အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ဆောင်းပါး

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

လေးငယ်

အောက်တိုဘာ၂၉၊၂၀၀၉။

၁၊၊ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရင် ဖမ်းဆီးလိမ့်မယ်၊ တားဆီးစစ်ဆေးမယ်၊ အခွန်ကောက်မယ်၊ လယ်ယာခြံမြေတွေ သိမ်းဆီးမယ် စသဖြင့် ကောလဟာလသတင်းတွေကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ ယာယီမြန်မာ နိုင်ငံကူးလက်မှတ်ကို မလုပ်ကြဘဲ တင်းခံနေကြပါတယ်၊၊

၂၊၊ ဒါကြောင့် (၂ဝဝ၉)ခုနှစ် အောက်တိုဘာလလယ်အထိကို ယာယီမြန်မာနိုင်ငံကူးလက်မှတ် (၂)ထောင် ကျော်သာ လုပ်ခဲ့ကြသေးတယ်လို့ တာချီလိပ်၊ မြဝတီ၊ ကော့သောင်းမြို့က ယာယီမြန်မာနိုင်ငံကူးလက်မှတ်ရုံးထံက သိရပါတယ်၊၊ တိတိကျကျဖေါ်ပြရရင်တော့ လူ(၂၁ဝဝ)လောက် မှတ်ပုံတင်ပြီးဖြစ်ပါတယ်၊၊ အဲဒီထဲက အမျိုးသား၊ (၁၁ဝ၃)ဦးနှင့် အမျိုးသမီး(၉၉၇)ဦးသာ ရှိနေခဲ့တာပါ၊၊ ဒါပေမဲ့ထိုင်းနိုင်ငံမှာက ရွှေ့ပြောင်းမြန်မာ အလုပ်သမား နှစ်သန်းလောက်ရှိနိုင် တယ်လို့ ထိုင်းအစိုးရဖက်မှ ခန့်မှန်းထားပြီး၊ အဲဒီထဲက (၈)သိန်းနဲ့ တစ်သန်းကြားလောက်ဟာ  နိုင်ငံကူးလက်မှတ် မရှိကြဘူးလို့ ဆိုနေပါတယ်၊၊

၃၊၊ မြန်မာအစိုးရဖက်ကတော့ နိုင်ငံကူးလက်မှတ်မလုပ်ကြတာဟာ အထက်ပါကောလဟာလကြောင့်လို့ ပြည်ထဲရေး ဌာနကပြောနေပါတယ်၊၊ “ အဓိကအခက်အခဲကတော့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ကိစ္စနဲ့ပါတ်သက် ပြီး၊ ကောလဟာတွေထွက်နေတာဘဲ ၊ ဖမ်းဆီးလိမ့်မယ်၊ တားဆီးစစ်ဆေးမယ်၊ အခွန်ကောက်မယ် စသဖြင့် ပေါ့လေ ” အဲဒါကြောင့် နိုင်ငံကူးလက်မှတ်တို့၊ အလုပ်လုပ်ခွင့်ဗီဇာတို့လို စရိတ်တွေမကုန်ရလေအောင်၊ ယာယီနိုင်ငံကူး လက်မှတ်တွေကို မလုပ်ကြပါဘူးတဲ့၊ တကယ်ဆိုတော့ ဖမ်းဆီးမှု၊ စစ်ဆေးမှုနဲ့ အခွန်ကောက်မှုလည်းမရှိဘူးဆိုတဲ့ လက်ကမ်းစာစောင်တွေ၊ ကြော်ငြာတွေကိုလည်း ဖြန့်ဝေပေးထားတယ် လို့ပြည်ထဲရေးအဆင့်မြင့် အရာရှိတဦးက ပြောခဲ့တဲ့အကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖေါ်ပြနေကြပါတယ်၊၊

၎၊၊ တကယ်တော့ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စဟာ ထိုင်းနဲ့ မြန်မာအစိုးရတွေက တရားဝင်အသိအမှတ် ပြုပြီးသဘော တူထားတဲ့ ကိစ္စဖြစ်ပါတယ်၊၊ အခုလိုမျိုး တရားဝင် အလုပ်သမားတယောက် ဖြစ်လာပြီးဆိုရင်၊အလုပ်သမားအခွင့်အရေး၊ ငွေကြေးလိမ်လည်မှု၊ ရာဇဝတ်မှု၊ ခြိမ်းခြောက်မှု၊ လူပွဲစားပြသနာ၊ သွားလာနေ ထိုင်ရေးနဲ့ ကျွန်ပြုမှု စတဲ့ဖြစ်တတ်တဲ့ ပြသနာမှန်သမျှကို တရားဝင်ဖြေရှင်းခွင့် ရသွားသလို၊ ပြသနာတွေကို လည်း တရားဝင်တိုင်းကြားလို့ ရရှိမှာဖြစ်ပါတယ်၊၊

၅၊၊ အဲဒါကြောင့် နှစ်နိုင်ငံအစိုးရတွေက ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်၊၊ အခုဖြစ်ပေါ်နေတဲ့ ကောလဟာလဘဲ ဖြစ်ဖြစ်၊ တကယ်ဖြစ်နေတာဘဲဖြစ်ဖြစ်၊ ဒါတွေဟာခနတာလေး၊ စပ်ကူးမတ်ကူးကာလတွေမှာ ဖြစ်တတ်တဲ့ ကိစ္စသာဖြစ် ပါတယ်၊၊ တနည်းပြောရရင် အောက်ခြေအုပ်ချုပ်ရေး ယန္တယားတွေရဲ့ ဖေါက်ပြန်တဲ့လုပ်ရပ်သာ ဖြစ်ပါတယ်၊၊ ဒီကိစ္စကို နှစ်နိုင်ငံ အစိုးရတွေကပြောလာနေပါပြီး၊ တခါအရေးယူပေးလာပြီးဆိုရင် ပြေ လည်လိမ့်မှာဖြစ်ပါတယ်၊၊ ဒါကြောင့်ရေ ရှည်အကျိုးစီးပွား အနေဘဲဖြစ်ဖြစ်၊ ယာယီအကျိုးစီးပွားအနေနဲ့ဘဲ ဖြစ်ဖြစ်၊ ဒီယာယီ မြန်မာနိုင်ငံကူးလက်မှတ်ကို လုပ်ဆောင်ကြဖို့ မေတ္တာဖြင့်တင်ပြလိုပါတယ်၊၊

၆၊၊ အခုဆိုရင် ထိုင်းနိုင်ငံ ပတ်ပတ်လည်မှာရှိတဲ့ လောအိုနိုင်ငံ၊ ကမ်ပူးချားနိုင်ငံတွေက အလုပ်သမားတွေကိုလည်း သူတို့ ရဲ့နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေကြပါပြီ၊၊ ဒါကြောင့် ထိုင်းအစိုးရက အဲဒီနိုင်ငံတွေရဲ့ အလုပ် သမားတွေကို တရားဝင်လုပ်ပေးပြီးတာနဲ့ အခုမြန်မာနိုင်ငံကိစ္စ ကိုဆောင်ရွက်လာ တာဖြစ်ပါတယ်၊၊ ဒီတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ အမြင်မမှားကြဖို့လိုအပ်သလို ရေရှည် အကျိုးစီးပွားအတွက် ယာယီအခက်အခဲကိုဖြေရှင်း တတ်ဖို့ လိုအပ်ကြောင်းတင်ပြလိုပါတယ်၊၊

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန် မြန်မာစစ်အစိုးရတို့ဖြန့်ဝေထားသောကြေငြာစာရွက်

 

လေးငယ်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views