အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ဆောင်းပါး

ညီညွတ်ခြင်းသည် အင်အား

ဗလ
နိုဝင်ဘာ ၁၆ ၊၂၀၀၉။

ဘိုးဘွားအစဉ်အဆက်ပြောလာကြတဲ့စကားပေမဲ့ မရိုးနိုင်တဲ့တခုပါဘဲ။ ဒီနေ့အထိလဲ လက်တွေ့ဖြစ်ရပ်က ညီညွှတ်မှ အားရှိတယ်။ စွမ်းဆောင်နိုင်တယ်။ ပြီးမြောက်နိုင်တယ်။ ဆိုတာကို တွေ့နေ သိနေကြရတာပါဘဲ။ ညီညွှတ်ခြင်းသည် အင်အားဆိုတာကို အမျိုးမျိုးပုံဆောင်ပြီး ပြောခဲ့ကြတာလဲ များပါပြီ။ ကျနော်ကတော့ လက်တွေ့အားဖြင့်ဘယ်လိုညီညွှတ် ရေးမျိုးကို တည်ဆောက်မလဲဆိုတာနဲ့ ညီညွှတ်ရေးကိုဘယ်လိုနည်းနဲ့တည်ဆောက်ကြမလဲ ဆိုတာကိုဘဲ ပြောဆိုကြံဆ ချင်တာပါ။

တိုင်းရေးပြည်ရေးမှာ ဘယ်လောက်ဘဲ စိတ်စေတနာကောင်းကောင်း၊ ဘယ်လိုဘဲဉာဏ်ပညာတွေရှိပါစေ၊ ဘာအခြေနေ တွေဘဲ ပေးပေး၊ ကိုယ့်မှာ အင်အားမရှိရင်တော့ ဘာမှလုပ်လို့ မရဘူးဆိုတာ အနှစ် ၂ဝ- ခရီးက ဆုံးမသင်ကြားပြီးပါပြီ။ တကယ့်ကို တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်နဲ့ တိုင်းကျိုးပြည်ကျိုးကို ပြီးမြောက်အောင်မြင်အောင်လုပ်ချင်ကြတာ ဆိုရင်တော့ အင်အားရှိအောင်လုပ်ဖို့လိုပြီဆိုတာ ထူးပြောစရာမလိုတော့ဘူးထင်ပါတယ်။ ကဲ ဒါဆိုရင် ကျနော်တို့ အင်အားဖြစ်စေမဲ့
ညီညွတ်ရေးကို ဘာ့ကြောင့်များ မလုပ်နိုင်ကြသေးတာလဲ။

နဂါးကြီးရဲ့အမြီးဖြစ်ရတာထက်၊ ကြက်ကလေးရဲ့ ခေါင်းဖြစ်ရတာက ပိုကောင်းတယ်ဆိုတဲ့ တရုတ်တွေရဲ့ ကွန်ဖြူးရှပ် အတွေးအခေါ်အယူအဆကို ဗမာတွေကပိုလို့ ကြိုက်ကြပုံပေါ်ပါတယ်။ ကိုယ်ပိုင်ရာနိုင်ရာ အဖွဲ့သေးလေးမှာခေါင်းဆောင် လုပ်ပြီး ထင်ရာမြင်ရာလုပ်နေရတာကို ပိုလို့ သည်းခြေကြိုက်ကြပုံပေါ်ပြီး၊ စစ်အစိုးရကို ယှဉ်ပြိုင်နိုင်လောက်အောင် အင်အားရှိတဲ့ အဖွဲ့ကြီးဖြစ်ဖို့ စည်းစံနစ်ကျတဲ့ ယန္တယားကြီး ဖြစ်ဖို့အတွက် စုစည်းပေါင်းစပ်တည်ဆောက်ရေးကိုတော့ သိပ်သဘောတွေ့ကြပုံ မပေါ်ပါဘူး။ အဲဒါကြောင့် ဒီနေ့အထိ အောင်မြင်ထိရောက်တဲ့ တပ်ပေါင်းစုကြီးမျိုးကို မတည် ဆောက်နိုင်သေးတာလားလို့ ယူဆချင်စရာပါဘဲ။

