အင်္ဂလိပ်   |   မွန်   |   ထိုင်း   |   ရာမည ရေဒီယို  | ရာမည ဗွီဒီယို  
       
"Working together for change and lasting peace"
 
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

ထရိုဂျန်မြင်း၊ ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ

ကွန်းအိန်
မေ ၁၉၊ ၂၀၀၉။

 “အောင်ပြီ၊ အောင်ပြီ” “ဒါထရွိုင်းမြို့သားတွေရဲ့ အောင်ပွဲကွ”

အရမ်းပတာ ဆုတ်ခွာထွက်ပြေးသွားသော ရန်သူ၏တပ်များကို ကြည့်ယင်းထရွိုင်းမြို့သားများ အားပါးတရ ကြွေးကျော် လိုက်သော အသံမှာ မိုးမြေသိမ့်သိမ့်ဆူညံသွားသည်။ ရန်သူတပ်မှ ကျန်ရစ်ခဲ့သည့် သစ်သားမြင်းရုပ်တစ်ခုကို မြို့တွင်း
သို့ ဆွဲယူယင်း အကြီးအကျယ် ပျော်ရွှင်နေခဲ့ကြသည်။  ထိုနေ့တစ်နေ့လုံး ထရွိုင်းမြို့သူမြို့သားများ အရက်သေရည်
များ ချောင်းစီးမတတ် အောင်ပွဲခံအပျော်ကြူးခဲ့ကြသည်။ ထိုဥာဥ့်နက်၌ ထရွိုင်းမြို့သားများ အပျော်လွန်၍ အိပ်မော ကျနေချိန်၊ သစ်သားမြင်းရုပ် အံဝှက်အတွင်းမှ ရန်သူများလှို့ဝှက်ဆင်းလာခဲ့သည်။ အပမ်းလွန်နေသော အစောင့်များကို ရှင်းလင်း၍ မြို့ဝင်တံခါးကို ဖွင့်လိုက်သောအခါ ရန်သူများ ထုထည်အလုံးအရင်းနှင့် မြို့တွင်းသို့ လှိမ့်ဝင်လာခဲ့သည်။

“ရန်သူ ရန်သူ” “ရန်သူ ရန်သူ”

အိပ်ပျော်နေရာမှနိုးထလာသော အစောင့်ဝင်များ အလုံးရင်းနှင့် ဝင်လာသောရန်သူကို တွေ့ရ၍ အော်ဟစ်လိုက်သည်။ သို့သော်နောက်ကျသွားချေပြီး၊ ထိုးခုတ်သံ၊ အော်ဟစ်သံတို့ ကမ္ဘာပျက်သည့်အလား အလောင်းချင်းထပ်၍ သွေးစီး ကြောင်းများမှာ စွေးစွေးနီလျှက် မီးတောက် မီးလျှံများကြား၌ ထရွိုင်းမြို့ကြီး ပြာကျသွားခဲ့သည်။ ကဗျာဆရာဟိုးမား၏ အိလိယက် လင်္ကာထဲမှ ထရွိုင်းမြို့၏ ပျက်စီးခန်းဖြစ်သည်။ ရန်သူကိုအထင်သေးမိသော ထရွိုင်းမြို့သားများ၏ သံဝေဂ ရဘွယ်အဖြစ်အပျက်ဖြစ်သည်။ သစ်သားမြင်းရုပ်ကို မရှာဖွေ မစစ်ဆေးမိသော အသေးအဖွဲ အမှားတစ်ခုကြောင့် ထရွိုင်းမြို့ကြီးတခုလုံး ပြာကျသွားခဲ့သော ဖြစ်စဉ်မှာ သမိုင်းတွင် အထင်ကရ အဖြစ်အပျက်တစ်ခု ဖြစ်သည်။

