အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ရသဆောင်းပါး

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

နော်ချို
နိုဝင်ဘာ ၂၄၊၂၀၀၉။

                  
                                                         
ပြာသိုလဆန်း(၁) ရက်နေ့ဟာဆိုလျင် ကရင်နှစ်သစ်ကူးနေ့ဖြစ် ပါတယ်။  ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားများအ တွက် အထွတ်အမြတ်ထားတဲ့ နေ့တနေ့ဖြစ်ပါတယ်။ နှစ်သစ် ရောက်တိုင်း ကရင်အမျိုးသားတွေဟာ မိမိတို့၏ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များကို အလေးအမြတ်ပြု ပူဇော်ပသ ကန်တော့ ကြပါတယ်။ သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြ ပါတယ်။
ပြီးတော့ ပျော်ပွဲရွှင်ပွဲ တွေဒုံးယိမ်းအကတွေနဲ့လည်းဖြေဖျော်ပေးပါသေးတယ်။  ဒါကြောင့် နှစ်သစ်ကူးပွဲတော်မှာ ရိုးရာ ယဉ်ကျေးမူ အကတခုဖြစ်တဲ့ ဒုံးယိမ်းအကဟာ လူအများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။

ဒီနှစ်ဆိုရင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ကရင်နှစ်သစ်ကူးနေ့ကို စည်ကားသိုက် မြိုက်စွာနဲ့ကျင်းပ လိမ့်မယ်လို့ ပွဲဖြစ်မြောက်ကော်မတီဥက္ကဌ ဦးမြအေးကပြောပါတယ်။ ယခုကျင်းပမဲ့နှစ် သစ်ကူးပွဲမှာ ရိုးရာ ယဉ်ကျေးမူပြိုင်ပွဲဖြစ်တဲ့ ဒုံးယိမ်းအက၊ ကရင်နပန်းလုံးပွဲ၊ ကောက်သစ်စား ဖီးဘီး ရော်လက်ချည်ပွဲများအပါအဝင် ဘော်လုံးပွဲ၊ လက်ဝှေ့၊ ဇာတ်ပွဲ၊ မဲရုံထီ၊ ချောတိုင်တက် ပြိုင်ပွဲများနဲ့ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းအပြင် ကရင့်ရိုးရာအစားအစာများကိုလည်း ကျွေးမွေး ဧည့်ခံမှာဖြစ်ပါတယ်။ လာရောက်ကကြမည့်ဒုံးများကတော့ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် နာမည်ကြီးဒုံးများ ဖြစ်တဲ့  ဖားပြကျေးရွာဒုံး၊ လာကဒါ၊ ထီးမံထို၊ ကျုံခဝန်၊ နှင့်တောင်ဒီးဒုံးတို့ဖြစ်ပါတယ်။ အခြားသော ကျေးရွာများမှ ဒုံး များလည်းပါဝင်မှာဖြစ်ပါတယ်။ ဒုံးအဖွဲ့ပေါင်း (၁ဝ) ဖွဲ့ကျော် လာရောက်ကကြမှာဖြစ်ပါတယ်။

အဆိုပါနာမည်ကြီးတဲ့ဒုံးများထဲမှ တောင်ဒီးဒုံးဟာ လွန်ခဲ့တဲ့နိုဝင်ဘာလ (၇) ရက်နေ့မှာ ဘားအံမြို့မှာ ကျင်းပခဲ့တဲ့ ကရင် ပြည် နယ်နေ့မှာ ဒုံးအဖွဲ့ပေါင်း (၇ဝ) ထဲမှ ဒုတိယဆုရရှိသွားတဲ့ဒုံး ဖြစ်ပါတယ်။



ဒုံးယိမ်းအကဟာ သွက်သွက်လက် လက်မြူးမြူးကြွကြွနှင့်ကနေရတာပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အပါ အဝင် ကရင်လူငယ်တွေပါ အားလုံးလိုလိုကသိမြင်ထားကြပါတယ်။ တကယ် တမ်းကျတော့ လူငယ်တွေအများစုဟာ ဒုံးယိမ်းအကအကြောင်းကို ကောင်းစွာသိသူနဲပါးလှပါတယ်။ ဒုံးယိမ်းအကကိုလူငယ်တွေမှသာကနိုင်ကြပါတယ်။ ပေါ့ပါး သွက်လက်စွာခန္ဓာကိုယ်ကို လှုပ်ရှားနေရ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဒုံရင်းကျေးရွာဇာတိနေ အဖိုးခွဲကဘောင်ဟာ အသက် (၁၈) နှစ်ကစပြီး ဒုံးယိမ်းအက ကိုစတင်လေ့လာလိုက်စားခဲ့ပြီး အသက် (၂၆) နှစ်မှာ ဒုံးဆရာဖြစ်လာခဲ့ပါ တယ်။ အသက် (၇ဝ) ထိ ဘဝတစ်လျှောက် လုံး ဒုံးယိမ်းအကကိုပဲ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ အခုအဖိုးခွဲကဘောင်ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကရင်စာ ပေယဉ်ကျေးမူတာဝန်ခံအဖြစ် တာဝန်ယူ ထားပါတယ်။ ဒုံးယိမ်းအကနဲ့ပတ်သက်ပြီး ဒုံးဆရာကြီးအဖိုးခွဲကဘောင်က အခုလိုရှင်းပြထားပါတယ်။

