အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ရသဆောင်းပါး

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ကွန်းအိနု
နိုဝင်ဘာ၂၃၊၂၀၀၉။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပေါ်ထွန်းခဲ့တဲ့မွန်ရိုးရာ မိချောင်း တူရိယာဟာ မွန်လူမျိုးတို့ရဲ့ အထွတ် အမြတ်ထားတဲ့ တူရိ ယာတခု ဖြစ်ပါတယ်။ မွန်လူမျိုးတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုကနေ ဆင်းသက်လာတဲ့ အမျိုးသားရေး လက္ခဏာ တရပ်လို့ ဆိုပါတယ်။ ရှေးအစဉ်အဆက်ဆက်က အမြတ် တနိုးတီးခတ်လာခဲ့တဲ့ ရိုးရာ မိချောင်းတူရိယာဟာ အခုချိန်မှာ ကျွမ်းကျွမ်းကျင်ကျင် တီးခတ် တတ်တဲ့ သူနည်းလာပါပြီးလို့ ဆိုပါတယ်။

ခေတ်ရေစီးကြောင်း ပြောင်းလဲသွားတာနဲ့အမျှ အဟောင်းနေရာမှာ အသစ်သစ်တို့အစားထိုးဝင်ရောက်လာတာဟာ ဓမ္မတာတခုလို့ ဆိုပေမဲ့ ခေတ်ဘယ်လိုပြောင်းပြောင်း မိမိအမျိုးသားရဲ့ ရိုးရာ ယဉ်ကျေးမှုမတိမ်ကောမပပျောက်သွားအောင် ထိန်းသိမ်း သွားဘို့ဟာ လူမျိုးတိုင်း ရဲ့သမိုင်းပေးတာဝန်တခုပါ။ တကယ်လို့လူမျိုးတမျိုးရဲ့ ရိုးရာယဉ်ကျေးမှု အသွင်လက္ခဏာ ပျောက်ကွယ်သွားယင် သည်လူမျိုးပျောက်ကွယ်သွားတာ နဲ့မခြားဘူးလို့ သမိုင်းသုတေသီတို့က ဆိုပါတယ်။
 
အဲဒီလိုရှည်လျားတဲ့သမိုင်းကြောင်းတွေနဲ့ရှိလာခဲ့တဲ့ မိချောင်းတူရိယာရဲ့ နောက်ခံသမိုင်းကြောင်းရာဇဝင်တွေကို မွန်ဂီတ သမိုင်းလေ့လာသူ နိုင်အောက်ပိုင်က အခုလိုရှင်းပြခဲ့ပါတယ်။
 
“ဗုဒ္ဓြွမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန် ရာမညတိုင်း ဒဂုံမြို့မှာ ဥက္ကလာပမင်း ထီးနန်းစိုးစံစဉ်ကာလမှာပေါ့။ အဲဒီအချိန် သူ့ရဲ့သားတော် မင်းနန္ဒာဟာ သံလျှင်ဘက်ကမ်းက ချစ်သူရှင်မွေ့နွန်းဆီသွားရာမှာ ငမိုးရိပ် မိချောင်းကိုဘဲ စီးသွားလေ့ ရှိတယ်။ တနေ့တော့ စီးတော် မိချောင်းငမိုးရိပ်နဲ့ ရန်သူမလက်တိုတို့ရင်ဆိုင်တိုက်ပွဲဖြစ် ခဲ့ရာမှာ မင်းသား မင်းနန္ဒာ အန္တရာယ်ကျရောက်မှာစိုးလို့ ငမိုးရိပ်မိချောင်းက အာခံ တွင်းထဲမှာငုံထားပြီး ဒဂုံဘက် ကမ်းကိုကူးလာခဲ့တယ်။ ဒီဒဂုံ ဘက်ကမ်းလဲရောက်ရော မိချောင်းရဲ့ခံတွင်းမှာရှိတဲ့မင်းသားခင်မျာ အသက် ရှုမွန်းကြပ်ပြီးအသက်ပါမလာတော့ဘူး။ အဲဒါနဲ့ဥက္ကလာပမင်းကြီးဟာ သားတော်စိတ်နဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်နေ တယ်ပေါ့။ နောက်ဆုံးတော့ နန်းတော်ထဲ မှာမိချောင်းရုပ်ကြိုးတပ်တူရိယာတီထွင်စေပြီး သားတော်ကိုသတိရ လွမ်း ဆွတ်တဲ့အထိန်းအမှတ်အနေနဲ့ မိချောင်းတူ ရိယာပေါ်လာခဲ့တယ်လို့ ကျွန်တော့်ဆရာ မိချောင်းတူရိယာပညာရှင် နိုင်ထဝိုင် ပြောပြခဲ့ပါတယ်။”