စစ်အာဏာရှင်များအနေနှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးအပြီး စီးပွားရေးလုပ်ခွင့် များ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ပေးခဲ့သည်။ စီပွားရေးလုပ်ခွင့်လုပ်ငန်းများတွင် ယစ်မူးနေအောင် ပြုလုပ်ခဲ့သည်။ မြို့ကြီးပြကြီးတွင် နေထိုင်လာကြသောအခါ ယခင်လုပ်ငန်း တာဝန်ကျရာဒေသသို့ အလာကျဲသွားသည်။ အုပ်ချုပ်ကွပ်ကဲမှုများ လျော့ရဲလာသည်။ ဤကား စစ်အစိုးရမှ ချပေးသော ထရိုဂျန်မြင်းရုပ်ကို ဆွဲယူလာသည်နှင့် မခြား ပေ။ လုံးဝလက်နက်ချရေးတည်းဟူသော စစ်အစိုးရပေါ်လစီနှင့် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးလိုသော ငြိမ်းအဖွဲ့တို့၏ ဆန္ဒမှာဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ တွေ့ဆုံဆွေးနွေးရေးဟူသော မျှော်လင့်ချက်မှာ ရွှေပင်လယ် ကာဆီး၍ နီးနိုင်မည်မထင်တော့ပါ။

တချို့ငြိမ်းအဖွဲ့များအနေနှင့်လည်း ယူတိုးပီးယားအတွေးအမြင်များနှင့် လုံချာလပတ်လည် လိုက်နေသည်ကိုလည်း တွေ့ရသည်။ ဆာသောမတ်မိုး ရေးထားသော ယူတိုးပီးယားဝတ္တုတွင် ဤသို့တွေ့ရသည်။ ယူတိုးပီးယားနိုင်ငံမှ စုပေါင်း အလုပ်လုပ်ပြီး လိုအပ်သလောက်သာ ယူသည်။ ချမ်းသာကြွယ်ဝသည်။ ကျန်းမာရေး ပညာရေးကိစ္စအာလုံး အခမဲ့ပင်။ ပြီးပြည့်စုံသော နိုင်ငံတစ်ခုဖြစ်သည်ဟု ဝတ္တုတွင် ဖော်ပြထားသည်။ ထိုဝတ္တုကိုအကြောင်းပြု၍ ယူတိုးပီးယား လစ်ဇင်ကို စိတ်ကူးယဉ်ဝါဒဟု နိုင်ငံရေးဘန်းစကားတခု ပေါ်ပေါက်ခဲ့သည်။ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို သိမ်းယူထားသော စစ်တပ်ကို မိမိတို့အမျိုးသားရ ပိုင်ခွင့် အခွင့်အရေးတောင်းဆိုခြင်းသည် စိတ်ကူးယဉ်မှုတစ်ခုဟု မဆိုချင်သော်လည်း ဖြစ်နိုင်ချေနည်းပါးသည်ဟု မြင်ပါသည်။

ယ္ခုပစ္စပ္ပုန်အခြေအနေတွင် တချို့လက်နက်ကိုင်အဖွဲ့အစည်းများကို ရွေးကောက်ပွဲဝင်ရန်၊ တချို့အဖွဲ့အစည်းများကို နယ်စပ်စောင့်တပ်အသွင် ပြောင်းရန် စည်းရုံးနေသည်ကို တွေ့ရသည်။ နိုင်ငံရေးအသိနဲပါး၍ စီးပွားရေးအတွက်သာ မြင်သောတချို့ကား မဇ္ဇျိမပဋိပဋာလမ်းစဉ်ကို လိုက်နေကြသည်။ တချို့ကာ မိမိအဖွဲ့၏ ရည်မှန်းချက်ကို အတိမ်းအစောင်း မခံ မားမားမတ်မတ် ရပ်တည်နေကြသည်ကိုလည်း တွေ့ရသည်။ စစ်အစိုးရအနေနှင့်လည်း မုန့်အိုးကင်းကပ်စားသည့် ဗျူဟာအတိုင်း အနားသားများကို တဖြည်းဖြည်းစားပြီးမှ အလယ်သားများကို မုချစားမည်မှာ အသေအချာပင်။ တဖွဲ့ကျဆုံးချင်းသည် မိမိတို့အတိုက်အခံအဖွဲ့များ ခြေ၊ လက်ချောင်းများ ဖဲ့ထုတ်လိုက်သည့်ပမာ ဖြစ်သည်ကို တွေးသင့်သည်။ မိမိတို့တွင် ဆက်စပ်မှုရှိသည်။ အဖွဲ့အစည်း၏အခြေအနေနှင့် အဖွဲ့ကြီးအခြေအနေတို့သည်လည်း အကျိုးအကြောင်းဖြစ်စဉ်အရတခုနှင့် တခုအမှီသဟဲပြုနေရပြီး ဆက်စပ်မှုလည်းရှိနေကြသည်။