နောက်မြင်မိတဲ့ ပြဿနာတခုကတော့ ကျနော်တို့ရဲ့ သိမြင်နားလည်မှုပုံစံ လို့ထင်ပါတယ်၊ ကျနော်တို့တွေက နေဝင်းရဲ့ မဆလပုံစံ တပါတီအာဏာရှင်စနစ်အောက်မှာ မွေးဖွါးကြီးပြင်းခဲ့ကြပြီး ဒါတခုဘဲမြင်ဘူးကြားဘူးခဲ့လို့ ဒါတခုဘဲနားလည် ကြပုံပေါ်ပါတယ်။ အဲဒါကြောင့် ခေါင်းဆောင်ဟေ့ဆိုရင် နံပါတ်တစ်ခေါင်းဆောင်ကိုဘဲ နားလည်ပါတယ်။ အာဏာဆိုလဲ အပြည့် အာဏာကိုဘဲ နားလည်ပါတယ်။ ဒီတော့ အဖွဲ့အစည်းတွေထဲမှာ တာဝန်ခွဲဝေယူတာ အာဏာခွဲဝေကျင့်သုံးတာ အများစုပေါင်းဆုံးဖြတ်တာ ဆုံးဖြတ်ချမှတ်ထားတာကို လေးစားလိုက်နာတာတွေမှာ ကျနော်တို့အားနဲကြပြီးတော့ များသောအားဖြင့် ဆုံးဖြတ်ချက်နဲ့ အခွင့်အာဏာတွေဟာ လူတဦးတယောက်ဆီကနေ လာတာများပါတယ်။ ဒါဟာလဲ ကျနော်တို့အဖွဲ့အစည်းတွေ လိုအပ်သလို ကြီးထွားမလာနိုင်တဲ့ အကြောင်းတခု ဖြစ်တယ်လို့ ယူဆပါတယ်။

ဒီလိုအခြခံကျတဲ့အချက်တွေ အသေးလေးတွေကို တချိန်တည်းမှာ ပြင်ဆင်ကြရင်း အများဆုံချက်ကျနိုင်တဲ့ ပေါ်လစီကို ရအောင်လုပ်ဖို့ဆိုတော့ အလွန်စိတ်ကူးယဉ်ဆန်တဲ့ မဖြစ်နိုင်လောက်အောင် အလှမ်းဝေးတဲ့ကိစ္စလို ဖြစ်နေပါတော့တယ်။
ဒါပေမဲ့ ကျနော်တို့အနေနဲ့ နအဖ နဲ့ နှိုင်းယှဉ်နိုင်လောက်အောင် ယှဉ်ပြိုင်နိုင်လောက်အောင် ကြီးထွားမလာနိုင်ဘူး ဆိုရင်တော့ ပြဿနာတွေကို တရားမျှတစွာဖြေရှင်းပြီး ဒီမိုကရေစီစံနစ် တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။

ကျနော်တို့အနေနဲ့ အမျိုးသားညီညွတ်ရေးအတွက် နအဖနဲ့ အမျိုးသားရင်ကြားစေ့ရေး ပြောချင်နေကြပေမဲ့ အားလုံးကို ငြင်းဆန်ပြီး ပြဿနာလုပ်နေတဲ့ နအဖကို ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်နေတဲ့ ညီညွတ်ရေးအတွက်တော့ ကိုယ်အချင်းချင်း ရင်ကြားစေ့ရေး မလုပ်နိုင်ကြဘူးလား။ မလုပ်ချင်ကြဘူးလား။ ဘာဖြစ်လို့လဲ။

ကျနော်အမြင်မှာတော့ အနီးဆုံးလူနဲ့ အရင်ဆုံးရင်ကြားစေ့ရေး လုပ်သွားကြရင် သဘာဝပိုကျတယ် ထင်ပါတယ်။ ကျနော်ဆိုလိုချင်တာကတော့ ကျနော်တို့ကို ကျနော်တို့ ပိုအင်အားရှိလာအောင် ပိုလို့ကြီးမားကျယ်ပြန့်တဲ့ စုရုံးမှုတွေဖြစ် လာအောင်လုပ်ဖို့ပါဘဲ။ ကိုယ်နဲ့ပို ပြီးနီးစပ်တဲ့သူ ပိုတူတဲ့သူတွေ နဲ့တော့ ညီညွှတ်ရေးမလုပ်နိုင်ဘူး၊ ရင်ကြားစေ့ရေး မလုပ်နိုင်ဘူး အာဏာကိုင်ထားပြီး အားလုံးကို ဆန့်ကျင်နေတဲ့ နအဖနဲ့တော့ ရင်ကြားစေ့ရေး လုပ်ချင်တယ်ပြောနေ တာဟာ ကျနော့အမြင်တော့ အဓိပ္ပါယ်တမျိုးဖြစ်နေပါတယ်။

