အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန
ဆောင်းပါး

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ထိုက်သူနိုင်
နိုဝင်ဘာ ၁၃ ၊၂၀၀၉။

မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်းကျမက လူတွေကို ဘာလို့ ဒီမိုကရေစီကို လိုချင်တာလဲလို့ မေးကြည့်မိပါတယ်။ မကြာခဏဆိုသလို အကြားရဆုံးအဖြေကတော့ ကျနော်တို့ကျမတို့ လွတ်မြောက်ချင်လို့ဆိုတာပါပဲ။ သူတို့အကျယ်ချဲ့ပြီး မပြောရဘဲ သူတို့ဘာပြောတယ်ဆိုတာ ကျမနားလည်ပါတယ်။ သူတို့ ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင်ပုံဖော်ဆုံးဖြတ်ခွင့် မရှိဘဲ ဖိနှိပ်ခံနေရတာက လွတ်မြောက်လိုချင်ကြပါတယ်။ လက်နက်အင်အားအခြေခံတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှုတွေ အောက်မှာ ရောက်နေရတဲ့ သူတို့ရဲ့နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်တွေကိုမလိုချင်ကြတော့ပါဘူး။ လူငယ်တွေကို ကျမက လွတ်လပ်ခြင်းဆိုတာဘာလဲလို့ မေးကြည့်တဲ့အခါ သူတို့ ကသူတို့စိတ်ထဲရှိတာတွေကို ရှိတဲ့အတိုင်း ရင်ဖွင့်ပြောပြချင် တာလို့ ဆိုပါတယ်။ သူတို့အသိဉာဏ်ပညာရဲ့ စိန်ခေါ်မှုကိုဖြည့်ဆည်းမပေးနိုင်တဲ့ ပညာရေးစနစ်အပေါ် မကျေနပ်ချက် တွေကို သူတို့ ထုတ်ဖော်ပြောလိုကြပါတယ်။ ဝေဖန်၊ဆွေးနွေး၊ ငြင်းခုံနိုင်သူတွေ ဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာပေးနိုင်ဖို့ ထောင်သောင်းသိန်းမကစုဝေးနိုင်သူတွေဖြစ်လိုကြပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေဟာ ကျယ်ပြန့်လွန်းတဲ့ မျှော်လင့်ချက်တွေနဲ့ အံမခန်းမှုတွေပြည်နေတဲ့ လူငယ်ဘဝရဲ့ နိုးကြား တက်ကြွတဲ့ အရွယ်တွေကို အပြည့်အဝပိုင်ဆိုင်ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊ တောက် ပခမ်းနားမှုနဲ့ ဖီလာဆန့်ကျင်မှုတွေ ကြမ်းတမ်းခက်ထန်မှုနဲ့သိမ်မွေ့မှုတွေ တန်းစီပြည့်နေတဲ့ လူငယ်ဘာဝကို အပြည့်အဝ ရယူလိုကြပါတယ်။

မြန်မာအမျိုးသမီးတွေအနေနဲ့ရော ဘာတွေလိုအပ်ပါသလဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဖိစီးမှုဒဏ်ကြောင့် အားပျက်ငြီးငွေ့ လောက်အောင် အိမ်မှုထိန်းသိမ်းနေရတဲ့ ဘဝက လွတ်မြောက်ချင်ကြပါတယ်။ လွတ်လပ်စွာ တွေးတောကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေးအရေးယူခံရမလား ဒါမှမဟုတ် ကလေးတွေများဘဝရဲ့ အခွင့်အလမ်းတွေ ဆုံးပါးသွားမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ကင်းလွတ်ချင်ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ်ကို ရင်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့ တောင့်တနေကြတဲ့အမျိုးသမီးတွေလည်း တော်တော်များများ အများကြီးကိုရှိပါတယ်။

ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမားယာသမားတွေဆိုရင် သူတို့ ဆန္ဒအတိုင်း စိုက်ပျိုးထွန်ယက်ချင်ကြတယ်။ မတော်မတရား ဈေးနှိမ်ခံရပြီး အစိုးရကို မရောင်းမနေရ ခြိမ်းခြောက်ခံရတာမျိုးတွေက ကင်းလွတ်ပြီး သူတို့ထွက်ကုန်တွေကို ကိုယ့်ဆန္ဒ နဲ့ကိုယ် ဈေးကွက်တင်ရောင်းချလိုကြပါတယ်။

သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်သူတွေပါ။ ဒီလိုကြမ်းတမ်းတဲ့ ဘဝတွေအပေါ်မှာ ကျိုးကြောင်း မဆီလျော်တဲ့ အမိန့်တွေနဲ့ နာလည်ရခက်တဲ့ အာဏာပိုင်တွေကြောင့် နောက်ထပ် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင် ကြတော့ပါဘူး။

ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ ဝင်တွေ ကျမတို့ ရောလို့ မေးစရာရှိပါတယ်။ ဘာလို့ကျမတို့တတွေ တိုင်းပြည် လွတ်မြောက်ဖို့ခက်ခက်ခဲခဲ လုပ်ကိုင်နေပါသလဲ။ ဒီလိုလုပ်ကိုင်နေတာဟာ ဒီမိုကရေစီအပေါ် မရေမရာနဲ့ အကောင်းမြင် မျှော်လင့်ပြီး ထင်ရာလုပ်ကိုင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ သူရဲ့တောက်ပမှုကို ကြာရှည်ထိန်းနိုင်အောင် အမြဲတစေအရောင်တင်ပေးရတဲ့ ရတနာတပါးဖြစ်တယ်ဆိုတာ ကျမတို့သိပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ အခိုးခံရတာတွေ မဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေရပါလိမ့်မယ်။ လွတ်လပ်တဲ့ မြန်မာပြည် ကသာ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့နိုင်ငံတည်ထောင်နိုင်မှာမို့ လွတ်မြောက်ရေးအတွက်က ကျမတို့တတွေ ပင်ပင်ပန်းပန်းကြိုးစားနေကြတာဖြစ်ပါတယ်။

တိုင်းပြည်တဝန်းလှည့်လည်သွားတဲ့အခါ လူတွေက ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေမှာ ဘယ်လိုခံစားရ သလဲလို့ မေးကြပါတယ်။ ပထမအကြိမ် ခြောက်နှစ်နဲ့ ဒုတိယအကြိမ် ဆယ်ကိုးလ ကျမနေခဲ့ရပါတယ်။ မိသားစုမိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ခွဲခွာပြီး ကျမဘယ်လိုနေခဲ့သလဲပေါ့။ မေးမှမေးကြ ပလေတယ်။ ဒီအာဏာရှင်နိုင်ငံမှာ ယုံကြည် ချက်အတွက် အကျဉ်းချခံရသူကသာ အမှန်တကယ် လွတ်လပ်သူဖြစ်တယ်လို့ ကျမကပြန်ဖြေပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ ရဲ့ သာမန်ဘဝလွတ်လပ်ခွင့်တွေကို ပေးဆပ်ထားရတယ်။ ဒါပေမဲ့ လူသားဘဝရဲ့ တန်ဖိုးအရှိဆုံးဖြစ် တဲ့ ယုံကြည်ချက်အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံရပ်နေခဲ့ကြပါတယ်။ ဒီမှာပြည်သူလူထုအတွက် ကျမအလိုချင်ဆုံး ကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်ကို အာမခံကာကွယ်ပေးနိုင်ဖို့ နဲ့ အမှန်တကယ် လုံလုံခြုံခြုံကာကွယ် ပေးနိုင်ဖို့အတွက် လွတ်လပ်ခွင့် ပါပဲ။

ကြောက်ရွံ့မှုရဲ့ နုံးချည့်သေးသိမ်စေတဲ့ အနှောင်အဖွဲ့တွေကို ဖယ်ရှားပြီး မြန်မာပြည်သူတွေဟာ လွတ်လပ်တဲ့လူသားတွေ အဖြစ် ခေါင်းမော့ဂုဏ်ယူနိုင်သူတွေ ဖြစ်လာမှာကို ကျမတွေ့မြင်လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီးပျော်ဖို့ကောင်း တဲ့လုံခြုံမှုလည်း ပိုရှိတဲ့လူ့ ဘောင်ဘဝကို တည်ဆောက်ဖို့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်ကြိုးပမ်းကြတာကို ကျမ တွေ့မြင်လိုပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အနာဂတ်ကိုတက်လှမ်းပြိးကြုံလာ ရမဲ့ စိန်ခေါ်မှုအားလုံးကိုရင်ဆိုင်ဖို့ သူတို့ရဲ့တန်ဖိုးရှိတဲ့စိတ်ဓာတ်တွေ မြင့်မားနေတာကို ကျမတွေ့မြင်လိုပါတယ်။ ဒီတိုင်း ပြည်ဟာ ဒီမြေကိုချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာသေခဲ့သူအားလုံးအတွက် ထိုက်တန်တဲ့ တိုင်းပြည်အဖြစ် ဘိုးဘွားအမွေ အနှစ်အတွက် ဂုဏ်ယူရပြီလို့ လည်း ကျမပြောပြချင်ပါတယ်။ ဒါတွေဟာစိတ်ကူးယဉ်အိပ်မက်တွေ မဟုတ်ပါဘူး။

ဒါတွေအားလုံး ပြည်သူလူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲမုချရရမယ် ဆိုတဲ့ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကျမတို့အားလုံး နှစ်နဲ့ချီကြိုးပမ်းလုပ်ဆောင်နေတာတွေရဲ့ ပကတိ ဦးတည်ရာပဲဖြစ်ပါတယ်။

(ဝါရှင်တန်ပို့စ် သတင်းစာနှင့်တွဲထွက်သည့် မတ်လ (၉)ရက်နေ့ထုတ် Parade သတင်းစုံမဂ္ဂဇင်းတွင်မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရေးသားသည့် All We want is Our Freedom “ လွတ်လပ်မှုကိုပဲ ကျမတို့ လိုချင်တယ် ” ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆိုတင်ပြထားသည်။ )

 

ထိုက်သူနိုင်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views