ဒုံးယိမ်အကစတင်ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ ရှေးခေတ်အပျိုလူပျိုတွေဟာ သစ်ပင် ဝါးပင် အောက်မှာ ချိန်းတွေ့နေကြပြီး လူကြီးတွေကသူတို့ရဲ့အဖြစ်ကို ကြည့်မကောင်းရှုမလှဖြစ်ခဲ့ရာမှ  ရိုးရယဉ်ကျေးမူတွေရှိလာအောင် အပျိုလူပျိုတွေကိုစုရုံးပြီး ဒုံးယိမ်းအကကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။  ရှေးခေတ်ကဒုံးဆရာတွေဟာ ဒုံးသင်ကြား တဲ့နေရာမှာ တစ်နှစ်တာအတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ကအဖြစ်အပျက်တွေကို အခြေခံပြီးမှ ဒုံးသီချင်းကိုဖွဲ့နွှဲု့ပြီး ဒုံးအကသင်ကြားပေး ပါတယ်။ ဒုံးဆိုတာရိုးရာယဉ်ကျေးမူကြားမှာ စိတ်ကိုမြူးကြွစေတဲ့အက တခုဖြစ်ပါတယ်။

ကရင့်ရိုးရာ ဒုံးယိမ်းအကကို ကရင်တစ်မျိုးသားလုံးက ခရစ်တော်မပေါ်မီ Bဃ ၇၃၉ ခုနှစ်မှာ စတင်အသိအ မှတ်ပြုလာ ခဲ့ပါတယ်။ ရှေးခေတ်က ဒုံးအမျိုးအစား (၇) မျိုးရှိပြီး ယင်း (၇) မျိုးမှာ ဒုံးမောင်ရိုး၊ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်)၊ ဒုံးမူး နော်ဖိုးသားခွား (ဒုံးအပျိုလူပျို)၊ ဒုံးလူအို၊ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)၊ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်)၊ ဒုံးကုလားတို့ဖြစ်ပါတယ်။ ဒုံးမောင်ရိုးအကမှာ ဟွေးလေးလေးမောင်းရိုး ဆိုတဲ့သံစဉ်နဲ့ အစချီပြီးဖြေး ဖြေးနှင့်ကရပါတယ် သို့သော်လည်း ကကွက် သိပ်မရှိပါ။ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်) သည် မျောက်မျက်နှာကဲ့သို့မျက်နှာအမူအရာထားပြီး ကရတာမျိုးဖြစ်ပါတယ်။ ဒုံးမူးနော်ဖိုးသားခွား (ခေါ်) (ဒုံးအပျိုလူပျို) သည် ယနေ့ကနေတဲ့ဒုံးပဲဖြစ်ပါတယ်။ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)သည် ကျွဲထိန်း သမား များကတီထွင်လာတာဖြစ်ပြီး ကျွဲဂျိုနဲ့တူတဲ့ ဂျိုကိုပြုလုပ်ပြီး ခေါင်းမှာပတ်ပြီး ကကြပါတယ်။ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်)  ဟာလည်းပဲ ဒရယ်ခေါင်းဂျိုတပ်ပြီးကကြပါတယ်။ ဒုံးကုလားအ ကမှာတော့ ကုလားတို့ရဲ့တေးသံတေးသွား နဲ့အတူ ကုလားတို့ရဲ့အကအမူရာနှင့်ညီအောင်ကနေရပြီး ရယ်စရာ ကောင်းသောဒုံးတမျိုးလည်းဖြစ်ပါတယ်။ ယင်းဒုံး ကုလားအကဟာ အသားဖြူသူတချို့က အိုးမဲသုတ် လိမ်းပြီးမှကကြရပါတယ်။