ကျနော်တို့က ကိုယ့်ကိုကိုယ်ကြီးအောင်မလုပ်ခဲ့ကြပါဘူး၊ သေးအောင်လုပ်ခဲ့ကြပါတယ်။ အဆင့်ဆင့် အမျိုးမျိုးခွဲခြားတဲ့ ကွဲပြားတဲ့နည်းတွေနဲ့ ကိုယ့်ကိုကိုယ် သေးငယ်ကျဉ်းမြောင်းပြီး အထီးကျန်အောင်လုပ်ခဲ့ကြတယ်။ တကယ်ဆို စစ်အစိုးရ ကိုဆန့်ကျင်သူခြင်း စည်းရုံးပူးပေါင်းကြရမှာအစား ငါတို့က ၈၈ မျိုးဆက်တွေ သူတို့က ၇၄- ၆၂ ဆိုပြီးခွဲခဲ့တဲ့ အပြင်၊ နဲနဲ နောက်ကျပြီးမှ ထွက်လာသူတွေကိုတောင် သူတို့က ၉ဝ ခုနှစ်သမားတွေလို့ဆိုခဲ့တယ်။ တချိန်တည်း တနေ့တည်းမှာ ရှိနေတဲ့သူချင်းတောင် ငါတို့က တော်လှန်ရေးသမား သူတို့က နိုင်ငံရေးသမားဆိုပြီး ခွဲတယ်။ ကိုယ့်ပြည်သူနဲ့တသား တည်းဖြစ်အောင် စည်းရုံးရမဲ့အစား၊ နေရမဲ့အစား ငါတို့က တော်လှန်ရေးနဲ့လာတာ သူတို့က စီးပွားရေးနဲ့လာတာဆိုပြီင်္း ခွဲသေးတယ်။ မတူမညီမှုတွေကို အသိအမှတ်ပြုရမှာ မှန်ပေမဲ့ ပြိုပီးကြီးထွားအင်အားများလာဖို့တော့ တူတာရှာပြီး ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းကြမှ ကိုယ်ကအများစုဖြစ်လာမှာ အင်အားများလာမှာပေါ့၊ ကျနော်တို့တလျှောက်လုံးမှာ လုပ်ခဲ့တာတွေမှာ အများအားဖြင့် အင်အားကြီးလာဖို့ အကျယ်အပြန့် စုရုံးမှုတွေဖြစ်လာဖို့ မဟုတ်ခဲ့ဘဲ၊ အင်အားသေး သွားအောင် ကျဉ်းမြောင်းကြုံလှီသွားအောင် လုပ်ခဲ့သလိုဘဲ ဖြစ်နေပါတယ်။

ဗမာတွေက သိပ်ပါးနပ်ကြတယ်- ဥာဏ်ရည်ကောင်းကြတယ်။ မြင်လွယ် သိလွယ်တယ်လို့ ထင်ကြပြောကြတယ် မှန်သင့် သလောက်လဲမှန်ပုံပေါ်ပါတယ်။ ဒါပေမဲ့ - - -

၈၈ အရေးတော်ပုံကြီးက တကယ်ဘဲကြီးမားပြောင်မြောက်တာပါ လူထုလှုပ်ရှားမှုတော်လှန်ရေးအချိန်ကလဲ အများကြီး မြင့်မားခဲ့တာပါ၊ အဲဒါကြောင့်ဘဲ ဒီမိုကရေစီအရေးက မကြာမတင်ဆိုတာလို မြေကြီးလက်ခတ်မလွဲ အောင်ပွဲခံတော့ မလိုဘဲ။ ဒီ ၈၈ အရှိန်အဟုန်ကြီးနဲ့ အဖြစ်အပျက်အခြေအနေကို သစ္စာဖေါက်တွေက ကောင်းကောင်းအခွင့်အရေးယူ အသုံးချသွားခဲ့ကြပါတယ်။ တော်လှန်ရေးအောင်ပွဲခံနိုင်ဖို့ အာရုံစိုက်ကြိုးပမ်းရမဲ့အစား ကိုယ့်ရဲ့အဆင့်နေရာတိုးတက် ကောင်းမွန်ပြီး ခေါင်းဆောင် ( ငါလုပ်သော တော်လှန်ရေး) ဖြစ်ရေးကို လုပ်ခဲ့ကြသည်။ ဒီမိုကရေစီအရေးတော်ပုံကြီး အောင်ပွဲခံနိုင်ရေး အားစိုက်ကြရမဲ့အစား ခေတ်ပျက်မှာ သူဌေးဖြစ်ဖို့ ကြိုးစား နေခဲ့ကြသည်။ ဒီလိုနည်းနဲ့ လူပါးလူနပ် လုပ်ခြင်းများက ကျနော်တို့ရဲ့အမျိုးသားရေးကို သစ္စာဖေါက်ခဲ့ကြသဖြင့် ခုတော့ တမျိုးသားလုံးဆုံးရှုံးကာ ကျဆုံး အမျိုးသားတိုင်းပြည်ဖြစ်တော့မည်။ ဒါကိုကျော်လွှားနိုင်ဖို့ အမျိုးသားရင်ကြားစေ့ရေး၊ တမျိုးသားလုံးစည်းလုံးညီညွတ် ရေးလုပ်နိုင်မှဖြစ်မည်။

ဒီအမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ အာဏာယစ်မူးလို့ ဆန့်ကျင်ဖေါက်ပြန်နေတဲ့ နအဖကို ထဲ့တွက်လို့ မရတော့ဘူး ထားပါတော့။ ဒီအမျိုးသားပြန်လည်ရင်ကြားစေ့ရေးထဲမှာ ကွန်မြူနစ်တွေ မပါရဘူးလား၊ ကွန်မြူနစ်တွေမပါဘဲနဲ့ အလုပ် ကောဖြစ်ပါ့မလား၊ ဒီမိုကရေစီဘက်သားတွေ ဆိုသူတွေက၊ အမေရိကန်နှင့် အနောက်နိုငံသားတွေ၊ အိန္ဒိယအပါဝင်ကို ဆွဲဆောင်ဖို့ နည်းလမ်းတခုအနေနဲ့ တရုတ်ကြီးထွားလာမှုကို အန္တရာယ်အဖြစ် လက်ညိုးထိုးပြနေခဲ့ရင် ----

ဗကပတွေနဲ့ လက်ဝဲသမားတွေကလဲ တရုတ်ရဲ့ အားပေးထောက်ခံမှုကိုရဖို့အတွက် အမေရိကန်ရဲ့ ကမ္ဘာပါတ်လွှမ်းမိုးရေး ရည်မှန်းချက်အန္ဒရာယ်ကို လက်ညိုးထိုးနေမယ်ဆိုရင်- - - ကြားထဲက အမြတ်ထွက်နေမှာက နအဖ စစ်အုပ်စုဘဲဖြစ် တယ်။ ဒါက ဥပမာ ခပ်ကြီးကြီးကို ပေးတာပါ၊ လူတဦးခြင်းအဆင့်အထိ ကိုယ့်ကိုကိုယ်ကောင်းအောင်လုပ်ဖို့ထက် သူတပါးကို မကောင်းကြောင်းပြောနိုင်ဖို့ အားစိုက်နေကြရင် စည်းရုံးရေးလုပ်ဖို့ ပိုပိုခက်လာနေမှာပါ။ အဲဒါကြောင့် တဖွဲ့ ကိုတဖွဲ့၊ တဦးကို တဦး တိုက်ခိုက် နှိပ်ကွပ်တာ၊ ကန့်သပ်တားဆီးထားဖို့ ကြိုးစားတာတွေကို ရပ်လိုက်ကြဖို့ လိုပါတယ်။

ခေါင်းဆောင်ကြီးငယ်များက နံပါတ် ၁ ခေါင်းဆောင် ဖြစ်ဖို့ အိမ်မက်တွေကို ခနဘဲဖြစ်ဖြစ် စွန့်လွှတ်ပြီးတော့ ရောက်တဲ့ နေရာက လက်တကမ်းအမှီမှာရှိတဲ့ အလုပ်တွေကို အကျအန စပြီးဦးဆောင်မှုပေးကြရင်တော့ အခြေခံတွေဟာ စပြီး ဖွံဖြိုးလာနိုင်စရာ ရှိပါတယ်။ နယ်ပါယ်အသစ်တွေ၊ လုပ်ငန်းအမျိုးအစားသစ်တွေ၊ ဦးဆောင်မှုအသစ်တွေကို အသိအမှတ် ပြုကြရပါ မယ်။ (ဥပမာ -- - ကော်လိုရာဒိုရောက် မြန်မာနိုင်ငံသားများအသင်း၊ အခမဲ့ကျမ္မာရေးစစ်ဆေးမှု၊ နှင့် ဦးဆောင် ဦးရွက်ပြုခဲ့သူ ဦးတင်ထွန်း။ ဆစ်ဒနီက မြန်မာလူမျိုးစုအဖွဲ့၊ ဗမာစာသင်ကျောင်း နဲ့ ဒေါက်တာသန်းနိုင်) အများကြီးရှိမှာ ပါ။ ဒီဖွံ့ဖြိုးတိုးတက်မှုကို အလုံအလောက် တိုးချဲ့နိုင်တယ်ဆိုရင် ကျနော်တို့ ဗမာနိုင်ငံအရေးလှုပ်ရှားမှုနဲ့ အနာဂတ် ပြည်ထောင်စုတည်ဆောက်ရေးကို အများကြီး အကျိုးသက်ရောက်မှု ဖြစ်လာမှာပါ။ အပြောင်းအလဲတွေဖြစ်လာအောင် လဲ အများကြီးစေ့ဆော်လာပါလိမ့်မယ်။

