အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ဆောင်းပါး

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

လေးငယ်
နိုဝင်ဘာ ၁၄ ၊၂၀၀၉။

၁၊၊ မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်၊၊
အဲဒီလိုရပ်စဲနိုင်အောင်၊ အဖွဲ့အစည်းတွင်းမှာလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ရပါတယ်၊၊ အထူးသဖြင့် ဟိုအချိန်မှာ ဥက္ကဌဖြစ်ခဲ့တဲ့ နိုင်ရွှေကျင်က ဗဟိုကော်မီတီအဖွဲ့အပေါ် များစွာဖိအားပေးခဲ့ပါတယ်၊၊ ဤကဲ့သို့ဖိ အားပေးရလောက် အောင်ကလည်း၊ မွန်ပြည်သစ်ပါတီအပေါ် ဖိအားပေးနိုင်လောက်တဲ့ နိုင်ငံအဖွဲ့အစည်း တွေကြောင့်လည်း ဖြစ်နိုင်ခဲ့သလို ပါတီတွင်းပဋိပက္ခကြောင့်လည်း ဖြစ်နိုင်ပါတယ်၊၊

၂၊၊ ဤသို့ဖြစ်ခဲ့ရသည်မှာ အထူးသဖြင့် ဟိုအချိန်က ခေတ်စားနေတဲ့ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ပေါ်လစီဖြစ်တဲ့ စစ်မြေပြင် ကနေ စီးပွားရေးဈေးကွက်အဖြစ်ကို ပြောင်းချင်တဲ့ပေါ်လစီကြောင့် လည်းဖြစ်နိုင်ပါတယ်၊၊ မည်သို့ပင်ဆိုစေ၊ နောက်ဆုံး တော့ အပစ်အခတ်ရပ်စဲခဲ့ရပါတယ်၊၊ ဤအချိန်ကစပြီး၊ ထိုင်းနိုင်ငံနှင့် စစ်အစိုးရကြားစီးပွားရေးနဲ့ နိုင်ငံရေးဆက်ဆံမှု တွေဟာ တနေ့ထက်တနေ့ ပိုမိုများပြားလာခဲ့ပါတယ်၊၊ ကနေ့ဆိုရင်နေ့စဉ် ဒေါ်လာသန်းနဲ့ချီပြီးတော့ စီးပွားဖြစ်နေကြ ပါပြီး၊၊ ဤသည် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ရဲ့ အပစ်အခတ် ရပ်စဲရေးကြောင့် မဟုတ်ပေမဲ့ အဲဒီပေါ်လစီကြောင့် ထိုင်းမြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရဲ့ တိုးတက် လာတဲ့ပြယုတ်ဆိုရင် မှားမှာမဟုတ်ပါဘူး၊၊

၃၊၊ ဤကိစ္စသည်၊ နယ်စပ်မှာရပ်တည်နေရတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ အားနည်းနေတဲ့ အနှစ်ချုပ်အခြေ အနေပင်ဖြစ်ပါတယ်၊၊ ဒီအားနည်းချက်တွေကို နအဖကလည်းသိသလို အသုံးလည်းချနေပါ တယ်၊၊ တကယ်တော့ မွန်ပြည်သစ်ပါတီဟာ၊ စစ်အစိုးရရဲ့အခြေခံဥပဒေ၊ ရွေးကောက်ပွဲနဲ့ ပြည်ထောင်စုအပေါ် နအဖကထားရှိတဲ့ သဘောထား တွေကို လက်ခံတဲ့အဖွဲ့အစည်းမဟုတ်သလို အခုဆိုရင်လည်း၊ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး၊၊ ဒါဆိုရင် မွန်ပြည်သစ်ပါတီကို နအဖ ကဘယ်လို မျိုးသတ်လျို ဖြိုခွဲကြမှာလဲ-

