အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ခိုင်းနွားများရှား လယ်သမားအခက်တွေ့

လေးငယ်
မေ ၇၊ ၂၀၀၉။

- စက်မှုမထွန်းကားသေးသည့် မြန်မာနိုင်ငံတွင် လယ်သမားများသည်၊ ၄င်းတို့၏လယ်ယာကို ထွန်ယက်စိုက်ပျိုးနိုင်ရန် အတွက် ခိုင်းကျွဲ၊ ခိုင်းနွားများကိုသာ အဓိကအားထားပြီး လုပ်ကိုင်နေခဲ့ကြပါသည်၊၊ သို့သော်ပဲခူးတိုင်း အနောက်ခြမ်းမှ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်မှာတော့ ခိုင်းကျွဲ၊ ခိုင်းနွားများ ရှားပါးလာနေသည့်အတွက် ဒီနှစ် မှာလယ်လုပ်ရန်ကိုပင် လယ်သမားများ အခက်အခဲဖြစ်လာနေကြပါသည်၊၊ ဤသို့ကြောင့် ခိုင်းကျွဲ၊ခိုင်းနွားများ ပေါများခဲ့သည့် ဤဒေသမှာ ဘာကြောင့် ခိုင်းကျွဲ၊ ခိုင်းနွားများရှားပါးလာရပါသလဲ – ဒေသခံလယ်သမားများ၏ လက်တွေ့ရင်ဆိုင်မြင်တွေ့နေရသည့် အခြေအနေကို မေးမြန်းပြီးယခုလိုတင်ပြပါသည်၊၊

- ပထမအကြောင်းရင်းမှာ ရန်ကုန်တိုင်းအတွင်း၊သားငါးဈေးနှုန်းတည်ငြိမ်ရေးနဲ့ အသားထုတ်လုပ်မှုလုံလောက်စွာ ဖြန့်ဖြူး ရောင်းချနိုင်ရေးခေါင်းစဉ်နှင့် ခွင့်ပြုရန် ပဲခူးတိုင်းကိုစာထုတ်ခဲ့သည့်အကြောင်း ဖြစ်ပါသည်၊၊ စာ၏အကြောင်း ရင်းမှာ သာယာဝတီခရိုင်မှ လစဉ်ကျွဲနွားကောင်ရေ (၂ဝဝဝ)ကို ရန်ကုန်တိုင်းစားသုံး ကုန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် ရောင်းချသွားရန် ခွင့်ပြုရမည့်စာဖြစ်ပါသည်၊၊ ဤစာ၏အကြောင်းကို သာယာဝတီခရိုင် ခယကကော်မီတီဝင် များထံမှ သိရပါသည်၊၊

-ဤသို့ဖြင့် သာယာဝတီခရိုင်မှာရှိသည့် ပေါင်းတည်၊ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုစသည့် မြို့နယ်များရှိ ကျေးရွာများတွင်၊ နေ့စဉ် အလှည့်ကျ နွားရောင်းပွဲများစတင်ဖြစ်လာခဲ့ရပါသည်၊၊ နွားရောင်းပွဲများကို ဇီး ကုန်းမြို့နယ်မှာ သောကြာနေ့ သတ်မှတ်ထားသလို၊ ကြို့ပင်ကောက်မြို့နယ်တွင် တနင်္ဂနွေနေ့စသည်ဖြင့် နေ့ခွဲပြီး အလှည့်ကျရောင်းချ နေခဲ့ပါသည်၊၊ ပျှမ်းမျှတရက်ကို နွားကောင်ရေ (၃ဝ)မှ(၄ဝ)အထိ ရောင်းခဲ့ရသည်ဟုဆိုပါသည်၊၊

-နွားရောင်းပွဲအတွက်  သာယာဝတီခရိုင် စည်ပင်သာယာရေးကော်မီတီ၏ စည်းကမ်းသတ်မှတ်ချက်မှာ-

