အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို

ချစ်စု
မေ ၈၊ ၂၀၀၉။

-စစ်အစိုးရသည်၊ ပြည်သူ့ထံအာဏာမလွှဲရေးမူကို ခိုင်မြဲစွာချမှတ်ကျင့် သုံးသူများဖြစ်သည်။ အာဏာမလွှဲရေးသည် ၄င်းတို့၏ သေနင်္ဂမဟာဗျူဟာဖြစ်ပြီး ဤအရေးမှအပ ကျန်သည့်အရေးများ မှန်သမျှသည် သစ္စာဖေါက် ဖျက်ရန်ဝန် မလေးသည့် နည်းပရိယာယ်ပင်ဖြစ်တော့သည်၊၊ ဤသည်ကို သာဓကပြရမည်ဆိုပါက အနီးဆုံးသမိုင်းကိုပြန်ကြည့် ရင်တောင်တွေ့မြင်နေရပါသည်၊၊

(၈၈)အရေးတော်ပုံကြီး၊ ဒီပဲယင်းလူသတ်ပွဲနှင့်သံဃာတော်များ၏ (၂ဝဝ၇)ခုနှစ် ရွှေဝါရောင် တော်လှန်ရေးများကို ပြန်ကြည့်လျှင် ရက်ရက်စက်စက် နှိမ်နှင်းလိုက်သည့် သာဓကကို မြင်နိုင်ပါသည်၊၊ ဤသည် ၄င်းတို့၏ အာဏာကိုထိခိုက်စေမည့် လုပ်ရပ်မှန်သမျှကို အထက်ပါနည်းဖြင့် တန်ပြန်ပြလိုက်ခြင်းဖြစ်ပါသည်၊၊ ဤအဖြစ်များ၏ အရင်းခံသဘောစစ်စစ်သည် ၄င်းတို့၏ မူလဗီဇဇစ်မြစ်၏ စိတ်ရင်းအမှန်အတိုင်းကို ထင်ရှားစွာ မီးမောင်း ထိုးပြထားတာ တွေ့မြင်နိုင်ပါသည်၊၊ တနည်းပြောရမည်ဆိုလျှင် ၄င်းတို့အာဏာကိုယှဉ်လာသမျှ အမြစ်ဖြတ် ချေမှုန်းပစ်သည်ချည်းပါ၊၊ နအဖအပေါ် အမြင်ရှင်းရှင်းနှင့် အာဃာတတရားမဲ့သည့် အမြင်မျိုးနှင့် ကြည့်စေချင်ပါသည်၊၊

- နအဖရေးဆွဲထားသည့် (၂ဝဝ၈) အခြေခံဥပဒေ အတည်ပြုပွဲကို ပြန်ကြည့်စေချင်ပါသည်၊၊ နာဂစ်မုန်တိုင်းကြောင့် လူတွေသိန်းနှင့်ချီ အသက်ဆုံးရှုံးခဲ့ပြီး၊ သန်းနဲ့ချီ အိုးအိမ်မဲ့ဖြစ်သွားရသည့် ပြည်သူ့ဘဝကိုတောင် မငဲ့ကွက်ဘဲ ၄င်းတို့ အကျိုးစီးပွားအတွက်ကိုသာ ရည်ရွယ်ပြီး ၄င်းတို့ဖွဲ့စည်းပုံကို မရမက အတည်ပြုခဲ့သည် မဟုတ်ပါလော၊၊

- နအဖ၏ဆိုးသွမ်းယုတ်မာမှုများသည် ပြောမဆုံးဘောင် တောသုံးတောင်ကိုများလှပါသည်၊၊ ဤသို့ကြောင့် ၄င်းတို့၏ အရင်းခံစေတနာသည်၊ အာဏာမလွှဲရေးပင် ဖြစ်ပါတော့သည်၊၊ ယခုလည်းပြည်သူ့အချစ်တော် ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲသို့ နိုင်ငံခြားသားတဦး လျို့ဝှက်ဝင်ရောက်သည့်ကိစ္စနှင့် ပါတ်သက်ပြီး၊ စစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာမှ ထုတ်ပြန်ခဲ့သည်မှာ ---

--ရန်ကုန်မြို့ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဆောက်အအုံအနီး၊ အင်းယားကန်အတွင်း၌ မသင်္ကာဖွယ်၊ နိုင်ငံခြားသားတဦးသည် (၅)လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် ရေကူးခတ်နေကြောင်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများက ယနေ့နံနက်(မေ ၆) ၅နာရီခွဲတွင် တွေ့ရှိ၍လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့သည်၊၊