၎၊၊ ဒါကိုလည်း မွန်ပြည်သစ်ပါတီက သတိကြီးစွာစောင့်ကြည့်နေပါတယ်၊၊ မွန်ပြည်သစ်ပါတီဟာ အပစ်အခတ်ရပ်စဲရေး ကို  ရရင်ရချင်း၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ စစ်အစိုးရကို အမြဲတမ်းတောင်းဆိုခဲ့ပါတယ်၊၊ စစ်အစိုးရကကျင်းပတဲ့ အမျိုးသားညီလာခံကိုလည်း တခြားတိုင်းရင်းသားတွေနဲ့အတူ (၂ဝဝ၄)ခုနှစ်မှာ တက်ရောက်ဆွေးနွေးခဲ့ပါတယ်၊၊ စစ်အစိုးရကလည်းဘဲ “ကျနော်တို့ဟာ စစ်အစိုးရသာဖြစ်တယ်၊ ဘာမှ မဆုံးဖြတ်နိုင်ပါဘူး၊ ဒါကြောင့် နောက်ပေါ်လာမဲ့ အစိုးရနဲ့သာ ဆက်ဆွေးနွေးပါဆိုပြီး” တစိုက်မတ်မတ် ပြောလာနေခဲ့ပါတယ်၊၊

၅၊၊ ကနေ့မှာတော့ စစ်အစိုးရဟာ မွန်ပြည်သစ်ပါတီအပေါ် နယ်ခြားစောင့်တပ်ပြောင်းဖို့ ဖိအားပေးလာနေပါတယ်၊၊ မွန်ပြည်သစ်ပါတီကလည်း တချိန်ကစစ်အစိုးရက တွင်တွင်ပြောလာခဲ့တဲ့ စကားကိုဘဲပြန်လည် အသုံးချနေပါတယ်၊၊ “ကျနော်တို့မွန်ပြည်သစ်ပါတီဟာ နောက်တက်လာမဲ့အစိုးရနဲ့သာ နိုင်ငံရေးအရ ဆက်ဆွေးနွေးချင်ပါတယ်လို့” ခပ်တွင် တွင်ဘဲ တုန့်ပြန်နေခဲ့ပါတယ်၊၊ ဒါကြောင့်မွန်ပြည်သစ်ပါတီဟာ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေလို အကြပ်ကိုင်ခံရ ပေမဲ့လည်း အရှေ့တောင်းတိုင်း တိုင်းမှုးအဆင့် ဆွေးနွေးပွဲလောက်ကတော့ ပန်းပန်လျက်ဘဲလို့ ပြောနိုင်ပါတယ်၊၊ ဒါပေမဲ့လည်း—

၆၊၊ အပစ်အခတ်ရပ်စဲရေးအစတုန်းကဆိုရင် မွန်ပြည်သစ်ပါတီဝင်တွေကို မူးရစ်ဆေးဝါးကုန်ကူးမှုနဲ့ ပါတ်သက်လာနိုင် အောင်၊ ပုံစံအမျိုးမျိုးနဲ့ လှည့်ကွက်ဆင်ပြီး မှိုင်းတိုက်ခဲ့ပါတယ်၊၊ မွန်ပြည်သစ်ပါတီကလည်း၊ မူးရစ်ဆေးဝါးကုန်ကူးမှုနဲ့ ပါတ်သက်လာတဲ့ပါတီဝင်တွေကို ပြင်းပြင်းထံထံအရေးယူခဲ့ပါတယ်၊၊ ဒါကြောင့် ကနေ့ဆိုရင် မွန်ပြည်သစ်ပါတီကို မူးရစ်ဆေးဝါးနဲ့နာမည်ပျက်အောင် တံဆိပ်ခတ်လို့မရခဲ့ပါဘူး၊၊ ဒါဆိုရင် နောက်ထပ်ဘာတွေများထပ်ပြီးလုပ်ဦးမှာလဲ-----

၇၊၊ စည်းလုံးညီညွတ်နေတဲ့ မွန်ပြည်သစ်ပါတီကို ဘယ်လိုမျိုးရိုက်ချိုးနေတာလဲ------- မွန်ပြည်သစ်ပါတီကို စစ်ရေးအရ အရေးယူလာနိုင်မလား----  အပစ်အခတ်မရပ်စဲခင် အခြေအနေမျိုးတုန်းက တိုင်းရင်းသားတွေရဲ့ အားနည်းနေတဲ့ အချက်ကို ပြန်လည်အသုံးချမှာလား----- အသုံးချခဲ့ရင်ဘာတွေဖြစ်လာနိုင်မှာလဲ-------- စတဲ့စတဲ့ အကြောင်းအရာတွေ ကိုတော့ ရှေ့အပတ်တွေမှာ အားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်၊

 

လေးငယ်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views