အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ရသဆောင်းပါး

အရိပ်မဲ့သောပန်းကလေးများ

စန္ဒာမွန်
နိုဝင်ဘာ ၂၅၊၂၀၀၉။


ပဲခူးတိုင်း ညောင်လေးပင်ရွာက မိုးသက်နှင့် မိုးသူ ညီအစ်မနှစ်ယောက် ဟာ သူတို့အိမ်မှာ စားဝတ်နေရေးမပြေလည်လို့ ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်နေပါတယ်။ အဲဒီညီအစ်မနှစ်ယောက်ဟာ တစ်ယောက်က အသက်(၂၃) နှစ်၊ သူ့ညီမက (၁၇) နှစ်၊ ဖြစ်ပါတယ်။

နှစ်ယောက်စလုံးက အပျိုတွေဖြစ်ကြတယ်။ ပထမကတော့ သူတို့ မဲဆောက်စက်ရုံမှာလုပ်နေတယ်။ ဒါပေမဲ့ အိမ်ကိုတော့ ငွေမပို့နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ လစာကနည်းနည်းပဲရတယ်။ စားလောက်ရုံပဲ ငွေမပိုဘူး။ သူတို့လာတုန်းက လမ်းစရိတ်ရဖို့ အိမ်ပေါင်ထားရတယ်။

တစ်နေ့ကျတော့ ko Tout ဆိုတဲ့ ပွဲစားတစ်ယောက်က သူတို့ကို အခုလိုလာပြောပါတယ်။ “ဘန်ကောက်မှာ အလုပ် ကောင်းတယ်။ ဝင်ငွေလည်းကောင်းတယ်။ အကယ်လို့ နင်တို့သွားလို့ရှိရင် လမ်းစရိတ် ၆၀၀၀ ဘတ်ပဲပေး”   ပွဲစားက ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ တိုက်တွန်းပါတယ်။

သူတို့နှစ်ယောက်ဟာ ဘန်ကောက်မှာ အဆင်ပြေမယ်ထင်ပြီး ပွဲစားနဲ့လိုက်လာခဲ့ပါတယ်။ ပွဲစားကလည်း သူနဲ့သူ့ညီမ လေးကို အတူတူမထားပဲနဲ့ သူ့ကို်ကျတော့ သူဌေးအိမ်မှာ ဘတ်ငွေ ၂၀၀၀၀နဲ့လာရောင်းထားပါတယ်။ အဲဒီအိမ်မှာ လင်မယားနှစ်ယောက်ပဲရှိတာ။ သူဌေးအိမ်မှာ နေနေတာ အပြင်လည်းမထွက်ရဘူး။ သူတို့ကလည်း ထိုင်းစကားမတတ် ဘူး။ အိမ်ကလည်း အမြဲသော့ခတ်ထားပါတယ်။

သူအလုပ်လုပ်တာ (၅)လလောက်ကြာပြီးနောက် သူဌေးမကိုမေးလိုက်တယ်။ သူ့အကြွေး ဘယ်တော့ကျေမလဲ။ သူဌေး မကပြောတယ်။ အကယ်လို့ သူတို့ကို ကလေးမွေးပေးရင် ကျေပြီး။ သူဌေးမကလည်း ကလေးမရဘူး။ သူကအဲဒီလို လုပ်တာကိုသဘောမတူဘူး။  သူဌေးမက သူ့ယောကျာ်းနဲ့အတူ အတင်းအိပ်ခိုင်းတယ်။ အဲဒီလိုနဲ့ပဲ သူကိုယ်ဝန်ရသွား တယ်။ သူဌေးနဲ့ သူဌေးမကလည်း သူ့ကိုယ်ဝန်ကိုဆေးရုံမှာသွားမပြဘူး။ ဆေးခန်းငယ်ငယ်မှာပဲသွားပြပေးတယ်။ သူကလေးမွေးတော့ အမွှာယောကျာ်းလေး(၂)ယောက်ရတယ်။ သူဌေးနဲ့သူဌေးမက သူ့ကိုကလေးနဲ့အတူ (၁၀)ရက်ပဲ ပေးနေတယ်။ (၁၀)ရက်ပြည့်သွားတော့ အဲဒီကလေး(၂)ယောက် ကိုယူလိုက်တယ်။ သူ့ရဲ့ကလေးငိုသံကြားတဲ့အချိန်မှာ သူနို့တိုက်ချင်ပေမဲ့လည်း တိုက်ခွင့်မရခဲ့ဘူး။ အဲဒီအချိန်မှာ သူအရမ်းကို ခံစားခဲ့ရတာ။