ကြိုးတပ်တူရိယာထဲမှာဆိုယင် ကြိုးသုံးချောင်းသာရှိတဲ့ မွန်ရိုးရာမိချောင်း တူရိယာဟာတကယ့်ကိုထူးခြား ပါတယ်။ စူးရှ တဲ့အသံလွင်လွင် လေးနဲ့ နဝင်ပီယံဖြစ်စေပြီး နားသောတအာရုံကိုလည်း ထူးထူးခြားခြားမြူးကြွစေပါတယ်။ ရှေးဟောင်း မိချောင်းတူရိယာဟာ အခြားကြိုး တပ်တူရိယာနဲ့မတူတဲ့ ထူးခြားမှုတွေကို နိုင်အောက်ပိုင်ပြောပြပါသေးတယ်။

“မိချောင်းတူရိယာနဲ့အခြားတူရိယာ ကွာဟချက်ဆိုတာက  မိချောင်းဆိုတာကသူက(Slite)လုပ်လို့ရတယ်။ ဥပမာမွန်မှာ ဆိုလို့ရှိရင် လခြမ်းသူကအသံသေ။ ပတ္တလားအသံသေ။ မိချောင်းဆိုတော့(Slite )လုပ်လို့ ရတယ်။ အသံတွေကအရွေ့ အပြောင်းလုပ်လို့ရတယ်။ ”
 
ပဒေသရာဇ်စံနစ်ရဲ့ဆိုးမွေကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆုံးရှုံးခဲ့တဲ့ မွန်လူမျိုး တွေအတွက် အရင်ကထီးသုံးနန်းသုံးဖြစ်ခဲ့တဲ့ မွန်ရိုးရာမိချောင်းတူရိယာကို ထိန်းသိမ်းစောင့်ရှောက်သူမဲ့ပြီး လက်တဆုတ်စာ ပညာ ရှင်တွေကဘဲ ရိုးရာအမွေအနှစ်မပျောက်ပျက်အောင် ထိန်းသိမ်းနေကြပါ တယ်လို့ ဆိုပါတယ်။ လက်ရှိမိချောင်းတူရိယာ ပညာရှင်နဲ့ ပက်သက်ပြီး နိုင်အောက်ပိုင်က အခုလိုပြောပါတယ်။
 
“အခုဆိုယင်ကျွန်တော်သိသလောက်ပေါ့နော်။ မိချောင်းတူရိယာကိုကျွမ်းကျွမ်းကျင်ကျင်တီးတတ်တဲ့သူဆိုလို့ ဆရာ နိုင်ထဝိုင်ရယ် ဆရာနိုင်ချင်ရယ် ဆရာနိုင်ရွှေပြည်ရယ် ဆရာနိုင်ထောပိုင်ရယ် ဆရာနိုင်ဟံသာရယ် ဒါဘဲကျန်တော့တယ်။ ကျန်တဲ့သူတွေက ပညာရှင်အဆင့်ရောက်ဘို့တော်တော်ကိုကြိုးစားရအုံးမယ်။”

မိချောင်းတီးခတ်တဲ့လက်ကွက်တွေဟာ အခြားတူရိယာတွေနဲ့မတူပါဘူး။ နည်းပရိယာယ်အပိုင်းတွေများပြီးတော့ ကျွမ်း ကျင်မှုရှိမှသာ အကွက်သံစဉ်တွေကိုဖေါ်နိုင်မယ်လို့နိုင်အောက်ပိုင်ကဆိုပါတယ်။
 
