အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ဆောင်းပါး

စိတ်မချရသော မွန်ဒေသ

မင်းညီချမ်း(ဘဝတက္ကသိုလ်)

အောက်တိုဘာ၂၃၊၂၀၀၉။

လေ့လာသိရှိသမျှ မွန်လက်နက်ကိုင်တပ်ဖွဲ့များ လက်ရှိတွင် အောက်ပါအနေအထားအတိုင်း တွေ့ရှိနေရသည်။

၁။ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA
၂။ နိုင်ချမ်းတိန်း၊ နိုင်အောင် မြိတ်ခရိုင်မွန်ခွဲထွက်၊ချောင်ချိဒေသ(ငြိမ်းချမ်းရေး)
၃။ နိုင်အောင်နိုင် (ဗိုလ်ချုပ်ဟောင်း MNLA) မွန်အမျိုးသားငြိမ်းချမ်းရေးကောင်စီပါတီ MNPCP
၎။နိုင်အောင်းချမ်း(နိုင်အောင်နိုင်-မှ ထပ်မံခွဲထွက်အုပ်စု) မွန်ပြည်သစ်ပါတီမှ နိုင်မင်းနောင်အားလုပ်ကြံသည့်အုပ်စု
၅။ နိုင်စိုက်ချမ်း(ဝါ) အဇန်(မွန်ခွဲထွက်)  
၆။ နိုင်ရှောင် (ဗိုလ်မှူးကြီးဟောင်း MNLA) ရာမညတပ်ဖွဲ့
#၇။ ချမ်းတိန်းအုပ်စု
#၈။ နိုင်ဗင်အုပ်စု
#၉။ နိုင်ပန်းညွန့်(ဗိုလ်မှူးကြီးဟောင်း MNLA) ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီ
#၁၀။ မွန်အမျိုသားကာကွယ်ရေးတပ်မတော် MNDA(လွန်ခဲ့သည့်လက နောက်ဆုံးအသစ်ဖြစ်ပေါ်လာ)

အမှတ်စဉ် ၁ မှ ၆ အထိတပ်ဖွဲ့များသည် စစ်အစိုးရလက်ခံထားသော မွန်လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည်။ သို့သော် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်ဆံမှုမရှိကြ။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်သူကဲ့သို့လည်း သတ်မှတ်လိုက သတ်မှတ်နိုင်ကြသည်။

ယခုနှစ်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော မြို့ပေါ်လူမြင်ကွင်းနေရာများတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုများတစ်ကြိမ်ထက် မက ပေါ်ပေါက်လာခဲ့သည်။ အတွင်းသိ၊ အကြောင်းသိတွေမို့ သတ္တိပြောင်လှပေသည်။ စစ်အစိုးရအာဏာပိုင်များက ခင်ဗျားတို့မွန်အဖွဲ့ အချင်းချင်းဖြစ်ကြတာ၊ ကျုပ်တို့နှင့် မဆိုင် လေသံပေးကာ ဘေးမှ “ရှူး” တိုက်ပေးနေလေ၏။

အမှတ်စဉ် #၇ မှ #၁၀ အထိတပ်ဖွဲ့များမှာ စစ်အစိုးရအား တိုက်ခိုက်နေသော တပ်ဖွဲ့များဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ၄င်းတို့လက်ချက်ဖြင့် စစ်အစိုးရတပ်ဖွဲ့ဝင် မည်မျကျဆုံးခဲ့သည်ကို မမှတ်မိသေးပေ။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်မရပ်စဲမီ အစပိုင်းတွင်  မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တစ်ဖွဲ့တည်းသာ ရှိခဲ့သည်။ ယခုလက်ရှိ ပိုလာသောအဖွဲ့အစည်းများသည် အပစ်အခတ်ရပ်စဲပြီးနောက် ပေါ်ပေါက်လာ သော အဖွဲ့အစည်းများငယ်ပင်တည်း။ MNLA မှ အကြောင်းအမျိုးမျိုးကြောင့် သို့မဟုတ် အမျိုးမျိုးသောအကြောင်းပြ ချက်ဖြင့် ပဲ့ထွက်၊ အာဏာသိမ်း၊ ခွဲထွက်လာကြသော အုပ်စုငယ်များသာ ဖြစ်ကြလေ၏။