ယခုခေတ်ဒုံးအများစုက တဖွဲ့မှာ လူ ၃၂ ဦး မှ ၃၄၊ ၃၆ ဦးအထိရှိပါတယ် လူများရခြင်း အကြောင်းမှာ ဒုံးယိမ်းအကဟာ ကကွက်နှင့်အတူကရတာပြီး လူများမှ ကကွက်စေ့ပါတယ် အထူး သဖြင့် ကကွက်တွေဟာ KAREN သင်္ကေတတွေကို ကကြတာများပါတယ် တချို့ကကွက်တွေမှာ ကရင်နှစ် သစ်ကူးနေ့ဆိုတဲ့သင်္ကေတကို အကွက်ကျကျစီပြီးကကြတယ် အက္ခရာ တစ်လုံးချင်းကို ကကြတာဖြစ်ပါတယ် သို့သော်လည်း ကကွက်စီတဲ့နေရာမှာ ဘယ်ကကွက်ကို ကရမလဲဆိုတာ ကန့်သတ်ချက်မရှိပါ။ သင်ကြားပေးတဲ့ဒုံးဆရာအပေါ်မှာသာမူတည်တယ်လို့ ဒုံးဆရာတစ်ဦး ကပြောပါတယ်။

အများအားဖြင့် ဒုံးအဖွဲ့တိုင်းမှာ ဒုံးပဏာမရှေးဦးကို သုံးယောက်၊ နှစ်ယောက်၊ တစ်ယောက် စသဖြင့်ထားလေ့ရှိပါတယ်။ အဓိကတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး  ၄င်းအမျိုးသမီးတစ်ဦးဟာ မေတ္တာပို့ သတဲ့ တေးသီချင်းကိုဆိုရင်းကနေရတာဖြစ် ပါတယ် ၄င်းဆုတောင်းမေတ္တာပို့သခြင်းကို တပင်တိုင်အ ကဟူ၍ခေါ်ဝေါ်ကြပါတယ်။ တခါတရံမှာ ဒုံးပဏာမရှေးဦးကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦးထားရှိကြပါတယ်။ ၄င်းအမျိုးသားနှစ်ဦးဟာ အမျိုးသမီးရဲ့ဘေးတဖက်တချက်စီမှာ ကနေရပါ တယ်။ ဒုံးပဏမ ရှေးဦးကို အမျိုးမျိုးထားလေ့ရှိကြပါတယ်။ ဒုံးပဏာမရှေးဦးထား ရှိရတဲ့အပြင် ကရင့်အမျိုး သား အလံတော်ကို ကိုင်ဆောင်ရမည့် အမျိုး သမီးတစ်ဦးလည်းထားရှိရပါတယ် ဒုံးအဖွဲ့တိုင်း အမျိုးသားအလံကိုင် ဆောင်ရခြင်း၏ အကြောင်းမှာ ကရင်အမျိုးသား၏အလံတော်ကို လေးစားဂုဏ်ပြုခြင်းအနေဖြင့်လည်းကောင်း ဒုံးတခု လုံး၏ မျက်နှာဖုံးအနေဖြင့်လည်းကောင်း အလံကိုင်ရခြင်းဖြစ်ပါတယ်  ၄င်းအလံကိုင်သူတစ်ဦးဟာ မတ်မတ်ရပ်နေရတဲ့ အပြင် ဒုံးကပြီးသည်အထိ အလံကိုငြိမ်သက်စွာကိုင်ထားရပါတယ်။ ဒုံးစတင်ကတော့မည်ဆိုလျင် အလံကိုင်တဲ့အမျိုး သမီးသည်ဒုံး၏စင်မြင့်ပေါ်၌ ရှေ့သို့ဦးစွာထွက်လာရပါတယ် ၄င်းအလံကိုင်အမျိုး သမီးထွက်လာပြီးမှ ဒုံးပဏာမရှေးဦး သုံးယောက်လည်း မေတ္တာပို့သထွက်လာရပါတယ် မေတ္တာပို့သ ပြီးတဲ့နောက်မှာ ဒုံးတစ်ဖွဲ့လုံးစတင်ကရပါတယ်။

