အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ဆောင်းပါး

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

လေးငယ်
အောက်တိုဘာ ၅၊၂၀၀၉။

၁၊၊ ထိုင်းနိုင်ငံအခြေချမွန်လူမျိုး၌ ပုံစံနှစ်မျိုးနှစ်စားရှိနေကြောင်း လေ့လာတွေ့ရှိရပါသည်၊၊ ဤနှစ်မျိုးနှစ်စား မှာထိုင်းနိုင် ငံရှိ မူရင်းတည်ရှိနေသည့် မွန်လူမျိုးများနှင့် နှစ်ပေါင်းနှစ်ရာကျော်က ထိုင်းနိုင်ငံထဲကိုဝင်ရောက် နေထိုင်ခဲ့ကြသည့်အမျိုး အစားဖြစ်ပြီး ဒုတိယအမျိုးအစားမှာ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေကြသည့် လူတန်းစားတို့၏ဖေါက်ပြန်သည့် အုပ်စိုး မှုစနစ်ဆိုးကြောင့်  မိမိနိုင်ငံကိုစွန့်ခွာပြီး ထိုင်းနိုင်ငံထဲကိုဝင်ရောက် ခိုလှုံခဲ့ရသည့်အမျိုးအစားဖြစ်ပါသည်၊၊ အဓိကမှာ ဤဒုတိယအမျိုးအစားအား တင်ပြအကြံပြု လိုခြင်းဖြစ်ပါသည်၊၊ထိုင်းနိုင်ငံထဲကို ဝင်ရောက်လိုသည့် အမျိုးအစားထဲတွင် မွန်လူမျိုးတမျိုးတည်းတော့မဟုတ်ပေ၊၊ ဗမာ လူမျိုးအပါဝင်၊ ဗမာပြည်မှာရှိသည့် လူမျိုးတိုင်းလိုလိုက နည်းလမ်းပေါင်း စုံဖြင့် ထိုင်းနိုင်ငံထဲ၌ ဝင်ရောက်အခြေချခွင့်ရရန်၊ ကြံဆောင်နေခဲ့ကြပါသည်၊၊ ဗမာပြည်ရှိသည့် လူမျိုးတိုင်းလိုလိုပင် ထိုင်းနိုင်ငံမှာတွေ့နေရ လို့ဖြစ်ပါသည်၊၊

၂၊၊ ထိုင်းနိုင်ငံသည်လည်း၊ ဤပြသနာကိုသိရှိသဖြင့် လူမှုရေးအရလည်းကောင်း၊ အသွင်ပြောင်းလဲလာနေသည့် လူနေမှု ပုံစံသစ်အရလည်းကောင်း၊ လက်ခံခွင့်ပြုလာနေပြီး ထိုင်းနိုင်ငံထဲကို အခြေချခွင့်ပြုလာနေပါသည်၊၊ ဤကဏ္ဍပိုင်းသည် လည်း နိုင်ငံတော်၏ အနာဂတ် နိုင်ငံရေးရည်ရွယ်ချက် ပြသနာများနှင့် နိုင်ငံတော်၏ အခြေခံလုပ်အားလိုအပ်မှုအပေါ်မူ တည်ပြီး ပြောင်းလဲတတ်ပါသည်၊၊ မည်သို့ပင်ဆိုစေကာမူ ဆင်းရဲကြပ်တည်းမှု၊ နိုင်ငံရေးအရမလွတ်လပ်မှုတို့ ခံစားနေရ သရွေ့ မိမိနိုင်ငံထက်သာသည့် တပါးနိုင်ငံအား ဝင်ရောက်ခိုလှုံလိုစိတ်သည်၊ အတားအဆီးမရှိဘဲ အလိုလိုဖြစ်ပေါ်လာပြီး၊ လက်တွေ့ပါကျင့်ကြံအားထုတ်နေ လိမ့်မည်ဖြစ်ပေသည်၊၊