နှစ်လလောက်ကြာတော့ သူဌေးမက သူကို အိမ်ကနေ မောင်းထုတ်တယ်။ သူငိုယိုပြီး သူဌေးကိုတောင်းပန်တယ်။ လစာ နည်းနည်းပဲပေး ကလေးကိုတွေ့ရရင်ပြီးရော သူ့ကိုတော့ အိမ်ကနေ မမောင်းထုတ်ပါနဲ့။ သူဘာပြောပြောသူဌေးမက ဂရုမစိုက်ဘူး။ နေ့လည်(၂) နာရီလောက်မှာ သူဌေးမက Taxi driver တစ်ယောက်ကိုခေါ်ပြီး အိမ်ကနေမထွက်လာခင် သူဌေးမနဲ့ Driver ဘာပြောနေလည်း သူနားမလည်ဘူး။

ခဏကြာတော့ သူနဲ့Taxi driver  အိမ်ကနေထွက်လာပါတယ်။  ထွက်လာပြီး (၂) လောက်ကြာတော့ driver သမားက ကားရပ်ပြီး သူ့ကို ဖျက်စီးဖို့ ကြံ လိုက်တယ်။ အဲဒီအချိန်မှာ သူတစ်ခုခု ကောက်ကိုင်မိပြီး ခုခံလိုက်ပါတယ်။ ပြီးတော့ ကားထဲကနေ ဖိနပ်မပါပဲနဲ့ ကမန်းကတန်း ပြေးထွက်လာပါတယ်။  သူပြေးလာနေတဲ့အချိန်မှာ စိတ်ကောင်းတဲ့ အခြား driverတစ်ယောက်က သူ့ကိုကူညီတယ်။ သူအဆက်အသွယ် ရလွယ်ဖို့ ဈေးတစ်နေနေရာမှာ သွားထားတာပေးတယ်။

သူမောလည်းမောတယ် ဗိုက်ကလည်းဆာတယ်။ ဘယ်သွားရမှန်းလည်းမသိဘူး။  ဈေးကနေ သူဆက်လျှောက်လာပါ တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းတွေ့ပြီး ဝင်သွားပါတယ်။  စားစရာတွေ မေးလိုက်တယ်။ အဲဒီမှာ မွန်တစ် ယောက်နှစ်ယောက် အဆောက်အအုံတွေ ဆောက်နေတာကိုတွေ့ပြီး ဒီမှာခဏနေဖို့ခွင့်တောင်းလိုက်တယ်။ နောက်(၂) ရက်လောက်ကြာတော့  နေမကောင်းဖြစ်တာ။ ဆေးရုံတက်ရပြီး ဆရာဝန်ကမေးတာပေါ့နော် ဘာတွေဖြစ်ခဲ့လဲ။ သူ့ရဲ့ အကြောင်းတွေ ဆရာဝန်ကိုပြောပြလိုက်တယ်။ ဆရာဝန်က မဟာချိုင်မှာရှိတဲ့ safe  house ကိုဖုန်းဆက်လိုက်တယ်။

အဲဒီ safe house ဟာ လူကုန်ကူးခံရတဲ့အမျိုးသမီးတွေကို ကူညီတာပေါ့နော်။ အခုဆို သူ safe house မှာရှိနေပါတယ်။ သူ့ညီမတစ်ယောက်ကလည်း မဲဆောက်ကနေ ထွက်လာကတည်းက ဘာသတင်းမှ သူမကြားမိဘူး။ ဘာပြဿနာဖြစ် နေလည်း သူမသိဘူး။ ဒီအဖြစ်ပျက်ဟာ ဘန်ကောက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ပေါ့နော်။ အဲဒီ သူဌေးအိမ်ကို အရေးယူဖို့ လည်း သူက လိပ်စာ လည်းမသိဘူး။ ဘယ်မှာနေလည်းသူမသိဘူး။     
         
