အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ရသဆောင်းပါး

စံခလပူရီတံတားပေါ်ဝယ်

ဟောင်းဂျနူ
နိုဝင်ဘာ ၂၈၊၂၀၀၉။


ထိုင်းနိုင်ငံ စံခလပူရီမြို့ကိုရောက်လို့ရှိရင် သစ်သား တံတားကိုမရောက်ရင် စံခလပူရီကိုရောက်ခဲ့တယ် လို့ ဆိုနိုင်မှာမဟုတ်ဘူးလို့ ကမ္ဘာလှည့်ခရီးသည် ကြားမှာ ထင်ရှားတဲ့ ပြောစကားတစ်ခွန်း ဖြစ်ပါ တယ်။ တံတားရဲ့ သက်တမ်းရှည်ကြာမှု မရှိသေး ပေမဲ့ အဲဒီတံတားဟာ ဒေသတွင်းထိုင်းလူမျိုးနဲ့မွန်၊ ကရင်လူမျိုးတို့အကြား ချစ်ကြည်ရင်းနှီးမှုရဲ့ သင်္ကေတ ပြရုပ်လို့လည်း ဆိုကြပါတယ်။ အဲဒီ တံတားပေါ်ကကြည့်လိုက်ယင်တသွင်သွင်စီးဆင်း နေတဲ့ မြစ်ပြင်ကျယ်ပေါ်မှာ စက်တပ်လှေ ကလေး တွေပြေးလွှားနေတာကို တွေ့မြင်ရပါလိမ့်မယ်။ တောင်စဉ်တံတိုင်းတွေ ဝိုင်းရံထားပြီး ဝင်းကဆရာတော်ဘုရားရဲ့ စံကျောင်းတော်နဲ့ ကျိုက်ဆန်ဆုတ်ခေါ်  ဗုဒ္ဓဂါယာ စေတီတော်ကိုလည်း သပ္ပါယ်စွာဖူးတွေ့ရပါတယ်။ မြစ်ပြင်ပျော်ကျေးငှက်ကလေးတွေရဲ့ ဘာသာဘာဝပျော်ရွှင် မြူးတူး စွာပျံဝဲနေတာကိုလည်း တွေ့မြင်ကြရမှာပါ။

ထိုင်းနိုင်ငံရဲ့ အရှည်ဆုံးသစ်သားတံတားတစ်ခုဖြစ်တဲ့ စံခလပူရီသစ်သားတံတားဟာ လွန်ခဲ့တဲ့အနှစ်(၃ဝ) လောက်က တည်းက ဝင်းကမွန်ဆရာတော်အသျှင်ဥတ္တမဦးဆောင်ပြီး ရပ်ရွာရဲ့လူအင်အားနဲ့ပဲ တည်ဆောက်ထားတာ ဖြစ်သလို ထိုင်းဘက်ကမ်းနဲ့မွန်ဘက်ကမ်းကို ဆက်သွယ်ထားတာကြောင့် သွားလာလွယ်ကူတဲ့ တံတားတစ်ခုအဖြစ်၊ မွန်နှင့်ထိုင်း ချစ်ကြည်ရေးတံတားတစ်ခုလို့လည်း ဆိုကြပါတယ်။

စံခလပူရီမြို့မှာဆိုရင် ထိုင်း၊ မွန်၊ ကရင်လူမျိုးတို့ နေထိုင်များတဲ့ ဒေသတစ်ခုဖြစ်ပြီး စံခလယ်မြစ်ရဲ့ တဖက်ခြမ်းစီ ရှိနေ ကြတဲ့အတွက် မွန်ဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းဆိုပြီး နှစ်မျိုးခွဲခြား ခေါ်ဝေါ်လာခဲ့တာဖြစ်ပါတယ်၊  စံခလမြို့ရုံး စိုက်ရာဖက်ခြမ်းကိုတော့ ထိုင်းဘက်ကမ်းလို့ခေါ်ကြပြီး မွန်လူမျိုးတွေ နေထိုင်များတဲ့ဘက်မှာ မွန်ဘက်ကမ်းလို့ ခေါ်ဆိုလာခဲ့ကြပါတယ်၊  အများအားဖြင့် ဒီထဲမှာ အများစုကမွန်လူမျိုးတွေကသာ နေထိုင်ကြပါတယ် အထူးသဖြင့် မွန်လူမျိုးတွေဟာ ဘယ်နေရာပဲရောက်ရောက် ဘယ်နေရာပဲနေနေတွေ့တဲ့ လူနဲ့ရန်မလိုတတ်ပဲ တည့်အောင်ပေါင်း တတ်ပြီးနေထိုင် လေ့ရှိကြပါတယ်။