စစ်အစိုးရကိုပြန်တိုက်မည်ဟု ကြွေးကြော်နိုင်သူမှာ ပြင်ပထောက်ခံမှု အားကောင်းနေသယောင်ယောင် ထင်မြင်နေကြ သည်။ လက်တွေ့တွင် ဘေးမှပါးစပ်ဆိုင်းတီးပေးပြီး သင်္ကြန်အက ကခိုင်းနေသလိုပင်။ နောက်ဆုံးထင်ထားသည့်အတိုင်း ဖြစ်မလာတော့ စစ်အစိုးရနှင့် ဝင်ပေါင်းလိုက်သည်က ခြံမြေ၊ ကား ငွေကြေးအထောက်အပံ့ရရှိပေမည်။

လက်နက်ကိုင်ခွင့်လည်း ရှိသည်။ သို့သော် တရားဝင်သည်လား၊ မဝင်လားတော့မသိ။ ဥပဒေဆိုတာ ဘာလဲဟင် ဖြစ်နေ ကြသည်။  အဆိုပါ ကွဲပဲ့ခဲ့သည့် အဖွဲ့များကား အရေအတွက်အားဖြင့် ၅ ယောက်တစ်ဖွဲ့မှ ၃၀ ယောက်တစ်ဖွဲ့ကဲ့သို့ တပ်ဖွဲ့ဝင် အရေအတွက်များသာ ရှိကြသည်။

အထက်ပါလက်နက်ကိုင်တပ်ဖွဲ့အားလုံးတို့သည် မွန်မျိုးချစ်များဟု ၄င်းတို့ကိုယ်ကို ဂုဏ်ယူပြောဆိုလေ့ ရှိကြ၏။ မွန်လူ မျိုးတို့ကား ၄င်းတို့အပြောကို မည်သို့မျှ စောဒကမတက်ဝန့်ပါ။ အဘယ်ကြောင့် ဆိုသော်၎င်းတို့လက်ဝယ်တွင် သေနတ် ရှိနေပြီး ပါးစပ်တွင် အမိန့်ရှိသည်ဟု ထင်မြင်နေကြသည်။

အမျိုးစုံလှသော အဆိုပါသေနတ်၊ လက်နက်ကျည်ဆံတို့သည် ၄င်းတို့၏မိဘဆွေမျိုးများထံမှ ရင်းနှီးမြှုပ်နှံအလုပ်လုပ် စားရန် ထောက်ပံ့ခဲ့သောငွေကြေးများဖြင့် ဝယ်ယူခဲ့သည်မဟုတ်ကြောင်း မွန်လူမျိုးတို့ သိနားလည်ကြလေသည်။ ရှည် လျားသော ဆယ်စုနှစ်များကတည်းက မွန်ပြည်သူများထံမှ နည်းအမျိုးမျိုးဖြင့် ကောက်ခံရရှိခဲ့သော ငွေကြေးများဖြင့်သာ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

လက်နက်ကိုင်ဆန့်ကျင်နေသောအဖွဲ့များကို စစ်အစိုးရအမိန့်အောက် ရောက်ရှိလာစေရန် ကြိုးပမ်းနေရသည်ကား နအဖ တို့အလုပ်ပင်တည်း။ မွန်အမျိုးသားထုအတွင်း အဖွဲ့တစ်ဖွဲ့တည်း ရှိနေသည်ကို နအဖမမြင်တွေ့လိုသည်ကား ဝေဖန်စရာ မဟုတ်ပါ။ ထို့ကြောင့် အဖွဲ့ငယ်၊ အဖွဲ့စိတ်အမျိုးမျိုး ပေါ်ပေါက်လာစေရန် နအဖတို့ ကြံဆောင်မှုများ လက်တွေ၌အောင် မြင်နေ၏။