မိချောင်းတီးကွက်ဆိုတာက ပထမဦးဆုံးစတီးတာနဲ့ မွန်တွေက ဇယ်နဲ့စတီးတယ်။ ဇယ်ဆိုတာက စီစကေးပေါ့။ ဗမာသံနဲ့ ဆိုရင်သံမှန်ပေါ့။ နောက်ပြီးတော့ တန်းပွန်း(တင်ပန်) ဆိုတာက ဗမာမှာ(၅)ပေါက်သံနဲ့သွားကိုက် ညီတယ်။ ဘာကြောင့် ဗမာသံငါးပေါက်နဲ့ကိုက်ညီသလဲဆိုယင် ဗမာကအောက်ဘက်ကနေစရေတွက်လာတယ်။ မွန်မှာကျတော့ အပေါ်ဘက် ကရေတွက်တယ်။ အဲဒါတော့ကွာတယ်။ မွန်မှာကျတော့ တစ် နှစ် သုံး လေး ငါး ဘယ်ဘက်ကရေတယ်။ မြန်မာဂီတမှာ ကျတော့ ညာဘက်အခြမ်းကရေတယ်။  ဗမာက ရေတွက်တော့ ငါးပေါက် နဲ့သွားကိုက်ပြီး မွန်ကျတော့ လေးပေါက်နဲ့ ကိုက်တော့ တန်းပွန်(တင်ပန်)လို့ခေါ်တယ်။

    ရှေးဟောင်းကြိုးတပ်တူရိယာထဲမှာဆိုယင် ဆရာခင်မောင်လေးရဲ့လေ့လာချက်အရ (၇)မျိုးရှိတယ်လို့ ဆိုပါတယ်။ မွန်ရိုးရာမိချောင်းတူရိယာက စောင်းအမျိုးအစားထဲမှာ ပါတယ် လို့လဲဆိုပါတယ်။
      (၁)   ရစ်ခေါင်းပုံစောင်း
      (၂)   မိကျောင်းခေါင်းစောင်း
      (၃)   နဂါးခေါင်းဗျပ်စောင်း
      (၄)   မိုးသားခေါင်းဗျပ်စောင်း
      (၅)   ဗူးကြီးဗျပ်စောင်း
      (၆)   ကြိုးတစ်ချောင်းတပ် ဗူးဗျပ်စောင်း
      (၇)   ဗူးကလေးဗျပ်စောင်း။
 ထန်မင်းဆက်လက်ထက် တရုတ်ပြည်ရောက်မိချောင်းစောင်းဟာ ယခုမွန်တို့အသုံးအပြုနေတဲ့ မိကျောင်း စောင်းမျိုး ဖြစ်တယ်လို့ ဆရာကြီးဒဂုန်နတ်ရှင်ကဆိုထားပါတယ်။ တရုတ်ပြည်ရောက် မိကျောင်းစောင်း(၂)ခုအနက် တစ်ခုရဲ့ပုံ သဏ္ဍာန်ဟာ အခုမိကျောင်းကဲ့သို့ဖြစ်နေပါတယ်။  (၄)ပေရှည်ပြီးတော့ ခြေလေးချောင်းရှိတယ်လို့ ဆိုပါတယ်။ ဝမ်းဗိုက် ဟောင်းလောင်းရှိနေပြီး ကျောဘက်မှာမိကျောင်းရေနဲ့တန်ဆာဆင်ထားပါတယ်။ ကြိုး(၉)ချောင်းကို ဆန့်တန်းရန်အကန့် ထားရှိထားပါတယ်။ လက်ဝဲဘက်နှင့် လက်ယာဘက်မှာ ရွှေ့ပြောင်းနိုင်တဲ့ ခလုတ် (၁၂) ခုရှိပါတယ်။ အခြားထူးခြားချက် တစ်ခုကတော့ မိကျောင်းစောင်းနှင့် မတူအောင်ရောင်စုံခြူးပန်းခြူးနွယ်တို့နဲ့ တန် ဆာဆင်ထားပြီး မြွေသားရေနဲ့ ဖုံးအုပ် ထားပါတယ်။
ထိုစဉ်က တရုတ်မိကျောင်းစောင်းပြုလုပ်ထားပုံကတော့ အခုမွန်တို့အသုံးအပြုနေတဲ့ မိကျောင်းတူရိယာ နဲ့အခြေခံအား ဖြင့် တူညီပေမဲ့လည်း ယခုမွန်မိကျောင်းမှာ ကြိုး(၃)ချောင်းသာပါရှိပြီး လက်ဝဲလက်ယာမှာ ရွှေ့ပြောင်းနိုင်သော ခလုတ် များမပါရှိဘဲ ထိပ်တစ်ဘက်တစ်ချက်မှာ ကြိုးညှိဘို့အတွက် ဒလက်သုံးခုပါရှိပါတယ်။ ယင်းမိကျောင်းပုံစံကနေယခုခေတ် မိကျောင်းပုံစံသို့ ပြောင်းလဲခဲ့သလားလို့တွေးတောစရာပါ ။ မည်သို့ပင်ဖြစ်စေ ယခုအခါမိကျောင်းတူရိယာကို မွန်တို့က သာအသုံးပြုနေကြလို့ ထန်မင်းဆက်လက်ထက် တရုတ်နန်းတော် ရောက်နေခဲ့တဲ့ မိကျောင်းစောင်းဟာ ယခုမွန်မိ ကျောင်းတူရိယာမျိုးဖြစ်တယ်လို့ ဆရာကြီးဒဂုန်နတ်ရှင်ရဲ့အဆိုကို လက်သင့်ခံရမယ်လို့ ဆရာခင်မောင်လေးက သုတေ သနပြုရေးသားထားပါတယ်။
      