(က) အသက်(၁၆)နှစ်နှင့် အထက် ကြီးသည့်ကျွဲနွားအထီးအမများ ရောင်းနိုင်သည်၊၊

(ခ) ဒါဏ်ရာကြောင့်ဖြစ်စေ၊ ကိုယ်အဂါင်္ချို့တဲ့သည့်အတွက်ကြောင့်ဖြစ်စေ၊ အလုပ်မလုပ်နိုင်သည့် ကျွဲနွားများ၊ ရောင်းနိုင်သည်၊၊

(ဂ) သားမွေးရန်မသင့်တော်သော ကျွဲနွားများ၊ ရောင်းနိုင်သည် ဟူ၍ဖြစ်ပါသည်၊၊

-သို့သော် လယ်သမားများမှာလည်း ဆင်းရဲကြတဲ့အတွက် စည်ပင်စည်းကမ်းဝင်တဲ့ ကျွဲနွားအပိုဆိုလို့နဲလှပါသည်၊၊ သူတို့ရောင်းရမည်ဆိုပါက သူတို့ခိုင်းနေသည့် ခိုင်းကျွဲခိုင်းနွားများကိုသာ ရောင်းရမှာဖြစ်ပါသည်၊၊ တကယ်လက်တွေ့ မှာလည်း ဤအတိုင်းသာဖြစ်နေပါသည်၊၊ ကုန်သည်များကလည်း ဈေးကောင်းရနိုင်မည့် အသားလှသည့် ခိုင်းကျွဲ ခိုင်း နွားတွေ ကိုသာရွေးပြီး ဈေးကြီးပေးဝယ်ယူခဲ့ကြပါသည်၊၊ ခိုင်းကျွဲခိုင်းနွားတကောင် ကိုကျပ်နှစ်သိန်းခွဲကနေ ငါးသိန်း အထိပေးဝယ်နေကြဆဲဖြစ်ပါသည်၊၊ ခိုင်းကျွဲခိုင်းနွား လိုအပ်တဲ့လယ်သမား များမှာမူ ဤဈေးနှုန်းအတိုင်း မတတ်နိုင် သလို၊ စည်ပင်၏ စည်းကမ်းချက်အတိုင်း ရောင်းဝယ်နိုင်ဖို့ အားကိုးပြန် သော်လည်း၊ စီစစ်ရန်တာဝန်ရှိသည့် လေလံ ကျင်းပရေး သမားများက၊ စည်ပင်အဖွဲ့များနှင့်ပေါင်းပြီး၊ စည်ကမ်း ဖေါက်ဖျက်နေကြပါသည်၊၊ ၄င်းကိစ္စမှာ နွားပွဲတွင် ဝင်ရောက် ရောင်းနိုင်ဖို့အတွက် နွားတကောင်စီတိုင်းကို နွာဝင်ကြေးကကျပ်(၂ဝဝဝ)နှင့် နွားရောင်းရငွေထံမှ ကျပ် (၁၅ဝဝ)၊ ပေါင်းကျပ် (၃၅ဝဝ)၊ အားကောက်ခံရမည်ဟု စည်ပင်ကသတ်မှတ်ထားပေးပေမဲ့ လက်တွေ့မှာကျပ်နှစ် ထောင်တိုးပြီး၊ ကျပ်(၅၅ဝဝ)ကို ကောက်ခံခဲ့ပါသည်၊၊