အဆိုပါ သစ်သားတံတားဟာ အရှည်(၄ဝဝ)မီတာကျော်ရှည်လျှားပြီး ထိုင်းနိုင်ငံမှာ အရှည်ဆုံးတံတား တစ်ခုလည်း ဖြစ်ပါတယ်။ ဒီတံတားဟာ လွန်ခဲ့တဲ့အနှစ်(၃ဝ)လောက်ကတည်းက ဝင်ကဝိဝေကာရာမ်ကျောင်းက ဆရာတော် အသျှင်ဥတ္တမကနေ ဝင်းကရွာသစ်မှာ နေရာကောင်းတစ်ခုရှာပြီး ဆရာတော်ဦးဆောင်တဲ့ ဘုန်ကြီးကျောင်း တစ်ကျောင်း ဆောက်ပါတယ်၊ (ဗုဒ္ဓဂါယာစေတီ)တစ်ဆူလည်း တည်ထားခဲ့ပါတယ်၊ ဒီရွာကိုလည်း စတည်တဲ့အချိန်ကဆိုရင်တော့ ဆရာတော်ရဲ့ဒါယကာ အိမ်ထောင်စု(၄ဝ)ကျော်ကျော်လောက်သာရှိခဲ့ပါတယ်၊ ဒီရွာကိုလည်း အထူးသဖြင့်တော့ စံကလယ်မြစ်၊ ကရိန်းကန်(လန်ဒီ)မြစ်၊ ထီးကလုံးမြစ် ဒီမြစ်သုံးခွ ဆုံရာမှာတည်ထားခဲ့တာပါ၊၊

ဒီသစ်သားတံတားကို မတည်ဆောက်ခင်မှာ အရင်ဦးဆုံးက မွန်ဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းကိုကူးဘို့ အတော့်ကို အခက်အခဲရှိနေတဲ့အတွက် အဲဒီဝင်ကကျေးရွာက လူတွေရဲ့အင်အားနဲ့ဘဲ မီတာ(၄ဝဝ)ကျော်ကျော်ရှည်တဲ့ ဝါးတံတားနဲ့ ပထမဦးဆုံး တည်ဆောက်ခဲ့ပါတယ်။ ဒီဝါးတံတားနဲ့သာ လူတွေအသွားလာ အဆင်ပြေနေပေမဲ့လည်း  ကြာလာတော့ ဝါးတွေကမခိုင်ခန့်တော့တဲ့အတွက် အခုလိုသစ်သားတံတားမျိုး ပြောင်းပြီးတည်ဆောက်ဘို့ ဖြစ်လာတာပါ၊၊

သစ်ခုတ်လို့ရအောင်လည်း စံခလဘူရီမြို့ပိုင်တွေကိုခွင့်တောင်းပြီး သာသနာသက္ကရာဇ်(၂၅၄၈) ခုနှစ်မှာ ရပ်ရွာရဲ့လူအင် အားနဲ့ပဲ သစ်သားတံတားအဖြစ် ဆရာတော်အသျှင်ဥတ္တမကပဲ ကြိုးစားပြီးပြန်လည်တည်ဆောက်ခဲ့လို့ အခုမြင်တွေ့ နေရတဲ့ သစ်သားတံတား ဖြစ်လာခဲ့ပါတယ်။
ဒီတံတားဟာခိုင်ခန့်ပြီး အလွန်လှပတဲ့ သစ်သားတံတား တစ်ခုဖြစ်ပြီး အထူးသဖြင့် နေဝင်ဆည်းဆာအချိန် ကလေးမှာ လှပသာယာပြီး ဒီထိုင်းနိုင်ငံမှာ အလှဆုံး၊ အကောင်းဆုံး သစ်သားတံတားတစ်ခုလို့လည်း ပြောလို့ ရပါတယ်။ အဆိုပါ ဒီတံတားအပေါ်မှာ မွန်ဘက်ကမ်းမှာ ရှိတဲ့လူတွေ ထိုင်းဘက်ကမ်းမှာရှိတဲ့လူတွေနဲ့တစ်ဘက်နဲ့ တစ်ဘက် ဖြတ်ကူးသွားလာလွယ်ကူပြီး ထိုင်းလူမျိုးနဲ့ မွန်လူမျိုးတို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိကြတယ်။ နောက်ပြီး ဒေသမှာရှိတဲ့လူတွေ မနက် အစောစောလမ်းလျှောက်ထွက်ပြီး အလုပ်သမားတွေ လည်း အလုပ်သွားအချိန်မှာ တံတားအပေါ်က လမ်းလျှောက်သွားရင်း ရှု့ခင်းအလှကလေးတွေ ကြည့်ငေးရင်းနဲ့ စိတ်ထဲ မှာကြည်နူးစွာခံစားရ ပါတယ်။ အရင်ကဆိုယင် ဒီသစ်သားတံတားအပေါ်က လူတွေသာမကပဲ ဆိုင်ကယ်တွေလည်း ပြေးလို့ရပါတယ်။ ဒါပေမဲ့ တံတားရဲ့ရေရှည်ကြံ့ခိုင်မှုအတွက် အခုဆိုယင် ဆိုင်ကယ်တွေကိုမောင်းနှင်ဖြတ်သန်းခွင့်မပြု တော့ပါဘူး။