မိုးသက်နှင့် မိုးသူတို့လို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ ဘယ်လောက်များများ ရှိနေတယ်ဆိုတာ တိတိကျကျ မသိရ သေးပေမဲ့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ မိန်းကလေးအများစုဟာ သက်ဆိုင်ရာ လူကုန်ကူးပွဲစားကနေတဆင့် ရောက်လာ ခဲ့တယ်လို့ လေ့လာစစ်တမ်း ကောက်ခဲ့တဲ့ ဘန်ကောက်အခြေစိုက် WCRP ခေါ် အမျိုးသမီးနဲ့ ကလေးအခွင့်အရေးအစီ အစဉ် ဌါနတာဝန်ခံ မိဂျရိုင်းနွန်က အခုလို ပြောပါတယ်။

အဲဒီအမျိုးသမီးတွေဟာ လူကုန်ကူးပွဲစားကနေတဆင့် ရောက်လာခဲတယ်ဆိုတော့ လမ်းခရီးမှာ သူတို့ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့ နေရပါတယ်။ တချို့ဆို ဘန်ကောက်နဲ့ မဟာချိုင်ရောက်ဖို့ မဲဆောက်လမ်းက လမ်းလျှောက်ရတယ်။ တော၊ ချုံ ပုတ်မှာ အိပ်ရတယ်။ တခါတလေ ကိုယ်သွားတဲ့ နေရာရောက်ဖို့ လမ်းမှာ ၇ - ၈ ည အိပ်ရတယ်။ တချို့ကျတော့ မြဝတီ လမ်းသွားမယ်  ပြောပြီး ဘုရားသုံးဆူလမ်းရောက်သွားတာလည်း ရှိတယ်။ ဒီလိုနဲ့ပဲ  ပွဲစားတွေက လိမ်လည်နေပါတယ်။

သူတို့အနေနဲ့ ဒီထိုင်းနိုင်ငံကို ရောက်ရှိဖို့အတွက် ပွဲစားနဲ့လာ ရတယ်။ ပွဲစားနဲ့လာရတဲ့ အကြောင်းကတော့ တချို့ဆို တခါမှ မသွားဖူးတော့ သွားမတတ်ဘူး။ တချို့ဆို ငွေကြေးမရှိလို့ ပွဲစား ကငွေထုတ်ပေးပြီး ဟိုရောက်မှ ပြန်ဆပ်ပြောတော့ သွားတယ်။ ကိုယ့်အစ်မယောကျာ်း ပဲဖြစ်ဖြစ်  ကိုယ့်ရဲ့ဆွေမျိုးပဲဖြစ်ဖြစ်၊ သူကပွဲစားလုပ်တယ်ဆိုပြီး လိုက်လာတာလဲ ရှိတယ်။ အမျိုး သမီးတွေ ဒီတဖက်နိုင်ငံကို အလုပ်လာလုပ်ရတာဟာ မရှိဆင်း ရဲလို့ပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာ လုပ်ဖို့လည်း စားမလောက် ဘူး။ ကိုယ့်အိမ်ရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကိုယ့်သားသမီးရဲ့ အနာဂတ် ကိုယ့်မိဘအတွက် အလုပ်လာလုပ်ရပါတယ်။ ဒါကြောင့် သူတို့ဟာ သူများနိုင်ငံကို အလုပ်လာလုပ်ရပါတယ်။

         

အမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ ၊ အများအားဖြင့် ရောင်းစား ခံနေရပါတယ်။ တချို့ဟာ မဲဆောက်၊ ဘန်ကောက်၊ မဟာချိုင်၊ သုံးဆူ၊ ပီးနမ်း၊ ဆုဖန်းပူရီ ၊ကန်ချနပူရီ၊ မှာလည်း ရောင်းစားခံနေရတာ ရှိနေဆဲလို့ မိဂျရိုင်းနွန်က ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးအခွင့်အရေးအဖွဲ့အနေနဲ့ လူကုန်ကူခံရတဲ့ အမျိုးသမီးတွေအတွက် သူတို့ လေ့လာစုံစမ်းပြီး သတင်းထုတ်ပေးတယ်။ ငွေကြေးအနေနဲ့  ထောက်ပံ့တာမရှိပါဘူး။ သူတို့ သတင်းယူမယ်။ သတင်းထုတ်မယ်။ ကျန်တဲ့အမျိုးသမီးတွေအတွက် ပညာပေးတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ပက်သက်ပြီး လူတွေ သိဖို့ တစ်နှစ် တစ်ကြိမ်၊ သုံးလ တစ်ကြိမ်လုပ်တာလည်း ရှိတယ်။ ဒါပေမဲ့ ရှိသမျှအနေအထား ရသလောက်အခွင့်အရေး လေးနဲ့လုပ်ရတယ်ဆိုတော့ အကျိုးသက် ရောက်မှု နည်းပါးပါတယ်။  မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး လူမှုရေး ပြဿနာ အခက်အခဲတွေနဲ့ တွေ့ကြုံနေရတဲ့အမျိုးသမီးတွေဟာ ရေခြားမြေခြား တပါးနိုင်ငံကို တိုးတက်ကြီးပွါးလိုတဲ့ ရည်ရွယ်ချက်နဲ့ စွန့်စားပြီးလာခဲ့ကြပါတယ်။ အဲဒီမှာ အချို့အမျိုးသမီးတွေဟာ လူကုန်ကူးမှု အန္တရာယ်နဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ တွေ့ကြုံနေရပါတယ်လို့ ဘန်ကောက်အခြေစိုက် WCRP ခေါ် အမျိုးသမီး နဲ့ခလေးအခွင့်အရေးအစီအစဉ် ဌါနတာဝန်ခံ မိဂျရိုင်းနွန်က ပြောပါတယ်။