-လုံခြုံရေးတာဝန်ရှိသူများ၏ ပဏာမစစ်ဆေးမှုပြုစဉ် ကာယျကံရှင်၏ကိုယ်တိုင် ထုတ်ဖေါ်ဝန်ခံချက်အရဖေါ်ပြပါမသင်္ကာ ဖွယ်နိုင်ငံခြားသားသည် အမေရိကန်ပတ်စ်ပို့-(PP.No-4397677222/28.4.2008) ကိုင်ဆောင်ထားသူ အမေရိကန်
နိုင်ငံသား Mr.John Willian Yeattaw  ဆိုသူဖြစ်ကြောင်း၊ ၄င်းသည်ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ရန်ကုန်မြို့သို့မေ (၂)ရက်တွင်ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်မြို့ဗျူးတီးလန်(၂) ဟိုတယ်တွင်တည်းခိုကြောင်း၊ မေ(၃) ရက် ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဖက်သို့ အင်းလျားကန်မှတဆင့် ရေကူးသွားရောက်ခဲ့ကြောင်း၊ ၄င်းနောက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့တိတ်တဆိတ်လျို့ဝှက် ဝင်ရောက်နေထိုင်ခဲ့ကြောင်း၊ မေ ၅ ရက်ညပိုင်း ချိန်မှသာ အင်းယားကန်အတွင်းမှ ရေကူး၍ပြန်ထွက်လာစဉ် လုံခြုံရေးတပ်ဖွဲ့မှတွေ့ ရှိဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ သိရှိရသည်၊၊---ဟူ၍

- ဤသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲသို့ နိုင်ငံခြားသားတဦး၊ လျို့ဝှက်ဝင်ရောက်ခဲ့သည့် ကိစ္စနှင့်ပါတ် သက်ပြီး နအဖထုတ် မြန်မာ့အလင်းသတင်းစာပါ အချက်အလက်များ ဖြစ်ပါသည်၊၊ ဤနေရာတွင် အမဲရောင်ဖြင့်ဖေါ်ပြ ထားသည့် အချက်နှစ်ချက်မှာ ကွဲလွဲနေပါသည်၊ ဖမ်းဆီးချိန်နှင့် အဖမ်းခံရသည့်အချိန် မတူညီပါ၊၊ နအဖဖက်မှပြော သည်မှာ လုံခြုံရေးအဖွဲ့ တွေ့ရှိဖမ်းဆီးချိန်မှာ မေလ(၆)ရက် နံနက်(၅)နာရီခွဲ ဟုရေးထားပါ သည်၊၊ သို့သော်ကာယကံ ရှင်ကို မေးမြန်းထားသည့်စာပိုဒ်တွင် ကာယကံရှင်က မေ(၅)ရက်ညပိုင်းချိန် တွင်အဖမ်းခံရသည်ဟု ရေးသားထားပြန် ပါသည်၊၊ ထို့ကြောင့် စစ်အစိုးရ၏ လုပ်ဆောင်ချက်က ဤရေးသားချက်ထဲမှာတောင် ကြံကြီးစည်ရာ ဒွိဟပွားစရာဖြစ်နေ ပါသည်၊၊

- ထို့ကြောင့် အငြင်းပွားစရာမရှိသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုကိုခေါင်းဆောင်ပြီး  စစ်အာဏာရှင်စနစ် ကိုတိုက်ဖျက်နေတာပါ၊၊ တနည်းပြောရမည်ဆိုပါက ဤတိုက်ပွဲသည်စနစ်ပြောင်းတိုက်ပွဲဖြစ်ပြီး နအဖ၏စစ်အာဏာကို ပြည်သူထံလွှဲအပ်ပေးခြင်းဖြစ်ပါသည်၊၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီပဲယင်းလူသတ်ပွဲမှာ ချေမှုန်းခဲ့ပြီးပါပြီး၊ အသစ်အဆန်းတော့မဟုတ်ပါ၊၊ ယခုလို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲသို့ နိုင်ငံခြားသားတဦး၊ လျို့ဝှက် ဝင်ရောက် သည့်ကိစ္စလောက်တော့ ပြုံးတာပေါ့၊၊ ဒေါ်အောင်ဆန်းစုကြည်ကို နအဖအတွက် မလိုအပ်တော့သည့် နောက် ဆုံးတနေ့တွင် ၄င်းတို့ကသာ ဧကန်မလွဲချေမှုန်းမည်ဖြစ်ပါသည်၊၊ ဤသို့ကြောင့် ဒေါ်အောင်ဆန်းစု ကြည်၏လုံခြုံရေး သည် စိုးရိမ်စရာမလိုကြောင်း၊ လက်ခုတ်ထဲကရေပင် ဖြစ်ကြောင်းတင်ပြ အပ်ပါသည်၊၊

ချစ်စု

ချစ်စု

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views