၃၊၊ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခဘူရီမြို့နယ်သည် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ကြားအင်းဆိပ် ကြီးမြို့နယ် နှင့် မွန်ပြည်နယ် ရေးမြို့နယ်နယ်စပ်နှင့် ထိစပ်သည့်နေရာဖြစ်ပါသည်၊၊ ဤမြို့နယ်တခုထဲတွင်ပင်၊ လူဦးရေ(၆)သောင်း ခန့် ရှိသည့်အထဲတွင် မွန်လူမျိုး၏လူဦးရေသည်၊ အများဆုံး (၃)သောင်းခန့်ရှိနိုင်ပြီး ဒုတိယလူဦးရေအများဆုံးမှာ ကရင် လူမျိုးများဖြစ်ကြပါသည်၊၊ အများအားဖြင့် မြန်မာနိုင်ငံသားမှကူးပြောင်းလာသည်ဟု ဆိုနိုင်ပါသည်၊၊ သို့သော်လည်း၊ ဤမြို့နယ်တွင် အခြေချနေထိုင်သည့် လူများမှာ နှစ်နိုင်ငံသား စနစ်ကိုကျင့်သုံးနေထိုင်ကြပါသည်၊၊ ဤသို့မှသာနိုင်ငံရေး အရ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးအရပြေလည် နိုင်မည်ဖြစ်ပေသည်၊၊

၎၊၊ သို့သော် နိုင်ငံရေးအသိနှင့် လူနေမှုစရိုက်မတူညီကြသဖြင့် အုပ်ချုပ်ရေးအရ ခက်ခဲမည်မှာသေချာလှပါသည်၊၊ ထို့ကြောင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းသည့် ထိုင်းနိုင်ငံထဲကို ခိုလှုံချင်ကြသော်လည်း စီးပွားရေးချွတ်ချုံကျနေ သည့်အတွက် မလိုလားအပ်သည့် မူးရစ်ဆေးဝါးပြသနာများ၊ လူမှောင်ခိုများ၊ ရာဇဝတ်မှုများထူပြောနေခဲ့သည်မှာ အမှန် ဖြစ်ပေသည်၊၊ ထိုင်းနိုင်ငံကလည်း ဤကဲ့သို့ ပြဿနာထူပြောနေသည့် ကြားမှာပင် ဝင်ရောက်အခြေချခဲ့သည့် လူများကို ဝင်ရောက်လာသည့် သက်တမ်းအပေါ် မူတည်ပြီးနိုင်ငံ သားအဖြစ် အသိအမှတ်ပြုပေးခြင်း၊ နေထိုင်ခွင့်အဆင့်အမျိုးမျိုး ကိုသတ်မှတ်ပေးပြီး နေထိုင်ခွင့်ပေးလာခဲ့ ပေသည်၊၊

၅၊၊ မိမိတို့သည် မြန်မာနိုင်ငံ၏စစ်အာဏာရှင်စနစ်ဆိုးကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့ရသည်မှာ မမေ့အပ်ဖွယ် ရာဖြစ်သည်၊၊ ယခုအထိလည်း နိုင်ငံရေးဖိနှိပ်မှု၊ စစ်ရေးအရ ညှင်းဆဲသတ်ဖြတ်မှု၊ အုပ်ချုပ်ရေးအရ နိုင်ထက်စီးနင်းမှုများ အပြင် လူမှုရေးအရ ဖိနှိပ်ပြီးအဓမ္မသွေးခွဲမှုဝါဒများ ကျင့်သုံနေဆဲဖြစ်ပါသည်၊၊  ထို့ကြောင့် မိမိတို့သည် ဤဒါဏ်များမှ လွတ်မြောက်အောင် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံခဲ့ကြရသည် မဟုတ်ပါလား၊ ယခုဆိုလျှင် စံခဘူရီမြို့နယ်၌ ရောက် ရှိနေကြသည့် မွန်လူမျိုး(၃)သောင်းခန့်ထဲ၌ နှစ်ထောင်ကျော်သည် တရားဝင်ထိုင်းနိုင်ငံသားများ ဖြစ်နေခဲ့ပါပြီ၊၊ ဤကဲ့သို့ သောနည်းဖြင့် မိမိတို့အပေါ်ထိုင်းနိုင်ငံက ကျေးဇူးပြုပေးခဲ့သလို မိမိတို့ကလည်း ထိုင်းနိုင်ငံအား တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီပေးကြဖို့ လိုအပ်နေပါသည်၊၊ မည်သို့ကူညီကြမည်နည်း၊ အနီးစပ်ဆုံးကူညီ နိုင်ကြသည်မှာ မြန်မာနိုင်ငံမှ တင်ပို့လာသည့် မူးရစ်ဆေးဝါးပေါ်လစီကို ထိုင်းနိုင်ငံထဲမဝင်ရောက်နိုင်ရန်နှင့် လူကုန်မကူးကြဖို့ မိမိတို့မှာလည်းတာဝန်ရှိ ကြောင်း အသိနှင့်ယှဉ်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့ လိုအပ်ပေသည်၊၊
လေးငယ်
Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views