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီခေါင်းဆောင်များ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ အနုပညာရှင်များကို ဖမ်းဆီးအရေးယူ ထောင်ဒဏ်ချမှတ်နေခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်ျးားကို လက်နက်ကိုင်ချရန်ဖိအားပေးခြင်း စသည့်လုပ်ရပ်များသည် ဒီမိုကရေစီနိုင်ငံသို့ ဦးတည်မည့်လုပ်ရပ် နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။ ကြားထဲမှ မရှိတာနဲ့ စာယင် ရှိတာပိုကောင်းတယ် ဟူသော လက်ဟောင်း နိုင်ငံရေးသမားများ၏ ပွဲလန့်တုံးဖျာခင်းအယူအဆသည်လည်း စစ်အစိုးရ အကြိုက်တွေ့နေသည်။ လက်ရှိစစ်အစိုးရ၏ လုပ်ရပ်များသည် ဒီမိုကရေစီသို့ ဦးတည်နေသည်ဟု မည်သည့်ပြောင်းလဲမှုကိုတွေ့၍ ပြောဆိုနိုင်သနည်း။

စစ်အစိုးရအနေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတည်းဟူသော ထရိုဂျန်မြင်းကို ထားရစ်ခဲ့ပေပြီး။ မြို့အတွင်းဆွဲယူ၍ ယူတိုးပီးယားအတွေးဖြင့် နှစ်သိမ့်နေတော့မည်လော။ အနာဂတ်နိုင်ငံတော်၏ ကောင်းကျိုးဆိုးကျိုးအားလုံးသည် ယင်းအပေါ်၌သာ တည်မှီနေသည်။ စစ်ကျွန်ဘဝ သက်ဆိုးရှည်စေရန် စစ်အစိုးရအနေနှင့် နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်စစ်ဆင်နေသည်။ စစ်အာဏာရှင်တို့၏ ရေရှည်ပရိယယ်ကို မမြင်ပါက၊ ကြိုတင်ပြင်ဆင်မှုမရှိပါက--

“ရန်သူ၊ ရန်သူ - ရန်သူ”

အဆက်မပြတ်ဝင်ရောက်လာသော ရန်သူကိုတွေ့၍ အော်ဟစ်ခဲ့သော်လည်း နောက်ကျသွားခဲ့ချေပြီး။ သွေးသံရဲရဲ၊ မီးလျှံတဟုန်းဟုန်းနှင့် ထရွိုင်းမြို့၏ ပျက်စီးမှုမြင်ကွင်းကို မြင်ယောင်နေသေးသည်။ အတိတ်၏ ဖြစ်ရပ်များလည်း ပစ္စုပ္ပန်သို့လည်း လာနိုင်သည်ကို သတိချပ်ရန်လိုသည်။ ယ္ခုလည်းရန်သူကတဖြည်းဖြည်းနီးကပ်လာပေပြီး။ ကျွန်ပ်တို့ ဘာလုပ်မည်နည်း။ ဘာလုပ်နိုင်မည်နည်း။ ဘာလုပ်သင့်သနည်း။

ကွန်းအိန်

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၀၉ ခုနှစ် ဆောင်းပါးများ



၂၀၀၉ ခုနှစ် ဆောင်းပါးများ


သမုဒ္ဒရာတွင်ရွက်လွင့်နေကြသူများ

ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ပြန်တိုက်ယူဘို့လိုအပ်တယ်

ရန်ကုန်မြို့ရှိ ကြေးမုံ သတင်းစာတိုက်နှင့် ပြန်မာ့အလင်းသတင်းစာတိုက်တို့မှ လုပ်စားပွဲကြီးများ

မခမ်းသောမျက်ရည်

ကြေးမုံသတင်းစာတိုက်ဝန်ထမ်းများမှ အယ်ဒီတာ့ထံပေးစာ

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး

စံခလပူရီတံတားပေါ်ဝယ်

အပြာရောင်သစ်ခွပွင့်၏အားမာန်

အရိပ်မဲ့သောပန်းကလေးများ

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက

ပျောက်ကွယ်လုလုမွန်ရိုးရာမိချောင်းတူရိယာ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၂)