အဆိုပါ ထိုင်းမြို့ပိုင်တွေက စံခလပူရီမြို့ကို ဒီထက်တိုးတက်အောင် ကြိုးစားနေတာဖြစ်ပြီး ဒီသစ်သားတံတားကို မပျက် စီးသားအာင် ထိန်းသိမ်းစောင့်ရှောက်တဲ့အနေဖြင့် လွန်ခဲ့တဲ့(၁ဝ) နှစ်ကတည်းက သုံးဘီး၊ ဆိုင်ကယ်တွေ ပြေးခွင့်ကို ပိတ်ပင်ခဲ့ပြီး လူတွေကိုပဲ ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်၊ ဒီစံခလပူရီမှာ မဲဆောက်ဂွင်တို့၊ ရနောင်ဂွင်တို့နဲ့ အလွန်ကွာခြား လှပြီး ထူးခြားနေရာတစ်ခုလည်း ပြောလို့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် စံခလပူရီဂွင်မှာဆိုလို့ရှိရင် မွန်၊ ကရင် အဓိက တိုင်းရင်းသားဖြစ်ပြီး မြန်မာပြည်တိုင်းရင်းသားလည်း ပြောလို့ရပြီး ထိုင်းတိုင်းရင်းသားလို့လည်း ပြောလို့ ရပါတယ်၊ အဆိုပါသူတို့က ဒီထိုင်းနိုင်ငံကို ရောက်လာပြီးဆိုလို့ရှိရင် ထိုင်းနိုင်ငံကို သူတို့ကအမှီတဟဲ လုပ်ရတော့မယ် ဒီအခြေနေအပေါ်မှာမူတည်ပြီးတော့ သူတို့ရဲ့စာပေယဉ်ကျေးမှုကိစ္စနဲ့ ပတ်သက်တာတွေ ဒီနယ်စပ်မှာရှိတဲ့ မွန်၊ ကရင် တိုင်းရင်းသား အားလုံးရဲ့ကြိုးစားမှု၊ ဝင်းကဆရာတော်ရဲ့ ပံ့ပိုးမှုဟာအရေးပါတယ်လို့ ဒေသခံတစ်ဦး နဲာအောက်ပိုင်က အခုလိုပြောပါတယ်။

“ ဒီဝင်ကမြို့နဲ့ ဆိုင်ပြီးတော့ အဓိက ထိုင်းလူမျိုး တွေကဒီဝင်ကကိုလာရင် အထူးသဖြင့် ဝင်ကသစ်သားတံတား၊ ဘုရား သုံးဆူ၊ နောက်ဝင်ကဆရာတော်ဘုရား၏ တည်ထားတဲ့ဘုရားတစ်ဆူ ထိုင်းလိုပြောရင် (ဗုဒ္ဓဂါယာစေတီ) သူတို့က အထူးသဖြင့် ဒီသုံးခုကို အဓိကထားပြီးတော့လာတယ်၊ လာလေ့လာတယ်၊ အဲတာက ဒီဒေသမှာရှိတဲ့မွန်၊ ကရင်၊ တိုင်းရင်းသားအာလုံးရဲ့ကြိုးစားမှု၊ နောက်ဝင်ကဆရာတော်ရဲ့ပံ့ပိုးမှုတွေရဲ့ ဒီတံတားကို ဖြစ်လာပါတယ် ” ဟုပြောပြပါ သည်။