ဒုံးနှင့်အတူတွဲကအသုံးပြူတဲ့ တီးမှုတ်တူရိယာများကတော့ ပင်စည်၊ ကြေးကွင်း၊ နွဲ၊မောင်း၊ ဝါးလက်ခေါက်တို့ဖြစ်ပါ တယ်။ တေးသီချင်းနှင့်အတူသံပြိုင်သီဆိုကရပါတယ် တီးဝိုင်းအနားမှာ နောက်ခံ တေးအဖွဲ့တဖွဲ့လည်းထားရှိရပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားမှာ လုံချည်၊ အင်္ကျီအောက်ခံ အဖြူရောင်လက်ရှည် နှင့် အပေါ်ကရိုးရာအင်္ကျီ၊ ခါင်းပေါင်း၊ ခြေစွပ်အဖြူဝတ်ပြီး အမျိုးသမီးမှာလည်း ထဘီ၊ အင်္ကျီ၊ ခေါင်းစည်းပုဝါ နှင့်အတူ ဘယ်ဘက်လက်၏လက်ခလယ်မှာ အဖြူရောင်ပုဝါ သေးသေး လေးတခုကို ညှပ်ထားရပါတယ် အမျိုးသားတွေလိုပဲ ခြေစွပ်အဖြူ များကိုဝတ်ဆင်ကြပါ တယ်။

အခုလက်ရှိဒုံးအကနဲ့ ရှေးခေတ်ကဒုံးအကကို နှိုင်းယှဉ်ကြည့် ခြင်းအားဖြင့် များစွာကွာခြား လှပါတယ်။ အခုလက်ရှိဒုံးယိမ်း အကဟာ စိတ်ကိုမြူးမြူးကြွကြွနဲ့ရှိစေပါတယ်။ရိုးရာယဉ်ကျေး မူနဲ့လည်း လိုက်ဖက်မူရှိပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ရှေး ခေတ်ဒုံး (၇) မျိုးကတော့ ရိုးရာယဉ်ကျေးမူနဲ့ ကိုက်ညီမူ မရှိ တဲ့အတွက် ဒုံးဆရာတစ်ဦးကနေပြီး ဒုံးယိမ်းအကကို ယဉ် ကျေးမူရှိတဲ့အမူအရာလေးရှိလာ အောင် ၁၉၃၆ ခုနှစ်မှာ ပထမတခါ ပြန်လည်ပြုပြင်ခဲ့ပါတယ် ထိုအချိန်ကစပြီး အဆိုပါဒုံး (၇) မျိုးဟာ ပျောက်လုနီးပါးဖြစ်လာခဲ့ပါတယ်။

ပြန်လည်ပြုပြင်ခဲ့ရခြင်း၏အကြောင်းမှာ ဥမာအားဖြင့်  ဒုံးဆအော် (ခေါ်) မျောက်အကဒုံးဟာ မျောက်မျက်နှာလိုမျိုး မျက်နှာအမူအရာထားကရပြီး၊ ဒုံးဒရယ် သည် လည်းပဲ ဒရယ်ဂျိုကိုခေါင်းမှာတပ်ပြီး ကရတဲ့အတွက်ကြောင့် ၄င်းအက တွေဟာ ယဉ်ကျေးမူနဲ့ လိုက် ဖက်မှုမရှိဖြစ်နေပါတယ်။ ထို့ကြောင့် ၄င်းအကတွေကို ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ပါတယ်။

ဒုံးယိမ်းအကကိုပထမဆုံးတခါ ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း ကရင်စာပေယဉ်ကျေးမူရှိ ဒုံးဆရာကြီးရွှေကြိုးကြာမှ ရိုးရာ ယဉ်ကျေးမူဒုံး၏အမည်အခေါ်အဝေါ်နှင့် အကအားလုံးကို တမျိုးတ စားတည်းဖြစ်အောင် ယဉ်ကျေးမူရှိရှိနှင့် မြူးမြူး ကြွကြွကရတဲ့အကမျိုးဖြစ်လာအောင် ၁၉၆၄ ခုနှစ် (မဆလ) ခေတ်မှာ ဒုံးယိမ်းအကကို ပြန်လည်ပြုပြင်ဖွဲ့စည်း နိုင်ခဲ့ပါ တယ်။  အဲဒီအချိန်ကစပြီး ကရင်တွေ နှစ်သစ်ကူးပွဲတော်ကျင်းပတိုင်း  ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအက ကိုပါ ကနေခဲ့ကြတာ ဒီကနေ့ဒီ အချိန်အထိပါပဲ။  ဆောင်းနဲ့နှင်းခွဲခြားမရသလို ကရင်လူမျိုးနဲ့ဒုံးယိမ်းအက ဟာခွဲခြားလို့ မရပါဘူး။နှင်းတွေဝေတဲ့ပြာသိုလရောက်တဲ့အခါတိုင်း ဖါးစည်သံတလွင်လွင်နဲ့ ကရင်ဒုံးယိမ်းအသံလေးတွေဟာ ဆောင်း အလှကိုချယ်မှုန်းထားသလိုပါဘဲ။

နော်ချို

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views