ယနေ့လက်ရှိအနေအထားကတော့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအနေအထားအရသော်၎င်း မွန် အမျိုးသားတို့ အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ဆုံးရှုံးနေလို့ မွန်ရိုးရာမိချောင်းတီးခတ်မှုအတတ်ပညာဟာ တိမ်ကောလုနီးပါးဖြစ် နေပါပြီး။ မွန်ဂီတပညာရှင်တွေအနေနဲ့ မျိုးဆက်သစ်လူငယ်တွေကို လက်ဆင့်ကမ်း သင်ကြားနေပေမဲ့ အတိုင်းတာတခု အထိဘဲလုပ်ဆောင်နိုင်ပါသေးတယ်။
        
အခုခေတ်မွန်လူငယ်အဆိုတော်တွေထဲမှာ ခေတ်ပေါ်တေးဂီတနဲ့ ရိုးရာမိချောင်းဒူရိယာတီးလုံး တေးသွားတွေကို တွဲဖက် အသုံးပြုတာ တချို့တလေတော့ ရှိနေပါသေးတယ်၊ ဒါပေမဲ့လည်း မိချောင်းဒူရိယာကို တကယ်ကျွမ်းကျွမ်းကျင်ကျင် တီး ခတ်နိုင်တဲ့သူကတော့ သိပ်ကို နည်းသွားပါပြီးလို့ နိုင်အောက်ပိုင်ကအခုလို ဆွေးမြေ့စွာ ပြောပြပါတယ်။ သူ့ရဲ့မျက်လုံး တွေဟာ အနာဂါတ်ရဲ့မျှော်လင့်ချက်အတွက် လင်းတခါ မှိန်တလှည့်ဖြစ်နေလေရဲ့။
         
အခုခေတ်လူငယ်တွေဆိုတာတွေက အခုခေတ်သစ်တူရိယာတွေဝင်လာတယ်။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု တူရိယာတွေ ကို သူတို့ချစ်မြတ်နိုးမှသာ သူတို့ထိန်းသိမ်းစောင့်ရှောက်နိုင်မယ်။ ဒီထိန်းသိမ်းတဲ့နေရာမှာ လေ့လာ  လိုက်စားတဲ့ နေရာမှာ အရင်ကထက်နည်းပါးလာတယ်။
         
လက်ရှိမြန်မာနိုင်ငံမှာ စစ်အစိုးရအနေနဲ့ရိုးရာအဆိုအကအရေးအတီးပြိုင်ပွဲတွေ ကျင်းပပြီး မြန်မာ့ယဉ် ကျေးမှုအသွင် လက္ခဏာတွေမပျောက်ပျက်အောင် ထိန်းသိမ်းနေတယ်ဆိုပေမဲ့ တိုင်းရင်းသားတို့ရဲ့ ဂီတ၊ယဉ်ကျေး မှုတွေကို ထိန်းသိမ်း မှုမရှိသေးတာကြောင့် တိုင်းရင်းသား ယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားကို စိုးရိမ်မိ တယ်လို့ နိုင်အောက်ပိုင်က ပြောပါ တယ်။ သူ့ရဲ့ဘေးနားမှာရှိနေတဲ့မိချောင်းတူရိယာလေးဟာ သိမ်ငယ်တဲ့မျက်လုံးနဲ့ တီး ခတ်နိုင်မဲ့ပိုင်ရှင်သစ်ကို မျှော်လင့် နေသယောင်ယောင်ရှိနေပါတယ်။

         
         

 

 

 

 

ကွန်းအိန်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views