လက်ရှိမှာကို လုပ်နေကိုင်နေကြတဲ့ လုပ်နိုင်ကိုင်နိုင်ရှိကြတဲ့ ခေါင်းဆောင်ကြီးငယ်များကို၊ ညီညွှတ်ရေးလုပ်နိုင်ရင် တော်လှန်ရေးတိုးတက်အောင် လုပ်နိုင်လိမ္မယ် ဆိုတဲ့ အယူအဆနဲ့ ကြိုးစားခဲ့ကြတာလဲ အမျိုးမျိုး၊ အကြိမ်ကြိမ်ပါဘဲ မအောင်မြင်သေးပါဘူး။ ခေါင်းဆောင်တွေကွဲရင် အဖွဲ့တွေကွဲတဲ့ အတွေ့အကြုံကတော့ အများကြီးရှိပြီးပါပြီ။ ခေါင်းဆောင်တွေ စည်းလုံးသွားကြပြီး အဖွဲ့တွေ ပေါင်းစည်းသွားကြတဲ့အတွေ့အကြုံလဲ လုံးဝမရှိခဲ့ကြတာတော့ မဟုတ် ပါဘူး။ ၈၈ - အရေးအခင်းအပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် ထွက်လာကြတော့ စခန်းအသီးသီးရောက်ပြီး ကွဲပြားနေရာက အေဘီအက်စ်ဒီအက်ဖ်ကို စုရုံးပေါင်းစည်းတည်ထောင် နိုင်ခဲ့ကြတာပါဘဲ။ ခုချိန်မှာရှိနေတဲ့ အကွဲမျိုး နဲ့တော့ မတူဘူးပေါ့လေ။ စုစည်းတည်ဆောက်ချင် တဲ့ အဖွဲ့အစည်း ယန္ဒယားခြင်းလဲ မတူတာတော့ ရှိတာပေါ့။

ကမ္ဘာ့ တခြားနေရာတွေက နည်းနာတွေ အဖြစ်အပျက်တွေကို လက်လှမ်းမှီသလောက် လေ့လာကြည့်တော့ ယူကေက ပါလီမန်ဒီမိုကရေစီမှာ နိုင်ငံရေးပါတီတွေသုံးတဲ့ Shadow Cabine ကို စိတ်ဝင်စားမိပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင် ကြီးငယ်တွေ၊ လူတော်တွေကို ဗြိတိသျှပါလီမန်ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေရဲ့ ရှဲဒိုးကက်ဘိနက် ညှိနိုင်းမှုမျိုးနဲ့များ စုစည်းကြရင် နအဖ စစ်အစိုးရရဲ့ ယန္တယားကို ယှဉ်နိုင်လောက်တဲ့ ဖက်ဒရယ်အစိုးရ ယန္တယားကို စုရုံးတည်ဆောက်လို့ ရမလားလို့၊ ကြံဆကြည့်မိပါတယ်။ ခေါင်းဆောင်ကြီးငယ်တွေ အနေနဲ့ကတော့ ငါနဲ့ ညီညွှတ်ချင်ရင် ငါ့အောက်ကိုဝင်၊ ငါ့နောက်ကလိုက် ဆိုတဲ့အယူအဆ အပြုအမူမျိုးကို စွန့်လွှတ်ပြီး၊ အားလုံးရဲ့အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်သင့်ပါတယ်။ ဒီနေရာမှာ အလျှင်းသင့်လို့ ဆရာမ ဒေါ်ခင်မမမျိုးရေးတဲ့ နိုင်ငံတကာ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုသမိုင်းကြောင်း ဆိုတဲ့ဆောင်းပါးထဲက စာတချို့ကို ကောက်နုတ် တင်ပြချင်ပါတယ်။