         

မြန်မာနိုင်ငံမှာ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်းတို့ အမျိုးသမီးရေးရာအဖွဲ့တို့  နိုင်ငံတော်အဆင့်အနေနဲ့ အမျိုး သမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ တာဝန်တွေ ရှိပါတယ်။ ဒါပေမဲ့ လူကုန်ခံရတဲ့အမျိုးသမီးတွေအတွက် ကာကွယ် တဲ့နေရာမှာ ထိရောက်မှုနည်းတယ်။ အကယ်လို့ အမျိုးသမီးရေးရာအနေနဲ့ ထိထိရောက်ရောက်လုပ်ဆောင်သွားမယ် ဆိုရင် ဘယ်လိုပဲ ပြောပြော လူကုန်ကူးခံရတဲ့အဖြစ်ကနေ လွတ်မှာပဲ။ လူကုန်ကူးခံရတဲ့လူကို ကာကွယ်တားဆီးဖို့ အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်ရှိခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံတော်အစိုးရ ကနေပြီးတော့ ထိထိ ရောက်ရောက် အရေးယူ လုပ်ဆောင်ခြင်း မရှိဘူးလို့ မြန်မာအမျိုးသမီးသမဂ္ဂ ပြည်တွင်းစည်းရုံးရေး တာဝန်ခံ မိဆူးပွင့် ကပြောပါတယ်။

         

အစိုးရတစ်ရပ်အနေနဲ့ကလည်း နိုင်ငံတကာစံချိန်စံနှန်းတွေကို လက်ခံပြီးတော့ ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ဖို့ အတွက်ဆိုယင် ဒီအမျိုးသမီးလူဦးရေထက်ဝက်ကျော်ရှိတဲ့ ဒီအမျိုးသမီးထုရဲ့ စွမ်းအားကိုပစ်ပယ်မထားဘဲ လျစ်လျူရှု့မထားဘဲနဲ့ ဒီအမျိုးသမီးတွေ နိုင်ငံရေး၊ လူမှုရေး ဘက်ပေါင်းစုံမှာ ထူးထူးချွန်ချွန် ပေါက်ပေါက် မြောက်မြောက် ဖြစ်လာအောင်လို့အတွက် ကြံဆောင်ပေးနိုင်မဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ချမှတ်ပြီးတော့မှ ဆောင်ရွက်ရမယ့်အခြေအနေတွေ ရှိပါတယ်။ ပညာပေးမှုတွေလုပ်သွားရင် ဒီစနစ်ကြီးကိုပြိုကျသွားတဲ့ တနေ့မှာ   ကျမတို့ အစပြု ပေါ်ထွန်းလာနိုင်အောင် လုပ်နိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။

 အမျိုးသမီးများဟာ ဘာသာရေးအရသော်လည်းကောင်း ယဉ်ကျေးမှု ဓလေ့ထုံးစံအရ သော်လည်းကောင်း ကိုယ်ခန္ဓာ အနေအထားအ ရသော်လည်းကောင်း၊ ပတ်ဝန် ကျင်က အားနွဲ့ သူရယ်လို့ သတ်မှတ်ထားကြသလို တချို့နေရာမှာယင် လူ့အသိုင်းအဝိုင်းမှာ ဖယ်ကြဉ် ခံနေရပါ တယ်။  ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ အမျိုး သမီးတို့ရဲ့အခွင့်အရေးကြား  ကွဲပြားခြားနားမှု လေးတွေကို ထိုင်းနိုင်ငံအခြေစို်က် မြန်မာအမျိုး သမီများသမဂ္ဂ ပြည်တွင်းစည်းရုံးရေးတာဝန်ခံ မိဆူးပွင့် ပြောပြခဲ့တာက။

