၊
ဒေါသအထွတ်အထိပ်ရောက် နေကြတဲ့ဗမာကျောင်းသားလူထုဘက်က မွန်အမျိုးသားကျောင်းကို စိတ်ရှိလက်ရှိ ဖျက်
ဆီးလိုက်ပြီးနောက် ဘုန်းကြီးကျောင်းမှာ မွန်တွေကိုလိုက်ရှာရင်း သူတို့နှစ်ယောက်ကိုတွေ့ပြီး စခန်းဖျက်ဆီးသူတွေအ
ဖြစ်အတင်းလက်မှတ်ထိုးခိုင်းကာ ထိုင်းရဲလက်အပ်ဖို့ခေါ်အသွား လမ်းတ၀က်မှာ ဗမာကျောင်းသားတို့ဘက်ကနိုင်
ဗညားမွန်ကို ဒုတ်နဲ့ရိုက်နှိပ်စက်တာကြောင့် နိုင်ဗညားမွန်က မွန်အိမ်တအိမ်ပေါ် တက်အပြေးမှာနောက်က ဓါးနဲ့လိုက်
ထိုးတာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိကာ နောက်နေ့အိမ်ရှင်ကဆေးရုံပို့ပေးလိုက်ရပါတယ်။

နောက်တနေ့မှာတော့ ဗမာကျောင်းသားများသည် ဒုတ်ကိုင်၊ဓါးကိုင်၍ မနေ့ညကဖြစ်ပွားခဲ့သည့်ကိစ္စကို(BSA ရုံး) ဗမာကျောင်းသားများရုံး တွင်တဖတ်သတ်အနိုင်ကျင့်ဖြေရှင်းဖို့ ထိုင်းအစိုးရနဲ့UNHCRတို့ရဲ့ ဒုက္ခသည်ဆိုင်ရာသဘော
တူညီချက်အရ ဖွင့်ထားခဲ့တဲ့ မနီလွိုန်မြန်မာကျောင်းသားစခန်းအတွင်းရှိ မွန်ကျောင်းသားလူထုကို တရားဥပဒေမဲ့ လာ
ရောက်ဆွဲခေါ်ပါတော့တယ်၊ ကျနော်နဲ့နိုင်လောကတို့ သည်လည်းနောက်ဆုံးအသုတ်ထင်ပါရဲ့ ကျောင်းသားရုပ်မပေါက်
တဲ့ အသားမဲမဲ၊လူကောင်သေးသေးပုပု စာနာစိတ်အနည်းငယ်ရှိလောက်တဲ့ လူငယ်တစုရဲ့ ယဉ်ယဉ်ကျေးကျေးခေါ်
ဆောင်ရာနောက်ကို လိုက်ခဲ့ရပါတယ်။

BSA ရုံးထဲမှာတော့ ဗမာကျောင်းသားတို့ကတချို့သော မွန်ကျောင်းသား၊မွန်စစ်ပြေးဒုက္ခသည်တို့ကို ကြိုးချည်၍ မျက်
စိပိတ်ကာ ထိုးကြိတ်၊ ပါးရိုက်၊ ဆေးလိပ်မီးနဲ့တို့ပြီး အနိုင်ကျင့်နှိပ်စက်ကြပါတော့တယ်။အဖွဲ့စည်းခေါင်းဆောင်တို့ရဲ့အ
ခွင့်အာဏာကို ရယူကာ မွန်ကျောင်းထိုင်ဆရာတော် ဦးစန္စော(ဆွီဒင်ရောက်)အား မကြာခဏ ခြိမ်းခြောက်မှုစစ်ဆေးမှု
များပြုလုပ်နေပါတယ်။ ကျောင်းမှာရှိနေကြတဲ့ သံဃာတော်သုံးပါးကိုလည်း ကာယဗန္ဒန ကြိုးမချည်ထားလို့ သံဃာအတု
တွေလို့ စွပ်စွဲကာ သံဃာတော်တွေကို ဆွဲခေါ်ကာ ထုထောင်းရိုက်နှက်ဖို့  ကြိုးစားခဲ့ကြသည်။

ကျနော့်ရဲ့သူငယ်ချင်း နိုင်လောက သည်လည်းကျနော့်မျက်စိရှေ့မှာတင် မသကာင်္လို့ဆိုပြီး စစ်စရာရှိသည် ဆိုကာ
ခေါ်သွားစဉ်မှာပဲ စနစ်ဆိုးကိုဆန့်ကျင်သော၊မဆလ၊ နအဖ၊ န၀တကို တော်လှန်သော ဗမာကျောင်းသားတို့ရဲ့ အဆင်
ခြင်တရားကင်းမဲ့တဲ့ လက်သီးမီးကို အကူညီမဲ့စွာ ခံခဲ့ရပါတယ်။ မြင်နေရက်နဲ့ ဒေါ်အောင်ဆန်းစုကြည၊် ၈၈
မျိုးဆက်ကျောင်းသားများအပါအ၀င်၊ နိုင်ငံရေးအကျည်းသားတွေအားလုံး လွှတ်ပေးဖို့ စနစ်ဆိုးကို ၁၉၉၆ ဒီဇဘာင်္ ၁၃
မှာ ဘ၀ပေးတောင်းဆိုခဲ့ဖူးတဲ့ ကျနော်ကိုယ်တိုင်လည်း မကူညီနိုင်ခဲ့ပါ။ သို့သော် အတွေးထဲမှာတော့….

စနစ်ဆိုးကြောင့်
ငါ့မိခင်ဘာသာစကား
ငါလွတ်လွတ်လပ်လပ်....ပြောခွင့်မရခဲ့၊
စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့စာပေ
ငါလွတ်လွတ်လပ်လပ်....သင်ကြားခွင့်မရခဲ့၊
စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ယဉ်ကျေးမှု
ငါလွတ်လွတ်လပ်လပ်...ပြသခွင့်မရခဲ့။
နောက်ဆုံးမှာတော့......
ငါ့မိခင်ရဲ့ဘာသာစကား
ငါ့မိခင်ရဲ့စာပေ
ငါ့မိခင်ရဲ့ယဉ်ကျေးမှု
အထူးသဖြင့်
ငါ့ရဲ့ရိုးသားမှုကိုပါ
စနစ်ဆိုးရဲ့ မြေခွေးတသိုက်က
ဖျက်ဆီးနေကြပါလား။ ။

သာထွန်းမွန်
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views