(
အက်လီဇဘက်ဟာ ၁၉၅၁ ခုနှစ်မှာ အန်တိုနီဆိုတဲ့ အမျိုးသမီးတဦးကို စတင်တွေ့ဆုံခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အတွေးအခေါ်နဲ့ ယုံကြည်ချက်တူညီတဲ့အတွက် တဦးနဲ့တဦး ကူညီထောက်ခံတဲ့ ဘ၀ တသက်တာ မိတ်ဆွေများအဖြစ် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြပါတယ်။ အန်တိုနီက ဖွဲ့စည်းတည် ဆောက်ရေးနဲ့ မဟာဗျူဟာ ရေးဆွဲရေးတွေမှာ အားသာချက်ရှိပါတယ်။ အက်လီဇဘက်မှာ လူထုဟောပြော မှုနဲ့ စည်းရုံးရေးစွမ်းရည်တွေမှာ အားသာချက်ရှိပါတယ်။

လှုပ်ရှားမှုတခုမှာ ဒီစွမ်းရည်တွေက အရေးကြီးဆုံး ဖြစ်ပါတယ်။ စင်ပေါ်မှာ ကပြရတဲ့အရည်အချင်းတွေနဲ့ စင်နောက်မှာ ဇာတ်ညွှန်းရေးဆွဲရတဲ့အရည်အချင်းတွေလို့ အတိုချုံးဆိုနိုင်ပါတယ်။ လူ့စိတ်ဆိုတာကလဲ အတော်ရှုပ်ထွေးပါတယ်။ လူအများက စင်ပေါ်မှာကပြရင်း ရလာမယ့်ကျော်ကြားမှုတွေ၊ လက်ခုပ်သံ တွေကို လူမသိ၊ သူမသိနဲ့ စင်နောက်မှာနေပြီး ကိုယ့်ဇာတ်ညွန်းအောင်မြင်သွားလို့ ပျော်ရွှင်တဲ့ပီတိ အရသာ တွေထက် ပိုပြီးနှစ်သက်တတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ မင်းသားကြီးမလုပ်ရလို့ ပတ်မထိုးဖောက် သူတွေ၊ စင်ပေါ်မရမနေ ကုတ်ကပ်တက်သူတွေ၊ တစင်ထောင်သူတွေများလာပြီး လှုပ်ရှားမှုစင်လဲ ပြိုလဲ တော့တာပါပဲ။ စင်ပေါ်က အရည်အချင်းနဲ့ စင်နောက်က အရည်အချင်းရှိသူတွေ ဟန်ချက်ညီ လက်တွဲမိနိုင် ဖို့ အလွန်ပဲအရေးကြီးပါတယ်။ ဒါဟာ လှုပ်ရှားမှုတိုင်းရဲ့ အသက်သွေးကြောပါပဲ။
) ခင်မမမျိုး

အချုပ်အနေနဲ့ ပြောလိုတာက စင်အောက်က ကန့်လန့်ကာနောက်က လုပ်ပေးရင်းနဲ့ ဖြစ်သင့်တာတွေ ဖြစ်စေချင်တာ တွေ၊ အောင်မြင်ဖြစ်မြောက်လာတာကြည့်ပြီး ပျော်ရွှင်နှစ်သက်ကျေနပ်နေတတ်သူတွေ ရှိတယ်ဆိုတာကို ခေါင်းဆောင် ကြီးများက ယုံကြည်စိတ်ချစွာနဲ့ စုရုံးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်ခံဖို့ပါ။ ဒါနဲ့တင် လုပ်ငန်းတွေ တော်ကြီး မြန်မြန်ဆန်ဆန် တဆင့်တိုးသွားနိုင်ပါတယ်။ ကျနော်တို့ရဲ့ အရည်အချင်းတွေကို ကျနော်တို့ ရိုးရိုးသားသားပွင့်ပွင့် လင်းလင်း အသိမှတ်ပြုပြီး အားလုံးရဲ့ အနာဂါတ်အတွက် ပေါင်းစည်းကြပါစို့။

ကောင်းမွန်သော အနာဂတ်ကို မျှော်လင့်လျှက်

 

ဗလ

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views