အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ဘာဆက်လုပ်နိုင်မည်နည်း
ဆောင်းပါး

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့

လေးငယ်
စက်တင်ဘာ ၁၅၊၂၀၀၉။

ဒုတိယအပိုင်း
၎၊၊ အရှိန်မြှင့်ဆောင်ရွက်ခြင်း၊၊
          - အစည်းအဝေးများလုပ်ပြရုံသက်သက်နှင့် အလုပ်ဖြစ်မှာမဟုတ်သလို အလုပ်အပေါ် တာဝန်ယူမှု မရှိလျှင် လည်းအလုပ်မဖြစ်ပေ၊၊ အလုပ်ကိုလုပ်ပြတိုင်းလည်း၊ အလုပ်ဖြစ်ရုံ၊ မြင်သာရုံ၊ ကြွားစရာဖြစ်ရုံနှင့် လုပ်နေ၍လည်းမဖြစ် မြောက်ပြန်ပါ၊၊ ဤသို့ကြောင့် အလုပ်ကိုဘယ်လိုမျိုး၊ အရှိန်မြှင့်လုပ်ဆောင်ကြမှာလဲ -

(က) မည်သည့်လုပ်ငန်းမျိုးကို ဆောင်ရွက်မှာပါလဲ၊ (ပါတီရေးလား၊ ကုမ္ပဏီရေးလား၊ နိုင်ငံရေးလား) ဆိုသည်ကိုသေ ချာစွာသိပါ၊၊

(ခ) မိမိကြံဆောင်လုပ်လိုသည့်လုပ်ငန်းအပေါ် တတ်သိပညာရှင်များ၊ မိမိလုပ်လိုသည့်လုပ်ငန်း၌အတွေ့အ ကြုံရှိခဲ့သူ များနှင့်တိုင်ပင်ညှိနှိုင်းရပါ၊

(ဂ) မိမိနှင့်လက်တွဲလုပ်ကိုင်ရမည့် သူများ၌လည်း မိမိလုပ်လိုသည့် လုပ်ငန်းကိုသေချာစွာသိပြီးလား၊၊ လိုအပ်သည့်လူ အရေအတွက်ခန့်မှန်း (ထောက်ခံသည့်အင်အား) အနေအထားကိုရရှိနိုင်မလား၊၊ လုပ်နည်းကိုင်နည်းများလည်း သေချာ နားလည်လောက်သည့် အခြေအနေမျိုးရှိနေပြီးလား၊ စသည့်အခြေအနေမှန်ကို သုံးသပ်နိုင်ရမည်၊၊

(ဃ) ရည်ရွယ်ချက်၊ လမ်းစဉ်၊ လုပ်နည်းကိုင်နည်း၊ စည်းမျဉ်းစည်းကမ်း၊ စသည့်အခင်းအကျင်းများ ပီပီပြင်ပြင်ခင်းကျင်း ထားခဲ့ရပေလိမ့်မည်၊ ဆန္ဒလည်းရှိပြီး တက်ကြွစွာပါဝင်ချင်စိတ်ရှိရမည်၊ ဝေဝါးမှုမရှိစေရ၊၊
         
- လူအဖြစ်ရပ်တည်ရှင်သန်နိုင်ဖို့အတွက် အစားအစာဟာ မရှိကိုမဖြစ်သည့်အရာဖြစ်ပါသည်၊၊ ဤကဲ့သို့ပင်လုပ်ငန်းတခု အကောင်အထည်ဖေါ်ရာ၌ မပြီးရင်မဖြစ်သည့် စိတ်မျိုးထားရှိမှ ပိုပြီးထိရောက်ပေလိမ့်မည်၊ အနီးဆုံးမှာ ဇွဲကောင်းရမှာ ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှု မရသေးသမျှ လုံပမ်းသွားမည့်စိတ်မျိုး ရှင်သန်နေရမည်၊၊ ဤလိုစိတ်မျိုးနှင့် ကျရာတာဝန် ကို ဦးလည်မသုံအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရပေမည်၊၊