အိမ်ထောင်ပြုတဲ့အချိန်မှာ အိမ်ထောင်ကွာ ရှင်းတဲ့အခါမှာ ချထားတဲ့ဓလေ့ထုံးစံတွေ ရှိတဲ့အပေါ်မှာ တချို့ဓလေ့ထုံးစံ မှာအိမ် ထောင်ပြုပြီးရင် ကွာရှင်းခွင့်မပြုဘူး။ အယူအဆ မျိုးယုံကြည်ကြတာလည်း ရှိတယ်။ ဒီလိုအနေထားတွေမှာ ဒီအမျိုးသမီးတွေရဲ့ ဘဝကိုထိခိုက်လာတဲ့ အခြေအနေတွေဖြစ်လာတာလည်းရှိတယ်။ နောက်တဖက်မှာ ဒီအစဉ် အလာဓလေ့ထုံးတမ်းတော့ အာရှစံချိန်စံနှန်းနဲ့ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို ဒီအိမ်ထဲမှာ နေတာ မီးဖိုချောင်ကိစ္စမှာ နိုင်နင်းတာသမီးမိန်ကလေးဖြစ်ရင်  ပညာသိပ်တတ်ဖို့မလိုပါဘူး။သားယောကျာ်း လေးပဲ အရေးကြီးတယ်ဆိုပြီးတော့ သားယောကျာ်းလေးကို ဦးစားပေးတဲ့အယူအဆတွေ အစွဲအလမ်းတွေ ရှိတယ်။ ဆိုတော့ဒီလိုအယူအဆ အစွဲအလမ်းတွေ  ဒီလိုဓလေ့ထုံးတမ်း ယုံကြည်းမှုတွေကြောင့် အမျိုးသမီး တွေမှာ ခွဲခြားခံရတဲ့အခြေအနေတွေဖြစ်လာတယ်။

၂၀၀၀ ခုနှစ်ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)က ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေပါဝင်မှုနဲ့ သက်ဆိုင်ပြီးတော့ စံနစ်တကျချဥ်းကပ်ဆောင်ရွက်ဖို့  အာမခံထားပေမဲ့လည်း လက်တွေ့မှာတော့ အကောင်အထည် ဖေါ်ဘို့ အလှန်းကွာနေဆဲပါဘဲလို့ ဆိုထားပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်းနေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးပြဿနာကြောင့် ပြည်ပမှာ ရွေ့ပြောင်းအလုပ်သမား အဖြစ် အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ဘဝအာမခံချက်အတွက်  ရေရာ သေချာမှုမရှိသေးဘူးလို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက သုံးသပ်ထားပါတယ်။  

ပုခက်လွှဲတဲ့လက်ဟာ ကမ္ဘာကိုအုပ်စိုးနိုင်ရမယ်ဆိုတဲ့စကား၊ သာဓကတွေရှိခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိတ် သုဉ်းနေတဲ့ မြန်မာနိုင်ငံမှာတော့ ယုံတမ်းစကားလိုဖြစ်နေပါပြီး။ ကြပ် တည်းလှတဲ့ လူနေမှုဘဝကြောင့် အမျိုးသမီးတွေ ရဲ့ဘဝဟာ ရေနည်းတဲ့ငါးပမာ တခြားနိုင်ငံတွေမှာ သောင်တင်နေတာ တနေ့တခြား များလာပါတယ်။ သူတို့ရဲဘဝကို မြှင့်တင်ဘို့ စောင့်ရှောက်ပေးနိုင်ဘို့ဟာ မရေမရာပြဿနာတွေက ဆီးကြိုနေပါတယ်။ နေပူကြဲကြဲထဲမှာ ပန်းကလေး များဟာအားခဲပြီး ပွင့်နေရတော့ သူတို့အတွက် ဘဝလုံခြုံမှုဆိုတဲ့ အရိပ်အာဝါသတခုခုတော့ ရှိစေချင်ပါတယ်။
   

 

စန္ဒာမွန်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views