၎င်းအပြင် ထိုင်းလူမျိုးနဲ့ မွန်လူမျိုးတို့ဟာ ထိုင်းဘုရင်မင်းဆက် ပထမဦးဆုံး နံပါတ်(၁)ဘုရင် လက်ထက် ကတည်းက ယခုနံပါတ်(၉)ဘုရင်လက်ထက်ထိ ဆက်နွယ်လာခဲ့တာဖြစ်ပါတယ်။ “နံပါတ်(၁)ဘုရင်သည် သူကအသိအလင်းဖွင့် ပြောထားတာက (၁)ဘုရင်သည် ကျွန်တော်သည် ပဲခူးကလာပါသည် ဆိုတဲ့ အကြောင်း ပြင်သစ်နိုင်ငံ စာကြည့်တိုက်မှာ ကျွန်တော်တွေ့ခဲ့ဘူးတယ်၊ မွန်ဘာ သာလည်း ဆရာနိုင်ထွန်းဝေက ပြန်ထားခဲ့ဘူးတယ်၊ အထူးသဖြင့်တော့ မွန်လူ မျိုးတွေရဲ့ အဓိကထားတဲ့အရာဟာ “ဟင်္သာ” ဒါမွန်လူမျိုးရဲ့ အထိမ်းအမှတ်ပေါ့ ထိုင်းလူမျိုးရဲ့  အထိမ်းအမှတ်က “ဂဠုန်” ဆိုတာရှိခဲ့တယ်။

အလားတူ ဒီကနေ့ထိ ထိုင်းနိုင်ငံမှာ ဟသာင်္ကိုဘာကြောင့်သုံးသလဲဆိုတော့ နံပါတ်(၁)ဘုရင် လက်ထက်ကတည်းက ဒီကနေ့ထိ ယခုလက်ရှိနံပါတ်(၉)ဘုရင်ထိပေါ့ အဲတာက ခေတ်အဆက်ဆက် မွန်သွေးနဲ့မကင်းခဲ့ဘူး အထူးသဖြင့် မွန်တို့ရဲ့ဘုရင်မုတ္တမမင်းဆက် ဒုတိယဟံသာဝတီ “မဂဒူ”(ဝါရေဝ်ရောဝ်) သူလက်ထပ်တဲ့သူ့ရဲ့ မိဘုရား ထိုင်းဘုရင်မင်း မြတ်ရာံခါမ်ဟင် (ရန်ခန်ဟံ)ရဲ့ သမီးတော်နာမည်က မေဏင်သြီဍာ (မေနှင်းသွယ်တာ)၊ သောက္ကတဲခေတ်က မွန်လို (သုခေါဒါယ)၊ ထိုင်းလို(စုခိုထိုင်း) အဲဒီအချိန်ကျမှထိုင်းနိုင်ငံ စာပေ(ဖေါ့ခွန်ရမ်ခမ်ဟမ်) ဆိုတော့ရှိလာတယ်၊ ထိုင်းစာပေ တီထွင်တဲ့ခေတ်၊ ကျောက်စာပြင်တဲ့ခေတ် ဒါ့ကြောင့်မွန်နဲ့ထိုင်းဟာ အဲဒီလက်ထက်ကတည်းက ဆက်နွယ်လာခဲ့တယ်” လို့နိုင်အောက်ပိုင်က ဆိုပါတယ်။ အဆိုပါ မွန်လူမျိုးနဲ့ထိုင်းလူမျိုးတို့ဟာ နံပါတ်(၁)ဘုရင်လက်ထက်ကတည်းက ဆက်နွယ်လာခဲ့တာ ဖြစ်ပြီးတော့ သူတို့တွေက တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနီးမှုအနေနဲ့၊ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့တယ်လို့ ဆိုရပါမယ်။

တံတားပေါ်ကနေ ဆီးကြည့်လိုက်မယ်ဆိုရင် မြစ်ပြင်ကျယ်ကြီးရယ် ရေပေါ်ဖေါင်အိမ်ကလေးတွေကို လှပစွာတွေ့နိုင် ပါတယ်။ အထူးသဖြင့် အားလပ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့နေ့မှာဆိုရင် လာရောက်အပမ်းဖြေသူတွေ လာရောက် လေ့လာတဲ့ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားလှပါတယ်။  ဒီရေ၊ ဒီမြေ၊ ဒီတံတားရဲ့အလှအပဟာ မြင်ရသူစိတ်ဘဝင် ကို ချမ်းမြေ့စေပါတယ်။ မှိုင်းညို့တဲ့တောင်တန်း စိမ်းလဲ့တဲ့ရေပြင် အုပ်ဆိုင်းနေတဲ့သစ်ပင်ကြီးငယ်တွေရဲ့ အရိပ်အာဝါ သဟာ အေးချမ်းမှုရဲ့အသွင်သဏ္ဍာန်လက္ခဏာတစ်ခု ဖြစ်နေပါတယ်။ ဒါအပြင် ချစ်ကြည်မှု၊ ရင်းနှီးမှု၊ နွေးထွေးမှုတွေ နဲ့လည်း လွှမ်းခြုံထားပါတယ်။
                                                                                      

ဟောင်းဂျနူ

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views