မွန်ပြည်သစ်နှင့် နအဖ အပစ်အခတ်ရပ်စဲရေးမူတစ်ရပ်၌ တစ်ဖက်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အခြားတပ်ဖွဲ့သို့ ဘက်ပြောင်း ၍မရ။ သက်ဆိုင်ရာ အဖွဲ့အစည်းကို ပြန်လည်အပ်နှံရမည် ဟူသည့်အချက်တစ်ချက်ပါရှိခဲ့သည်ကို သိရသည်(စာလုံးအ တိအကျကို မမှတ်မိတော့ပါ)။ သို့သော် လက်တွေ့ ၁၄ နှစ်ကျော်ကာလ၌ သတ်မှတ်ချက်များထဲမှ အချက်အလက်များစွာ ပျက်ပြယ်လာခဲ့ပြီ။ အကြောင်းအမျိုးမျိုးကြောင့် မွန်ပြည်သစ်မှ စစ်အစိုးရထံ ဘက်ပြောင်းသွားခဲ့သူအများအပြား မျက်စိ ရှေ့တွင် တွေ့မြင်နေရ၏။ နအဖသည် ကတိတည်သူမဟုတ်သဖြင့် အပြစ်ဖို့စရာမလိုပါ။

ယခုတွင်လည်း မွန်ပြည်သစ်ကို အားစမ်းနိုင်သော စစ်အစိုးရအလိုကျ လက်နက်ကိုင်အုပ်စုတစ်စု ပေါ်ပေါက်လာရန် နအဖတို့အပြင်းအထန် လှုပ်ရှားနေဆဲ။ ၃၀ ခန့်အင်အားစုနိုင်လျှင် လက်နက်တပ်ပေးပြီး ဒေသကာကွယ်ရေးပြည်သူ့စစ် ကဲ့သို့၎င်း၊ အကယ်၍ အင်အားရာဂဏန်ခန့်စုနိုင်လျှင် နယ်ခြားစောင့်လိုတပ်ဖွဲ့မျိုး နအဖတို့ ဖန်တီးချင်သည်။နောက်ဆုံး သောရည်ရွယ်ချက်ကား စစ်အစိုးရစီမံမှုအတိုင်း မွန်ပြည်သစ်ပါတီကို အံတုနိုင်မည့် မွန်အဖွဲ့တစ်ဖွဲ့ ရုပ်ပြထားနိုင်ရန်ပင် ဖြစ်ပေသည်။ ဤသည်ကားစစ်အစိုးရ၏ အလိုဆန္ဒအတိုင်း လက်တွေ့၌ ဖြစ်မလာသေးပေ။။

အပစ်အခတ်ရပ်စဲသည့်ကာလ၌ မွန်လူထုအများစုသည် မိသားစုစားဝတ်နေရေးအတွက် စီးပွားရေးလုပ်ငန်းများတွင်သာ အချိန်ပေးနေကြတော့သည်။ ထို့ကြောင့် မွန်ရွာများတွင်ပြည်သူ့စစ်လုပ်မည့်သူ မရှိသလောက်ဖြစ်နေသည်။ ရပ်ဝေးမှ မွန်မဟုတ်သူများသာ ကျေးရွာများတွင် အလုပ်အကိုင်ရှာဖွေရင်း အနေအစားလည်းသက်သာ၊ သေနတ်တကားကားနှင့် တခါတလေဘုမသိ၊ ဘမသိများကို ခြိမ်းခြောက်နိုင်သည့် ပြည်သူ့စစ်အလုပ်ကို ဝင်လုပ်ကြ၏။