-လယ်သမားအများစုသည်၊ ရာသီဥတုကြောင့် စပါးအထွက်လျော့ခဲ့ရသလို စပါးဈေးကျဆင်းမှုကြောင့်၎င်း၊ ကမ္ဘာ့စီးပွား ရေးကျဆင်းသည့် ဂယက်ကြောင့်၎င်း၊ ကုန်ဈေးနှုန်းကြောင့်၎င်း၊ လယ်အကြွေးများ တင်နေကြပါသည်၊၊ ဤသို့ကြောင့် မတတ် နိုင်သည့်အဆုံးမှာ မိမိမှာရှိသည့် ကျွဲနွားများကိုရောင်းချခဲ့ရပါသည်၊၊ ထို့ကြောင့် တိုးကောက်လိုက်သည့် လေး လံသမားများကြောင့် နေ့စဉ်ကျွဲနွားကောင်ရေ (၄ဝ)မျှ ရောင်းဝယ်နေရ မည်ဆိုပါက လယ်သမားများသည် တနေ့ချင်း မှာကို စည်ပင်ခွန်ကြောင့် ကျပ်(၄)သိန်းမျှ ထပ်မံဆုံးရှုံးနေရပြန်ပါသည်၊၊

-ကျွဲနွားကုန်သည်များကလည်း အမှုဆောင် အရာရှိများ၊ တိမွေးကု၊ မယက၊ ရဲ၊ စည်ပင်ဝန်ထမ်း များနှင့်ပေါင်း နိုင်ဖို့ အတွက်ကျွဲနွားတကောင်ချင်းကို ကျပ်တထောင်မှနှစ်ထောင်အထိ လက်ဆောင်ပေးနေပါသည်၊၊ ထို့ကြောင့် နားလည်မှု ရနေသည့် ကုန်သည်များသည်၊ ရန်ကုန်တိုင်းခွဲတမ်းအပြင် ဤကျွဲနွားများကို ထိုင်းနိုင်ငံ နယ်စပ်အထိလည်း ပို့နေခဲ့ ကြပါသည်၊၊

-ရန်ကုန်တိုင်းအတွက် သားငါးဈေးနှုန်းတည်ငြိမ်ရေးနဲ့ အသားထုတ်လုပ်မှုလုံလောက် စွာဖြန့်ဖြူးရောင်းချနိုင်ရေးမှာ လစဉ် ကျွဲနွားကောင်ရေ(၂ဝဝဝ)ပို့ခဲ့ရသည့်အတွက် နှစ်စဉ်ကျွဲနွားကောင်ရေ (၂၄ဝဝဝ)ထက်မနဲပို့ရမည် ဖြစ်သည်၊၊ ဤအရေအတွက်ဆိုလျှင် ကျွဲနွားကောင်ရေ ပေါက်နှုန်းနှင့် နှိုင်းယှဉ်ပါက ခိုင်းနွားတကောင် ဖြစ်ဖို့ဆိုသည်မှာ နွားထီး ပေါက်လာမှဖြစ်သလို၊ သူ့အသက်(၄)နှစ်အရွယ်ပြည့်မှသာ ခိုင်းလို့ရမှာဖြစ်ပါသည်၊၊ ဤ လုပ်ငန်းခွင့်ပြုချက်သည်လည်း မနှစ်ကတည်းက စတင်ခဲ့သည့်အတွက် သာယာဝတီခရိုင်၏ လက်ရှိအခြေအနေ သည်၊  ခိုင်းကျွဲခိုင်း နွားများ တဖြည်း ဖြည်းရှားပါးလာခြင်းနှင့် ရင်ဆိုင်လာနေရပါသည်၊၊

- လယ်သမားများမှာဤကိစ္စအတွက် သက်ဆိုင်ရာမှ တိတိကျကျ ထိမ်းသိမ်းပေးဖို့ လိုအပ်ဟုပြောဆိုနေကြပါသည်၊၊ အကယ်၍မထိမ်းသိမ်းပေးပါက ဤအခြေအနေအတိုင်းဆိုလျှင်၊ သာယာဝတီခရိုင်မှ လယ်သမားအ များစုသည်၊ ဤနှစ်အတွက် လယ်ယာလုပ်ကိုင်ရန်ကိုပင် အခြေအနေမဲ့ ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ် ရှိနေပါသည်၊၊

လေးငယ်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views