၅၊၊ ရလာဒ်ကောင်းများကိုထိမ်းသိမ်းခြင်း၊
          - ပလိုင်းပေါက်နှင့်ဖါးကောက်၍မဖြစ်ပေ၊၊ ရရှိလာသည့်လုပ်ငန်း (အသီးအပွင့်များ)ကို အကျိုးရှိစေရန် အလို့ငှာ ထိမ်းသိမ်းတတ်ရပေမည်၊၊ သို့မဟုတ်ပါက ခဲလေသမျှ သဲရေကျပြီး၊ သဲထဲရေသွန်ဖြစ်သွား နိုင်ပါသည်၊၊ ရရှိထားသည့် အတွေ့အကြုံများ၊ နည်းပညာများ၊ အောင်မြင်မှုများ၊ ရုပ်ဒြပ်ဂုဏ်ဒြပ်များကို ပိုမိုအကျိုးရှိလာစေရန် ဖြစ်ပါသည်၊၊ ဤသို့ မှသာ နောက်တလှမ်းကို တက်လှန်းလေတိုင်း အကျိုးဖြစ်ထွန်းလာ နိုင်စရာရှိပါသည်၊၊ (တရုပ်လိုရှာ ကုလားလိုစု ဆို သည့် စကားမျိုးပေါ့ဗျာ)

၆၊၊ တူညီမှုများကိုတိုးချဲ့ခြင်း၊
          - အမြူတေခေါင်းရှိရာ အမြူတေစု ဆိုသည့်အတိုင်း၊ အမြင်တူသူများ၊ လုပ်ဟန်တူသူများနှင့် စည်းကမ်းတူသူ များကို စည်းရုံးသိမ်းသွင်းရပေမည်၊၊ ဤနေရာ၌လည်း ဟန်ဆောင်မှုတရားထက် တကယ့်လက်တွေ့ကျမှုကို စံထားရ ပေမည်၊၊ ဆွေမျိုး၊ မိတ်ဆွေ၊ သားသမီးများကို ဦးစားပေးသည့်စနစ်သည်၊ ကိုယ်ပိုင် ပုဂ္ဂလိလုပ်ငန်းမျိုးတွင် အဆင်ပြေ နိုင်သော်လည်း၊ အများနှင့်ပတ်သက်သောအလုပ်၊ သို့မဟုတ် လူမျိုးနှင့် ဆိုင်သောလုပ်ငန်းမျိုးမှာ မသင့်တော်ပေ၊၊စုဝေး သင်းပင်းထားသည့် အင်အားများစုကိုလည်း၊ တော်သူရှေ့ဆောင်ခန်းလိုနည်းမျိုးကို ကျင့်အပ်ပေသည်၊၊ ဤသို့မှသာတူ ညီမှုရှိသည့် အင်အားများသည်၊ တိုးတက်အောင်မြင်မှာ ဖြစ်ပေသည်၊၊

၇၊၊ အောင်မြင်ခြင်း၊၊
         - လူတိုင်း၌လောကဓံ ရှစ်ပါးတရားတော်နှင့်မကင်းကြပေ၊၊ အောင်မြင်ခြင်း၊ ကျဆုံးခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမြှောက် ခံရခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ စသဖြင့်ရှိပါသည်၊၊ အောင်မြင်မှုရရှိလေတိုင်း၊ အောက်ခြေမ လွတ်ရန်အရေးကြီး သလို၊ ဆုံးရှုံးလေတိုင်း ဘဝကိုမဖျက်ဆီးပစ်ရန် အရေးကြီးပါသည်၊၊ မိမိရသည့်အောင် မြင်မှု၏ အတိမ်အနက်ကိုလည်း သတိရှိရန် လိုအပ်ပါသည်၊ သို့မဟုတ်ပါက သွေးနထင်ရောက်ပြီး၊ လမ်းလွဲတတ်ပါသည်၊၊ မိမိ၏အောင်မြင်မှုကို မိမိအသိ အမှတ်ပြုသင့်ပါသည်၊ သို့မှသာ ရှေ့ဆက်နိုင်သည့် တွန်းအားမျိုးကို ပေါ်ပေါက်လာစေနိုင်သည်၊၊ ဤသို့မဖြစ်ဘဲ အောင် မြင်မှုနေရာ၌ နစ်မြှုပ်နေပေလိမ့်မည်ဖြစ်သည်၊၊

လေးငယ်


                                                                                                        

       လေးငယ်
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views