လူငယ်များသည်လည်း ပညာသင်ကြားရေး၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရေးတို့၌ အထူးအာရုံပြုလာကြသည်။ ပြည် သူ့စစ်လုပ်သူများကိုလည်း လူရာသွင်းကြသည်မဟုတ်။ အခြေမဲ့၊ အနေမဲ့များလုပ်သောအလုပ်ဟု မှတ်ယူထားကြသည်။ ထိုကြောင့် မွန်ပြည်သူ့စစ်စီမံကိန်းသည် လက်တွေ့တွင် မလွယ်ကူပေ။ ဒီကေဘီအေကဲ့သို့ လူငယ်များစစ်တပ်ထဲအတင်း ဆွဲသွင်းဝန့်မည့် မွန်လူစွမ်းကောင်းများလည်း ပေါ်နိုင်မည်မဟုတ်ပါ။

စစ်မတိုက်ကြသော ကြားကာလတစ်ခု၌ စစ်သားများစွာတို့ စစ်ပမ်းခဲ့သည်ကို အနားယူကြသည်။ ပစ်ခွင့်မရှိသောသေ နတ်တို့သည် သံတုံးကိုထမ်းထားသကဲ့သို့ လေးလံလာသည်။ စစ်ပွဲကာလမဟုတ်သဖြင့် စစ်သားအလုပ်ကို လူတွေအ ထင်အမြင်သေးလာသယောင် စိတ်ထဲမလုံ ဖြစ်လာသည်။ ရန်သူနှင့်မိတ်ဆွေဖြစ်သွားပြီး မိတ်ဆွေအချို့ကို ရန်သူလို သတ်မှတ်လာချင်သည်။ လက်နက်ကိုင်အလုပ်သည် စီးပွားရေးဈေးကွက်တစ်ခုလို ထင်မှတ်နေသူများလည်း ရှိသည်။ လက်နက်ကိုင်ခွင့်အနည်းငယ်ရှိနေသည်ကို ထာဝရအာဏာရှိနေသယောင် မာန်တက်မာန်ကြွနေသူများနှင့်လည်း ကြုံဆုံခဲ့ရသည်။ အာဏာရှိလျှင် ငွေရှာရလွယ်လာသည်။ လူငယ်ဘဝက ကြွေးကြော်ခဲ့သော အမျိုးသားရေးစိတ်ဓါတ် ဘယ်ချောင်ထဲ ဝင်သွားသလဲမသိ။ တော်လှန်ရေးကဗျာတွေလည်း ရွတ်ဆိုဖို့ ဆန္ဒမရှိတော့ပါ။

မိမိအမျိုးသားလွတ်မြောက်ရေးခရီးကား မပြီးဆုံးသေးသည်ကို သိထားကြသည်။ ညီနောင်တိုင်းရင်းသားများနှင့်ဘဝတူ တွေပါ။ အချိန်ကာလတို့၏ တောင်းဆိုချက်အရ တိတ်ဆိတ်နေသော သေနတ်သံများကိုလည်း ပြန်လည်ကြားနိုင်သည့် အခြေအနေများလည်း ရှိနေ၏။ ထိုသို့ဆိုပါလျှင် ယခင်ကာလက အနိဌာရုံဆိုးများထက် ပိုဆိုးသွားနိုင်သည်။ အသင်ပြေ ပုန်းဖို့နေရာလွတ် ရှိရဲ့လား၊ သင့်ကိုသူတို့တတွေ ယုံကြည်စိတ်ချပါ့မလား၊ အသက်ကြီးမှ ထောင်နန်းစံရသည်က မလွယ်လှပေတကား။ မည်သို့ပင်ဆိုစေကာမူ စစ်ခရာမည်သော တစ်နေ့၌ မျိုးချစ်သူများတစ်ဦးတစ်ယောက်မျှ မိမိ နေအိမ်တွင် အိပ်စက်အပမ်းဖြေ၍ မရနိုင်သည်ကို နားလည်သိရှိထားဖို့ လိုအပ်ပါကြောင်း။

မင်းညီချမ်း(ဘဝတက္ကသိုလ်)

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views