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့

ညီညွတ်ခြင်းသည် အင်အား

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

“လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်”

ဘုရားသုံးဆူးမြို့ဈေးသည်တစ်ဦးမှ အယ်ဒီထံပေးစာ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာပြည်ထဲရေးဌာန၏အသိပေးချက်

စိတ်မချရသော မွန်ဒေသ

ထိုင်းနိုင်ငံအခြေချ မွန်လူမျိုးများ၏ ပဏာမတာဝန်

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းနှစ်)

လက်နက်ကိုင်အကြမ်းဖက်မှုကိုလုပ်နိုင်တာ စစ်အုပ်စုပဲရှိပါတယ်။

နဝတ၊ နအဖရဲ့တရားဥပဒေဘောင်

ကေအန်ယူတပ်မဟာ(၆)နှင့် နအဖစစ်ရေးဗျူဟာ

ဒီမိုကရေစီ၏မျက်နှာစာများ

စနစ်ဆိုးရဲ့နှစ်ထပ်ကွမ်းသားကောင်များ..(အပိုင်းတစ်)

နအဖ သင်ရိုးညွှန်းတမ်း အန္တရာယ်

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ (ဒုတိယအပိုင်း)

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

ဘာဆက်လုပ်နိုင်မည်နည်း

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား

နအဖ၏၂၀၁၀ ရွေးကောက်ပွဲ ဦးတည်ရာလမ်း

ထမင်းဆီဆမ်း၊ ရုပ်ဝါဒနှင့် ဟမ်ဘာဂါယဉ်ကျေးမှု


၅၁ နှစ်ခရီးနှင့် မွန်တော်လှန်ရေးသမိုင်းဘီးတကြော့ပြန်

နာဂစ်အပြီးတစ်နှစ်အကြာမြန်မာပြည်၏  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ဘန်ကီမွန်းနဲ့မြန်မာတို့အရေး မျှော်လင့်စရာဝေးသထက်ဝေး

ဘယ်သူတွေ နယ်ခြားစောင့်ကြမလဲ


စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ပြဿနာပေါင်းစုံ၏ထွက်ပေါက်


အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့


ထရိုဂျန်မြင်း ယူတိုးပီးယားအတွေးနှင့် ငြိမ်းတို့၏ရှေ့အလားအလာ


အမတော်ကြေး ကျပ်နှစ်ထောင်တိုးပေးခြင်း


ကျောချမ်းစရာ ဖြစ်နေကုန်ကြပြီ


အဖိုးနှင့်မြေးစရိုက်တူသူချင်းမို့


ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရိမ်ကြီးစရာမလို


ခိုင်းနွားများရှား လယ်သမားအခက်တွေ့


ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ


မွန်အမျိုးသားခေါင်းဆောင်
နိုင်အောင်ထွန်း၏ အထုပ္ပတ္တိအကျဉ်း


ပြဿနာပေါင်းစုံ၏ထွက်ပေါက်


“ဂျူးလီးယက်ဆီဇာ၊ ထမင်းကြမ်းခဲနှင့် ကိုယ်ကျိုးအတ္တ"


လက်သည်တရားခံက
ဘယ်သူလဲ


တစ်ခါသေဘူးခဲ့ပြီးပြီ


ကချင်ပြည်နယ်မှ ပေးစာတစ်စောင်


အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့


တောတွင်းဥပဒေ၊
မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ


နိုင်ထင်(ကွယ်လွန်)မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း၏ အထုပ္ပတ္တိအကျဉ်း

နိုင်ရွှေကျင် (ကွယ်လွန်)
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၏ အထုပ္ပတ္တိအကျဉ်း 


မအောင်မြင်သော ကန်ချနဘူရီ-ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ


ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

စင်္ကာပူရောက် မြန်မာများ အကြောင်း သိကောင်းစရာ

မွန်အဖွဲ့အစည်းခေါင်းဆောင်များကို တင်ပြခြင်း


မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလ ကို လေ့လာသော်(၆)  


စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး


Untitled Document
Untitled Document
   Top | Go Back

 
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views